Latest News

Thursday, December 14, 2017

ဝေဖန်မှုတွေကြောင့် ပြန်လည်ပြင်ဆင်ရေးဆွဲမယ့် ပန်းချီကား


တကယ်တော့ ဒီ ၁၂ လရာသီ လိုက်ကာ ပန်းချီကား ကလေးက အမေစုရဲ့ စိတ်ကူးပါ၊ အဲဒီလိုက်ကာမှာ အပေါ်ဆုံးက ရာသီခွင်၊ အလယ်က အဲဒီရာသီမှာ ပွင့်တဲ့ပန်း နဲ့ အောက်ဆုံးကတော့ ပွဲတော် ကို ပန်းချီ
အဖြစ်ထည့်သွင်းပြီး မြန်မာပြည်ရဲ့ အမှတ်တရ လေးတစ်ခုအဖြစ် ဖန်တီးရင်ကောင်းမယ်လို့ ပြောခဲ့တာကို ကျွန်တော်က အကောင် အထည် ဖေါ်ရတာပါ၊ ပထမ ဆုံး အမေပြောတာက သူရွေးထားတဲ့ artist ၃ယောက်ကို တစ်ယောက်ဆီကို အစိတ်အပိုင်းတစ်ခုဆီ ဆွဲခိုင်းပြီး ပြန်ဆက်ဖို့ အမေက အကြံပေးပေမဲ့ ကျွန်တော် က artist ၃ ယောက်ရဲ့ လက်ရာကို ပြန်ပေါင်းရင် ဟာမိုနီ မဖြစ်မှာ စိုးလို့ artist Zawzaw Aung တစ်ယောက်ကိုဘဲရွေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်၊ ဆုံးဖြတ်ပြီးတော့ အမှန်အတိုင်းပြောရင် အရာအားလုံးက artist က သူစိတ်ကြိုက်ဖန်းတီး တာပါ၊ အချိန် တစ်နှစ်လောက် ကြာမယ် သူပြောခဲ့ပါတယ်၊ တကယ်လည်းသူ ကြိုးစားပန်းစား နေ့ မအိပ့် ညမအိပ် ဖန်းတီးခဲ့တာပါ၊ လိုက်ကာရဲ့ အပေါ်ဆုံးအပိုင်း မှာ ရာသီခွင် အပြင် နတ်ခတ်ကိုပါသူ့စိတ်ကူး ကိုထည့်သွင်းပြီးဖန်တီးခဲ့တာပါ၊ ဥပမာ - သိလ် ရာသီ သရဝဏ် နက္ခတ် ကို သိလ် နဲ့ သရဝဏ်ကို လှအောင် ထပ်ရေးပြီး အဲ့ဒီနက္ခတ်မှာ ရှိတဲ့ အရုပ်တွေ နဲ့ ကြယ်အနေအထားတွေကို ပုံဖေါ်ထားပါတယ်၊
အလယ်မှာတော့ သူ့ရာသီ မှာ ပွင့်တဲ့ ပန်းတွေကို အဆက်အစပ်ရှိအောင် အရောင် လိုက်ဖက်အောင်ရွေးချယ်ပြီး ရေးဆွဲပါတယ်၊ နောက်ခံ အရောင်ကို အဲဒီရာသီမှာ တွေ့ရတက်တဲ့ အရောင်တွေနဲ့ ပန်းချီကားတစ်ခု နဲ့ တစ်ခုကို ဆက်ထားပါတယ်၊ဥပမာ နွေရာသီ နောက်ခံကို အဝါရောင် ထည့်ထားပြီး ဆောင်းရာသီ ကို ပြောင်းတဲ့ အခါ ခပ်မှိုင်းမှိုင်း အရောင်ကို တဖြည်းဖြည်းကူးပြောင်းထားတာ စိတ်ဝင်စားစရာပါ၊ ပြီးတော့
