Latest News

Thursday, December 14, 2017

ချောင်းသာကမ်းခြေ၊ ကျောက်မောင်နှမစေတီအနီးရှိ ကျောက်မောင်နှမဆင်စခန်းဖွင့်လှစ်

ချောင်းသာကမ်းခြေ၊ ကျောက်မောင်နှမစေတီအနီးရှိ
ကျောက်မောင်နှမဆင်စခန်းဖွင့်လှစ်

ပုသိမ် ဒီဇင်ဘာ ၁၄

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊မြန်မာ့သစ်လုပ်ငန်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်သစ်ထုတ်ရေးဒေသနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်တို့မှ အကျိုးတူပူးပေါင်းဆောင်ရွက်ပြီး၊ ချောင်းသာ-ရွှေသောင်ယံကားလမ်းပေါ်တွင် ကျောက်မောင်နှမဆင်စခန်းကိုယခုနှစ် (၁.၁၁.၂၀၁၇)ရက်နေ့မှ စတင်ဖွင့်လှစ်ထားရှိကာကမ်းခြေနှင့် ဘုရားဖူးလာခရီးသွားဧည့်သည်များဝင်ရောက်လေ့လာနိုင်ပြီဖြစ်ကြောင်းသတင်းရရှိပါသည်။

အဆိုပါကျောက်မောင်နှမဆင်စခန်းသည် CoralChaungtha Beach Hotelနှင့်တစ်ဆက်တည်းဖြစ်သောတောင်ကုန်းပေါ်တွင်တည်ရှိပြီး၊ ထိုဆင်စခန်းကိုဦးမောင်မောင်စိုးမှပိုင်ဆိုင်ပြီး ၂၀၁၇
ခုနှစ်တွင် စတင်တည်ထောင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း၊ ဆင်စခန်းတွင် ဌာနပိုင်ဆင်(၃)ကောင်နှင့် ပုဂ္ဂလိကဆင်(၄)ကောင်၊ စုစုပေါင်း (၇)ကောင်ဖြင့်ဆင်များ၏ သဘာဝကိုလေ့လာကြည့်ရှုနိုင်ခြင်း၊ ဆင်များ၏လိမ္မာယဉ်ကျေးသည့်သရုပ်ပြဖျော်ဖြေမှုများအားကြည့်ရှုနိုင်ခြင်း၊ ဆင်များအားအစာကျွေးနိုင်ခြင်း၊ ဆင်များနှင့်အတူဓါတ်ပုံ၊ ဗီဒီယိုအမှတ်တရရိုက်ကူးနိုင်ခြင်း၊ ဆင်စီး၍တောတောင်
ရေမြေသဘာဝနှင့် ကျောက်မောင်နှမဆင်စခန်းဖွဲ့စည်းထားမှုအခြေအနေနှင့် ကမ်းခြေအလှကိုလေ့လာနိုင်ခြင်း၊ ခရီးတိုခရီးရှည်ဆင်စီးနိုင်ခြင်း၊ ဆင်အကြောင်းဗဟုသုတရဖွယ်မှတ်တမ်းများလေ့လာနိုင်ခြင်းတို့ကိုနေ့စဉ်နံနက် (၈:၀၀) နာရီမှ ညနေ (၅:၀၀) နာရီအထိဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြပြီဖြစ်ကြောင်းဆင်နှင့်ဧည့်သည်တော်များဘေးအန္တရာယ်မရှိစေရေးစီစဉ်ထားရှိပါကြောင်းဆင်စခန်း
ပိုင်ရှင် ဦးမောင်မောင်စိုးမှ ပြောကြားသည်။

ကျောက်မောင်နှမဆင်စခန်းသည် ချောင်းသာမှ ရွှေသောင်ယံမြို့အသွားကားလမ်းဘေးလက်ဝဲဘက်တွင်တည်ရှိပြီးချောင်းသာကမ်းခြေမှ (၅)မိနစ်ခန့်မောင်းနှင်လာရုံဖြင့် လွယ်လင့်တကူရောက်ရှိ
လေ့လာနိုင်မည်ဖြစ်ပါသည်။ အားသာချက်အနေဖြင့် ကျောက်မောင်နှမကမ်းခြေနှင့် ကျောက်မောင်နှမစေတီသို့ ဘုရားဖူးလာရောက်ရုံဖြင့်သော်လည်းကောင်း၊ ပင်လယ်၏အရသာနှင့် နေဝင်ဆည်းဆာ၏
အလှအပကိုအပြည့်အဝခံစားရရှိနိုင်ပြီးနွေးထွေးပျူငှာသည့်ဝန်ဆောင်မှုများကိုပေးလျှက်ရှိသောCoralChaungtha Beach Hotel ရှိ  Sea View ဘန်ဂလိုများတွင် လာရာက်တည်းခိုအပန်းဖြေရင်း
နှင့်တဆက်တည်းဝင်ရောက်လေ့လာနိုင်ခြင်းကြောင့် သီးခြားအချိန်အကြာကြီးပေးရခြင်းမျိုးမဖြစ်စေဘဲအပန်းဖြေနိုင်ကြောင်းသိရှိရပါသည်။

 ကျောက်မော်နှမဆင်စခန်းသို့လာရောက်သည့် ပြည်တွင်း။ပြည်ပဧည့်သည်များအနေဖြင့်ဆင်များ၏သဘာဝနှင့်ဆင်စခန်းသို့လာရောက်လေ့လာလိုပါကနေ့စဉ်ဖွင့်လှစ်ထားရှိပြီးဝင်ကြေးပြည်တွင်းနိုင်ငံသားများတွက်( ၁၀၀၀/-)ကျပ်နှင့် နိုင်ငံခြားသားခရီးသွားများအတွက်(  5 USD )    ပေးဆောင်ပြီးဝင်ရောက်လေ့လာနိုင်ပါကြောင်းနှင့် ကြိုတင်ဆက်သွယ်လိုပါကဆင်စခန်းပိုင်ရှင်  ဦးမောင်မောင်စိုး၊  ဖုန်းနံပါတ် ၀၉ - ၂၅၂၀၀၀၂၉၉  နှင့်  ၀၉ - ၉၆၉၁၇၇၄၁၄ တို့ထံဆက်သွယ်စီစဉ်နိုင်ပါကြောင်းသိရှိရပါသည်။ သင်၏စိတ်အပန်းဖြေလာရောက်လည်ပတ်ခြင်းသည်မြန်မာ့ဆင်များရေရှည်ထိန်းသိမ်းကာကွယ်ရေးအတွက် အထောက်အကူဖြစ်စေပါသည်။

မောင်မောင်မြင့် ( ပုသိမ်ခရိုင်ပြန်။ဆက်)

No comments:

Post a Comment