Latest News

Saturday, December 16, 2017

ငါန်းဇွန်က ရက်ရက်စက်စက်လုယက်လူသတ်မှု


"ညအချိန် ခရီးသွားများ သတိနှင့်သွားလာနိုင်ကြစေရန် ရည်ရွယ်ပါသည်"
14-12-2017 ည ၉ နာရီဝန်းကျင်ခန့် အချိန်တွင်ငါန်းဇွန်မြို့ တမာပင်လေးကျေးရွာမှ ဦးစိုးပိုင်နှင့် ဦး
ကျော်ဝင်း ညီအကို နှစ်ယောက်သည် မန္တလေးမှထွေလာဂျီ ပြင်အပြီး ပြန်လာရာ ငါန်းဇွန် တံတားဦး
ကြားရှိ ကံကြီးကျေးရွာအနီးတွင် ဆိုင်ကယ်နှင့်ဟန်းဖုန်း အား ဆိုင်ကယ်စီး လူ၎ ဦးမှ လုယက်၍
ချွန်ထက်သောအရာဖြင့် အချက်ပေါင်း ၂၀ ကျော်ထိုးသတ်၍ သေပြီ အထင်ဖြင့် ထားခဲ့ပါသည်။

အဆိုပါနှစ် ဦးအား ဝိုင်းပြီး ထိုးသတ်နေကြစဉ်ကားမီးရောင် မြင်လိုက် လူ၎ ဦးက ကွယ်ထားပြီး
ရပ်ပြီး အပေါ့သွားဟန် ဆောင်လိုက်နှင့် စိန်ပြေ နပြေထိုးသတ်ခဲ့ကြပြီး မှ လုယက်ခံရသူ ပါလာသော
ဆိုင်ကယ် CZI (new star 43ယ 91219 နှင့် ဟန်းဖုန်း အပါအဝင် ငွေ ပါမပါ ရှာ၍ ယူငင်သွားကြပြီးမှ
အသက် သေမသေ ခြေဖြင့် ကန်ကျောက် ကြည့်ပြီးသေပြီ ထင်မှ ထွက်ခွါ သွားခဲ့ကြပါသည် ။

လမ်းပေါ် ရှိ သွေးအိုင်ထဲတွင် လဲကျ နေစဉ် မည်သည့်ကားမျှ ရပ်ပြီး အကူအညီ မပေးကြသည်ရှိစဉ်မှာ
ငါန်းဇွန် ကရုဏာ ရှင် လူမှု့ ကူညီရေးအသင်းကားမှ ဦး သီဟနိုင်၊ဦးအောင်ကြီး၊ဦးစိုးလွင်ဦး (ခ) ကိုညို
ဦးရန်လင်းအောင်တို့ မှ ဆင်း၍ အကူအညီပေးခဲ့ကြပြီး တံတားဦး ဆေးရုံ သို့ လိုက်ပို့ ပေးခဲ့ကြပါသည်။
တရားခံများ သည် မြို့သာဖက်သို့ ပြေးသွားကြောင်း သိရ၍ မြို့သာနင့် စက်မှု့ဇုန်မှ ပိတ်ဆို့ ရှာ
ဖွေရာ မြို့သာအဝင် ရာပြည့် စားသောက်ဆိုင်တွင်တရားခံ လေးဦးမှ ရဲများကိုမြင်၍ ထွက်ပြေးရာ
၎င်းတို့ စီးလာသော GTR 125 John ၅၆ ယ၂၃၇၆၃ မှာ ကျန်ရှိခဲ့ပြီး သိမ်းဆည်းခဲ့ပါသည်။

တရားခံများမှာ နွားထိုးဖက် ပြေးသည်ဟု ခန့်မှန်းရပြီး သင်ပန်းကျေးရွာ အနီးမှ စ၍ လိုက်လာပြီး
လူပြတ်လောက်မှ သတ်ကြခြင်းဖြစ်ကြောင်း။
အမှုအမြန်ပေါ် အောင် ကူညီ သတင်းးပေးေ စလိုကြောင်း- -

ဦး​ကျော်​စိုးနိုင်
ငါန်းဇွန်​သတင်းစုံ








No comments:

Post a Comment