Latest News

Friday, December 22, 2017

ဂျပန်က ကာကွယ်ရေးနှင့် လူမှုရေးအသုံးစရိတ်အတွက် ယန်း ၉၇ ဒသမ ၇ ထရီလီယံအသုံးပြုရန်အတည်ပြု

ဂျပန်က ကာကွယ်ရေးနှင့် လူမှုရေးအသုံးစရိတ်အတွက် ယန်း ၉၇ ဒသမ ၇ ထရီလီယံအသုံးပြုရန်အတည်ပြု

တိုကျို ဒီဇင်ဘာ ၂၂

ဂျပန်အစိုးရသည် ၂၀၁၈ ခုနှစ်တွင် ကာကွယ်ရေးနှင့်လူမှုရေး အသုံးစရိတ် အတွက် ယန်း ၉၇ ဒသမ ၇ ထရီလီယံ အသုံးပြုရန် ဒီဇင်ဘာ ၂၂ ရက်တွင် အတည်ပြုလိုက်ပြီ ဖြစ်သည်။

ယခုအတည်ပြုလိုက်သည့် စံချိန်တင်ကာ ကွယ်ရေးနှင့်လူမှုရေး အသုံးစရိတ်ကို ၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်တွင် စတင်အသုံးပြုရန် လျာထားခြင်းဖြစ်ပြီး ယင်းပမာဏအနက် ယန်း ၅ ဒသမ ၁၉ ထရီလီယံကို ကာကွယ် ရေးအတွက် အသုံးပြုသွားမည်ဖြစ်သည်။

ထို့ကြောင့် ဂျပန်နိုင်ငံ၏ ကာကွယ်ရေး အသုံးစရိတ်သည် ယခင်နှစ်ထက် ၁ ဒသမ ၁၇ ရာခိုင်နှုန်း ပိုမိုမြင့်တက်လာမည်ဖြစ်သည်။

အတည်ပြုလိုက်သည့် အသုံးစရိတ်အနက် မှ ငွေကြေးအမြောက်အမြားကို မြောက်ကိုရီးယား၏ နျူကလီးယားနှင့်ဒုံးကျည်အစီအစဉ် ကြောင့် ထွက်ပေါ်လာသည့် စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရာတွင် အစိုးရက အသုံး ပြုသွားမည်ဖြစ်သည်။ ကာကွယ်ရေးတိုးမြှင့် မည့် အစိုးရ၏အစီအစဉ်တွင် မြေပြင်အခြေ စိုက်ဒုံးကျည်ကာကွယ်ရေး စနစ်နှစ်ခု၊ တိုက် လေယာဉ်များတွင် တပ်ဆင်အသုံးပြုမည့် တာဝေးပစ် ဒုံးကျည်များနှင့်ခရုစ်ဒုံးကျည်များ ၀ယ်ယူမည့် အစီအစဉ်လည်း ပါဝင်ကြောင်း သိရသည်။

ထို့ပြင် အစိုးရအနေဖြင့် လူမှုဖူလုံရေး၊ ဆေးဝါးကုသရေး၊ အငြိမ်းစားပင်စင်စသည့် လူမှုရေးကိစ္စရပ်များအတွက် ယခင်နှစ်ထက်
ယန်း ၃၂ ဒသမ ၉ ထရီလီယံတိုးမြှင့်အသုံး ပြုသွားမည်ဖြစ်သည်။

Ref: Sputnik/MWD

No comments:

Post a Comment