Latest News

Sunday, December 24, 2017

မြိတ်မြို့တွင် လူထုစက်ဘီးစီးပွဲတော်ကို စက်ဘီးအစီးရေ (၁၄၀၀)ခန့်ဖြင့် ပြည်သူများ ပျော်ရွင်စွာ ဆင်နွှဲ

မြိတ်မြို့တွင် လူထုစက်ဘီးစီးပွဲတော်ကို စက်ဘီးအစီးရေ
(၁၄၀၀)ခန့်ဖြင့် ပြည်သူများ ပျော်ရွင်စွာ ဆင်နွှဲ


မြိတ် ဒီဇင်ဘာ ၂၄

 တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ဒီဇင်အားကစားလလူထု လှုပ်ရှားမှုတစ်ရပ်အနေဖြင့် ဒီဇင်ဘာ လ(၂၄)ရက် နံနက်(၆)နာရီတွင်  မြိတ်မြို့ကမ်းနားလမ်း သဲကွင်းရှိ SEA VIEW CONDO အရှေ့ စုရပ်မှ စတင် ကာ လူထုစက်ဘီးစီးပွဲတော်ကို  မြိတ်အပျော်တမ်း စက်ဘီး အသင်း(MABC)နှင့် အားကစားနှင့်ကာယပညာဦးစီး ဌာနတို့ ပူးပေါင်း၍ ကျင်းပခဲ့ရာ  စက်ဘီးအစီးရေ(၁၄၀၀)ခန့်ဖြင့် ပြည်သူများ ပျော်ရွင်စွာ တပျော်တပါး ပါဝင် စီးနင်းခဲ့ကြကြောင်း သိရသည်။
 လူထုစက်ဘီးစီးနင်းပွဲကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးပိုင်ဌေး က အဖွင့်အမှာစကားပြော ကြားပြီး မြိတ်အပျော်တမ်း စက်ဘီး အသင်း(MABC)နာယက ဦးထွန်းထွန်း က လူထုစက်ဘီးစီးပွဲတော်ကျင်းပ ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် လူထုစက်ဘီး စီးပွဲတော်ကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးလင်းကိုကို၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်အေး၊ မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးမြတ်ကိုကို၊ မြိတ်အပျော်တမ်းစက်ဘီးအသင်းဥက္ကဌ ဦးခင်မောင်စိုး က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ခရိုင်အားကစားနင့်ကာယပညာဦးစီးဌာန လက်ထာက်ညွှန်ကြားရေးမှူး ဦးဇော် ဇော်ထွဋ် က တာလွှတ်ပေးခဲ့သည်။

 စက်ဘီးနင်းပွဲတော်ကို ပြည်သူများ၊ ကျောင်းသား/သူများ၊ လူငယ် လူရွယ်များ၊ စက်ဘီးစီး ၀ါသနာရှင် များနှင့်အတူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ စည်ပင်ကော်မတီဥက္ကဌ၊ ဌာန ဆိုင်ရာများ ပါဝင်စီးနင်းခဲ့ကြသည်။ လူထုစက်ဘီးစီးနင်းရာတွင် SEA VIEW CONDO အရှေ့စုရပ်မှစတင်ကာ သတ်မှတ် ထားသည့် လမ်းကြောင်းအတိုင်း မြိတ်-တနင်္သာရီလမ်းမ စန္ဒ၀တ်ကျေးရွာ အေးချမ်းအောင်မြင်ရေသိမ်စေတီ အထိ စီးနင်းခဲ့ကြကာ ရေသိမ် စေတီတော်မှ မြိတ်-တနင်္သာရီလမ်းမကြီးအတိုင်း ပြန်လည် စီးနင်းခဲ့ကြ၍   မြို့မ အားကစားကွင်းအထိ ပျော်ရွင်စွာစီးနင်း ပန်းဝင်ခဲ့ကြသည်။  စက်ဘီးနင်းပွဲပါဝင်ဆင်နွဲသူများအနေဖြင့် စုစုပေါင်း (၁၈)မိုင်ခန့် စီးနင်းခဲ့ကြကြောင်း ကျင်းပရေးကော်မတီမှ သိရသည်။

မြို့အားကစားကွင်းအတွင်းတွင် စက်ဘီးနင်းပွဲ လိုက်ပါစီးနင်းသူများအား အမှတ်တရ သော့ချိန်များ၊ ဦးထုပ်များ၊ လည်ဆွဲများကို ကျင်းပရေးကော်မတီမှ ပေးအပ်ခဲ့ကြပြီး စက်ဘီး(၃)စီးနှင့် စက်ဘီးစီးဦးထုပ်များကို ကံစမ်းမဲဖောက်ပေးခဲ့ကာ တာဝန်ရှိသူများနှင့်  မြိတ်အပျော်တမ်းစက်ဘီးအသင်း(MABC)မှ  ပေးအပ်ချီးမြှင့်ခဲ့ကြ သည်။ မြိတ်အပျော်တမ်းစက်ဘီးအသင်း(MABC)ကို မြိတ်မြို့ရှိ စက်ဘီးစီးဝါသနာရှင်များက ၂၀၁၆ခုနှစ် နိုဝင် ဘာလ(၁၆)ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး  အသင်းအနေဖြင့်  ၂၀၁၆ခုနှစ် ဒီဇင်ဘာလတွင် ပထမအကြိမ် လူထု စက်ဘီးစီးပွဲတော်ကို စက်ဘီးစီးနင်းသူ (၅၀၀)ဦးခန့်ဖြင့် ကျင်းပနိုင်ခဲ့ကြောင်း၊ တစ်နှစ်တာကာလအတွင်း ထိုင်းနိုင်ငံ ရနောင်းမြို့နှင့် ပရာကျွတ်မြို့တို့တွင် ကျင်းပသည့် ချစ်ကြည်ရေးစက်ဘီးစီးပွဲ(၃)ကြိမ် ပါဝင်ဆင်နွဲခဲ့ ကြောင်း မြိတ်အပျော်တမ်းစက်ဘီးအသင်းမှ သိရသည်။
ခိုင်ထူး ( မြိတ် ပြန်/ဆက် )

No comments:

Post a Comment