Latest News

Wednesday, December 27, 2017

ကုလ အထက်တန်း အရာရှိ ကြီး တဦးရဲ့ ကောက်ကျစ်စွာ တိုက်ခိုက်မှု


ယခုလ လယ်ပိုင်းက ကုလသမဂ္ဂ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုရဲ့ အထူး သံတမန် ဖြစ်သူ ပရာမီလာ ပက်တန် (Pramila Patten) သည် မြန်မာပြည်ကို ရောက်ရှိလာခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ၄၅ မိနစ်ကြာမျှ တွေ့ဆုံ ဆွေးနွေးသွားခဲ့ပါတယ်။
ထိုတွေ့ဆုံမှုနဲ့ ပါတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဌာနတွင်း အစီရင်ခံစာ Internal memo ပေးပို့ အစီရင်ခံခဲ့ပါတယ်။
ထိုအစီရင်ခံစာထဲတွင် ဒေါ်အောင်ဆန်းစုကြည် သူမနှင့် ၄၅ မိနစ်ကြာ ဆွေးနွေးခဲ့သော်လည်း မယ်မယ်ရရ အကြောင်းများ မပါဝင်ပဲ သူမ တင်ပြသည့် စစ်သားများ၊ နယ်ခြားစောင့်ရဲများ နှင့် ရခိုင် ဗုဒ္ဓဘာသာ ပြည်သူ့စစ်များ ကျုးလွန်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ဝေ့လည်ကြောင်ပါတ် သာ ပြောဆိုသွား
ခဲ့ပြီး သူမ၏ အထက်တန်း အရာရှိများနှင့် ဆွေးနွေးခဲ့ရသည်များကို အားရကျေနပ်မှု ရှိကြောင်း ပြောဆိုသွားခဲ့တယ်လို့ ဆိုပါတယ်။

ထိုကဲ့သို့ ရေးသားမှုသည် သူမ၏ ထင်မြင်ချက်မျှသာ ဖြစ်တဲ့ အပြင် ဌာနတွင်း အစီရင်ခံစာမို့ ဘာမှ မဝေ
ဖန်လိုသော်လည်း အဆိုပါ အစီရင်ခံစာအား အင်္ဂလန်ရှိ ဂါဒီယန်း သတင်းစာကြီးကို ပေါက်ကြားစေခဲ့တဲ့ အတွက် နဂိုကမှ မြန်မာပြည်အား အမဲဖျက်ချင်သူများ အကြိုက် ဖြစ်သွားခဲ့ရပါတယ်။ ထို့အတွက် ၎င်းသတင်းစာကြီးမှ သူမရဲ့ Memo ကို ကိုးကားပြီး Aung San Suu Kyi ‘avoided’ discussion of Rohingya rape during UN meeting လို့ စာလုံးမဲကြီးနဲ့ ဖေါ်ထုတ် ရေးသားခဲ့ပါတယ်။
ယင်းသည် မတော်တဆ မဟုတ်ပဲ purported leak သာ ဖြစ်ပါတယ်။

စောင့်စည်းရမည့် သံတမန် ကျင့်ထုံးကို ၀ိနည်းလွတ် ဖေါက်ဖျက်လိုက်ခြင်းသာ ဖြစ်ပါတယ်။
အဆိုပါ အစီရင်ခံစာထဲမှာ တပ်မတော်ရဲ့ အကြမ်းဖက်မှုများအား စုံစမ်းရေး တာဝန်ခံ ဒုတိယ ဗိုလ်ချုပ်ကြီး အေးကို နဲ့ တွေ့ဆုံပြီး မည်သို့ စုံစမ်း ကြောင်း ဆွေးနွေးမေးမြန်းခဲ့တဲ့ အတွက် ၎င်းတို့၏ လုပ်နည်း လုပ်ဟန်များကို သိရှိခဲ့ရကြောင်း၊ စုံစမ်းမေးမြန်းဖို့ ခေါ်ထားတဲ့ အရပ်သားများအား ယူနီဖေါင်းဝတ် တပ်မတော် အရာရှိများက မေးမြန်းကြပြီး တခါတရံ ကင်မရာနှင့်ပင် မှတ်တမ်းတင်ထားကြောင်း၊ ကျေနပ်မှု ရှိပါက ပေးရန် လက်ဆောင်ပစ္စည်းများလည်း အဆင်သင့်ထားရှိထားတယ်လို့ ဆိုပါတယ်။

ထို့အတွက် တွေ့ဆုံမေးမြန်းမှုပေါင်း ၈၀၀ ကျော် ပြုလုပ်ခဲ့ရာမှာ တဦးတလေကမှ အကြမ်းဖက်ခံရတယ်လို့ ပြောဆိုမှု မရှိတာ အံသြစရာ မဟုတ်လို့လည်း ရေးသားထားပါတယ်။
အသို့ဆိုက ၎င်းတို့ တဖက်နိုင်ငံတွင် မေးမြန်း မှတ်တမ်းတင်ခဲ့မှုကကော အဘယ်သို့များ ခြားနားနေရသ
နည်း။ လူမျိုးစု အကြီးအကဲများက ရွေးချယ်ခေါ်လာကြသူများကို မေးမြန်းကြခြင်းပင် မဟုတ်ပါလား၊
မုသားဖေါ်စက်ကော ထည့်သွင်း အသုံးပြုကြလေသလား လို့ မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ရပါတယ်။

မည်သို့ပင် ဖြစ်စေ အခုလို ပေါက်ကြားစေလိုက်ခြင်းသည် ကုလသမဂ္ဂ အရာရှိကြီး တယောက်အနေဖြင့် မလုပ်သင့် မလုပ်ထိုက်သည်ကို ပြုမူခြင်း ဖြစ်ပြီး နိုင်ငံငယ်တခုအား အညိုးအတေးကြီးစွာဖြင့် ပြုမူနေကြခြင်းဆိုတာ ထင်ရှားလှပါတယ်။
၎င်းတို့အဖို့ မြန်မာနိုင်ငံကို လာရောက်ခြင်းသည် စိတ်ရင်းကောင်းဖြင့် လာရောက်ခြင်း မဟုတ်ပဲ မသင်္ကာစရာ ကောင်းတဲ့ အိမ် ကို ၀င်ရှာတဲ့ ပုံစံမျိုး နဲ့ ရောက်လာကြခြင်းမျိုးသာ ဖြစ်တဲ့ အတွက် ၎င်းတို့အား အချိန်ကုန်ခံ တွေ့ဆုံရခြင်းသည်သာ အဖတ်တင်ကျန်ခဲ့တာ များပါတယ်။
လှစိုးဝေ

No comments:

Post a Comment