ပန်းတွေကြားမှာ သူ့ရာသီမှာ တွေ့ ရတက်တဲ့ သတ္တဝါလေးတွေကို ထည့်သွင်းထားတာ အကောင်ပေါင်း ၁၄၅ ကောင်ရှိပါတယ်၊

အောက်ဘက်မှာတော့ ပွဲတော်တွေကို သရုပ်ဖေါ်ရာမှာတော့ နံရံဆေးရေး ပန်းချီပုံစံ နဲ့ သရုပ်ဖေါ်ထားပေမဲ့ ခောတ်တစ်ခောတ်ရဲ့ ပုံစံ နံရံဆေးရေး ပန်းချီ ပုံစံမဟုတ်ဘဲ ခောတ် အားလုံးကို ရောမွှေပြီး သူ့ပုံစံ ပြန်လုပ်ထားတဲ့အတွက် ပုဂံခောတ်လား အင်ဝခောတ်လား ကုန်းဘောင်ခောတ်လားမပြောနိုင် အောင် သူ့စတိုင် နဲ့ ပြန်လည် သရုပ်ဖေါ်ထားပါတယ်၊ လိုက်ကာ ဖရိန်တွေက အစ သူ့စိတ်ကြိုက် ပန်းပုဆရာ ဆီမှာသူကိုယ်တိုင်အပ်ပြီး ဖန်းတီးထားပါတယ်၊ လိုက်ကာဘောင်ရဲ့ အရောင်က အစ သူကိုယ်တိုင် ရွေးချယ်ခဲ့တာပါ၊
ပန်းချီကား အားလုံးကို ဆီဆေး နဲ့ရေးဆွဲခဲ့ပြီး ၊ artist က ဥာဏ်ပူဇော်ခ အဖြစ် လုံးဝမယူခဲ့ပါဘူး၊ ဘယ်လိုပေးပေး မရခဲ့ပါဘူး၊ နောက်ဆုံး ဒီအတွက် အဖိုးအခ ယူပြီး ကျွန်တော့အတွက် အဲ့ဒီပုံစံ မျိုးနောက်တစ်ခု ဖန်တီးပေးပါလို့ ပြောတာတောင်၊ ဒါမျိုးသူနောက်တစ်ခု မလုပ်ခြင်တော့ဘူး မလုပ်လည်း မလုပ်နိုင်တော့ဘူးလို့ ငြင်းပါတယ်၊

အမေစုဒီလိုက်ကာ ပန်းချီကားကို ဒီနေ့ တွေ့တဲ့ အချိန်မှာ သူအရမ်းကို ဝမ်းသာအံသြပြီး အရမ်းကြိုက်တယ်လို့ ဟန်မဆောင်ဘဲ ပြောပါတယ်၊ သူပျော်တာကို ကြည့်ပြီး ကျွန်တော်လည်းပျော်ပါတယ်၊ artist က တော့ ဒီနေ့ မန္တလေး ရောက်နေလို့ သူမလာ ခဲ့နိုင်ပါဘူး၊ သူရှိရင်လည်း သူလည်းကျွန်တော်လို့ အမေ့ကို ကြည့်ပြီး ပျော်မှာပါ၊ ဒီနေ့လည် အမေလာမယ်ဆိုတာ နာရီပိုင်းအတွင်းမှာ ကပ်ပြီး သိခဲ့တာပါ၊ ဘာမှ စီစဉ်ချိန်မရှိခဲ့ပါဘူး၊ ဒီလိုက်ကာပန်းချီက ပြီးခဲ့တဲ့ အပတ်လောက်က မှပြီးခဲ့တာပါ၊ ပြီးကြောင်းဘဲ အမေ့ကို သတင်းပို့ခဲ့တာပါ၊ ဒီလို ရုတ်တရက် လာကြည့်လိမ့် မယ်လို့ ထင်မထားပါဘူး၊

အမှန်အတိုင်း ပြောရင် ကျွန်တော်လည်း အဲ့ဒီလိုက်ကာ ပန်းချီကို သိပ်ကြိုက်တယ်၊ အမေ မဟုတ်ဘဲ တခြားသူဆိုရင်တော့ ကျွန်တော် မပေးခြင်ဘူးဗျ၊ ဒါပေမဲ့ ကျွန်တော်လိုကောင်က တိုင်းပြည်ကောင်းအောင် လုပ်ပေးနိုင်တဲ့ အစွမ်းအစ ဘာမှမရှိတော့၊ အမေစုလို တိုင်းပြည်အတွက် အရာရာကို စွန့်လွတ်ထားသူတစ်ယောက် က ဒီလိုက်ကာလေးကို ကြည့်ပြီး အနည်းငယ်မျှ သူစိတ်ကို ကြည်နှုးစေတယ်ဆိုရင်ဘဲ ကျွန်တော် ကျေနပ်ပါတယ်၊ ကျွန်တော်လုပ်ပေးနိုင်တာက ဒါဘဲရှိတယ်လေ၊ ဒါပေမဲ့ ဒီလိုက်ကာ ပန်းချီလေးက အမေစုမရှိတော့တဲ့ အချိန် ကျွန်တော်လည်း မရှိတော့တဲ့ အချိန် ရောက်ရင် တိုင်ပြည်ရဲ့ ရတနာ တစ်ခု အဖြစ် ကျန်ခဲ့မယ်ဆိုတာကိုတော့ ကျွန်တော် ယုံကြည်တယ်လေ။
....................

အားလုံးကို ပထမ ဦးဆုံးအနေ နဲ့ ပြောခြင်တာက Messenger ကတစ်ဆင့် လာပြီး အားပေးစကားပြောကြားသူတွေကိုပါ၊ ကျွန်တော်လည်း ပထမပိုင်းတော့ တစ်ဦးဆီကို ကျေးဇူးတင်ကြောင်း ပြန်ပေး ခြင်ပေမဲ့ Message တွေက အရမ်းများတော့ ဘယ်လို့မှ ပြန်လို့ မရလိုပါ၊ တစ်ချို့ အားပေးစကားတွေ ဆိုရင် ကျွန်တော် မျက်ရည်တောင် လည်ရပါတယ်၊ လာဆဲတာတော့ ၂ယောက်ဘဲရှိပါတယ်၊ ဒါပေမဲ့ ဒါလည်း ခွင့်လွှတ်ပါတယ်၊ Ma Khin Hnin Kyi Thar ရေးထာသလိုပေါ့ ကိုယ်က အရင်ဘဝ က သူများကို ဘယ်လောက်တောင် ဆဲထားသလည်းမှမသိတာ ဒီဘဝ မှာ ဝတ်ကြွေးတွေ ပြန်ဆပ်နေရတယ် သဘောထားပြီး ပျော်ပျော်ကြီး လက်ခံရမှာပေါ့ဗျာ၊ လာပြီးအားပေးစကားပြောတဲ့သူတွေ၊ အကြံပေးကြသူတွေ အားလုံးကို လည်းကျေးဇူး အထူးတင်ကြောင်းပြောပါရစေ၊ ပြီးတော့ ပိုပြီး အံသြ မိတာက အဲဒီလို လာပြောသူ အားလုံးက ကျွန်တော့ friends တွေ followers တွေမဟုတ်လို့ပါ၊ ဒါကြောင့် အားလုံးကို ပိုပြီးကျေးဇူးတင်ပါတယ်၊နောက်တစ်ခု မေတ္တာ ရပ်ခံခြင်တာက ကျွန်တော်မိတ်ဆွေအားလုံးကို အခုလိုဝေဖန်ကြ အပြစ်ပြောကြတဲ့သူတွေကို အပြစ်မမြင်ပေးဘဲ အားလုံး ကောင်းဖို့ပြောလာတာလို့ နားလည်ပြီး ခွင့် လွှတ်ပေးဖို့ မေတ္တာ ရပ်ခံခြင်ပါတယ်
နောက်တစ်ခုက မနက်က ကျွန်တော် post ကို ပြင်ပေးပါ့မယ်လို့ တင်နေတုန်းမှာဘဲ အမေဆီက အဆက်အသွယ်ရပါတယ်၊ သူကတော့ ပြည်သူတွေ ပြောတဲ့စကား နဲ့ ဆရာတော်ကြီးတွေ ဆုံးမတာတွေကို အလေးအနက်ထားဖို့ ပြောပြီး ပန်းချီကားတွေထဲက ဘုရားပုံပါတာတွေ ပြန်ပြောင်းဆွဲရင်ဆွဲ ဒါမှမဟုတ် အားလုံးကို ပန်းချီကားတစ်ခုဆီ ပြန်ပြောင်းပေးပြီး သူအဆင်ပြေသလို ချိတ်ခြင်တယ်လို့ အကြံ ပြုလာတော့ အမေကို ဘုရားပုံတော်ပါတဲ့ကားတွေကို အသစ်ပြန်ပြောင်းဆွဲပေးပါမယ်လို့ ကတိပေးလိုက်ပါတယ်၊
တစ်ခါ artist ဆီကို အကြောင်ကြားဖို့ ပြင်ဆင်ရပါတယ်၊ အဲဒီ အချိန်မှာ artist အတွက်လည်း စဉ်းစားရပါတယ်၊ သူအကြောင်း ကျွန်တော် အသိဆုံးပါ၊ သူက depression ရှိလို့ ဆေးသောက်နေရ သူဆိုတော့ အများက အဲဒီလို ဝေဖန်တဲ့အခါ သူစိတ်ထိခိုက်ပြီး တစ်ခုခု ဖြစ်မှာကို စိုးရိမ်လို့ပါ၊ နေ့လည်ကျတော့ အဆက်အသွယ်ရပါတယ်၊ သူကလည်း ဘာမှ မဖြစ်ပါဘူး အေးအေး ဆေးဆေးပါ၊ သူလည်း ဘာသာရေးကို စော်ကားတဲ့ စိတ် စိုးစဉ်မျှ မရှိ ဘဲ ဆွဲထားတာ ဖြစ်လို့ သူဘာသာ စိတ်လုံတယ်လို ပြောပါတယ်၊ ဒါပေမဲ့ အမေ ဆန္ဒ ကျွန်တော့ ဆန္ဒ အတိုင်း ပြန်ပြင်ဆွဲ ဆို ဆွဲ ဖို့ သူနဲ့ ညှိ လိုက်တော့ အဆင်ပြေပါတယ်၊ ဘုရား နဲ့ သံဃာ တွေ ပါတဲ့ ၉ ပုံနေရာ မှာ မပါအောင် အသစ်ပြန်ဆွဲပြီး ပြန်ထည့်ဖို့ ဆုံးဖြတ် လိုက်ကြ ပါတယ် အမေကို တော့ နောက်ထပ် ၃ - ၄ လ လောက် ကြာမှာ အပ်ဖို့ စီစဉ်ရပါတယ်၊
နောက်ပြီး ပုံတွေကို ပြန် နေရာပြောင်းဖို့ အကြံပြုသူတွေ အတွက်တော့ ရှင်းပြပါရစေ၊ ဒီလိုက်ကာ ပန်းချီကား က ဓါတ်ပုံထဲမှာထက်အပြင်မှာ ကြည့်ရတာက တော်တော်လေးကို ကွာပါတယ်၊ အပြင်မှာကြည့်ရင် ဒီထက်အရမ်းကောင်းပြီး ကြည့်ရှုသူကို တော်တော်လေး ဆွဲဆောင်ထားပါတယ်၊ ပြီးတော့ ဒီပန်းချီကားကို ကြည့်ဖို့ က အကွာအဝေး တစ်ခု လိုပါတယ် အနည်းဆုံး ၁၀ ပေ ၁၂ ပေ မကွာအဝေး လောက် ပုံထဲက အမေစု ကြည့်သလို ကြည့် မှ အဆင်ပြေမှာပါ၊ အဲဒီလို အကွာအဝေးက ကြည့်တယ်အခါ ပန်းချီကား ၃ ကား အထက်အောက် မှာ အောက်က ကားက ပွဲတော်က မြင်ကွင်းအရှေ့ မှာ အရင်လာပြီး အလယ်က အဲဒီလမှာ ပွင့်တဲ့ ပန်းခင်းက အနီးအဝေး ထည့်ဆွဲထားတော့ ပန်းခင်းက တဖြည်းဖြည်း ဝေးသွားပြီး ပန်းခင်းရဲ့ အဆုံးမှာ မိုးကုတ်စက် ဝိုင်းအဖြစ် အဆုံးသတ်ပြီး အပေါ်ဆုံးကားက ပန်းချီကားက ကောင်းကင်ကိုဆွဲခေါ်သွားပါတယ်၊ အဲဒီမှ အဲဒီလ ရဲ့ ကြယ်တာရာ ရှိပါတယ်၊ ကြယ်ကြီးဘဲရေးရင် မပြီပြင်မှာ စိုးရိမ်လို့ အဲဒီလရဲ့ ရာသီခွင် နဲ့ နက္ခတ်ကို စေတနာပါပါ နဲ့ artist ကထည့်ပေးထားပါတယ် ခုခောတ်လူငယ်တွေ မပြောနဲ့ ကျွန်တော်တို့တောင် ရာသီခွင်တွေ နက္ခတ်တွေကို သေသေ ခြာခြာ မသိတော့လောက်အောင် မြန်မာမှု့တွေက ပျောက်ကွယ်နေတာပါ၊ ပြီးတော့ လည်းတစ်ခုခြင်း ဆီမှာ အပေါ် နဲ့ အောက်က အဆက် အစပ် မရှိတဲ့ subject နဲ့ ရေးဟန်ကို အလယ်က ပန်းချီကားက ပေါင်းစပ်ပေးထားရတာပါ၊ ပြီတော့ အလယ်က ပန်းချီကားတွေက ဘဲ တစ်ခါ ရှေ့က ပန်းချီကား နဲ့ နောက်က ကားတွေကို ပြန် ပြီး ပေါင်းစပ်ထားပေးရပါတယ်၊ ပန်းချီကားတစ်ချပ်ဆီကို ဘဲ ရွေးကြည့်ရင် သာမာန်ပန်းချီကားတစ်ချပ်လိုဖြစ်နေပြီး အားလုံးကို ပေါင်းစပ်လိုက် မှ ဂျစ်ဆော တစ်ခုကို ဆက်လိုက်သလို ပိုပြီး ပြီပြင်လာတာကို တွေ့ရမှာပါ၊ ပြီးတော့ လတွေကို ရှေနောက် လိုသလိုပြောင်းလို့ ရအောင် ပန်းခင်း အနားသတ်နဲ့ ကောင်းကင် အရောင်ကို ပညာသားပါပါ ချိတ်ဆက်ထားတော့ အဲဒီ လိုက်ကာ ပန်းချီကားကို တန်ခူးကမစဘဲ တန်ဆောင်မုန်းကစ ပြီးစဉ်လည်းရပါတယ်၊ ဒါကြောင့် အားလုံးကို တွဲလို့ရအောင် ချိတ်ဆက်လို့ ရအောင် ဖန်တီးထားတဲ့ ပန်းခင်းက ဘယ်လို မှ နေရာရွေ့ လိုအဆင်မပြေပါ၊ တစ်ခါ ကြယ်တာရာ နက္ခတ်တွေက လည်း ကောင်းကင် မှရှိမှ အဆင်ပြေမှာ မို့ ပွဲတော်တွေကို အောက်မှာ ထား မှ ဟာမိုနီဖြစ်မှာပါ၊ ဒါကြောင့် နေရာ မရွှေ့တော့ဘဲ ပွဲတော်တွေကို ဘုရားပုံ မပါအောင် ပြန်ပြင်ဆွဲတာကဘဲ အကောင်းဆုံးလို့ ဆုံးဖြတ်ရတာပါ၊
ပြီးတော့ ဒီပန်းချီကားမှာ ပန်းချီဆရာက သူရဲ့ စုတ်ချက်တွေကို အလယ်က ကားမှာ အားသွန်ခွန်စိုက်ထည့်ထားတာပါ၊ ပန်းချီကားတစ်ခုထဲမှာ ဘဲ မတူတဲ့ စုတ်ချက်တွေကို မျိုးစုံအောင် ထည့်ထားတာပါ၊ ဟိုနေ့က ဆရာ မိုးညို Moe Nyo လာပြီး ထောက်ပြမှ ကျွန်တော်ဆို သိနိုင်တာ တစ်ချို့ရေးချက်တွေက သူတို ပညာရှင် အခြင်းခြင်းတောင် အရမ်းလေးစားရပါတယ်တဲ့ ဥပမာ ကောင်းကင်အပြာမှ နေရောင် အဝါကို ထည့်ရင် ဆီဆေးဖြစ်ဖြစ် ရေဆေးဖြစ်ဆွဲ လိုက်ရင် ၂ခု ရောပြီး အစိမ်းဖြစ်လို ဆွဲရခက်တာကို သူက အရောင်မကူးအောင် စုတ်ကိုအပြာနောက်ခံမှာ အဝါကို points လေးတွေ ချိန်ပြီး တို့ သွားတာ စိတ်ရှည်လက်ရှည်ဆွဲနိုင်တာကို ချီးကျူးသွားခဲ့ပါတယ်၊
ဘာဘဲ ဖြစ်ဖြစ် ပွဲတော်တွေထဲ မှာ ဘုရားပုံနဲ့ သံဃာ ပုံတွေ ပါတာဖယ်ပြီး ကျန်တဲ့ ၉ပုံ ကို အသစ်ဆွဲပြီး ပြန်ထည့်ရင် မူရင်းအရသာ မပျောက်လို့ အားလုံးကျေနပ်နိုင်လိမ့်မယ်လို့ထင်ပါတယ်၊ အဲဒီဖယ်လိုက်တဲ့ ၉ ပုံကိုတော့ ကြီးမားသော အမှား တစ်ခု အတွက် ပေးဆပ် လိုက်ခြင်း အမှတ်တရ အဖြစ် Secret Garden မှာ သိမ်းထားမှာပါ၊
ခုတော့ အမေ့ ကို ပန်းချီကားအပ်ဖို့ ရက် ရွှေထားလိုက်ပါတယ်၊ မူလက အားလုံးပြီရင် ခရီးအေးအေးဆေးဆေးထွက်ဖို့ စီစဉ်ထားတော့ ဘာဘဲဖြစ်ဖြစ် ခရီ ခဏ ထွက်လိုက်ပါအုံးမယ်၊ ပြန်လာမှ ၁၂ လရာသီပွဲတော် ၉ပုံ အတွက် artist နဲ့ အတူ ပြန်စဉ်စားတော့မယ်၊ ပြန်လာရင် ကျွန်တော့ Secret Garden က မိတ်ဆွေတွေ သဘောကျမဲ့ ပန်းချီကားလေးတစ်ခုတင်ပေးပါ့မယ်လို့ ကတိပေးရင်း အားလုံးကို ကျေးဇူးအထူးတင်ပါတယ်ခင်ဗျ။
သက်စိုး
https://www.facebook.com/thet.soe.5872/posts/908773542622559









































No comments:

Post a Comment