Latest News

Thursday, December 21, 2017

ကေပေါ့ပ်ကြယ်ပွင့် တို့ ငိုကြတဲ့ နေ့

ကေပေါ့ပ်ကြယ်ပွင့် တို့ ငိုကြတဲ့ နေ့


ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ ရက်မှာ ကွယ်လွန်သွားခဲ့တဲ့ ''SHINee''အဖွဲ့ဝင် ဂျွန်ဟွန်းရဲ့ အသုဘအခမ်းအနားကို ကျင်းပခဲ့ရာ မှာတော့ အက်စ်အမ်အန်တာတိန်းမန့်လက်အောက်မှာ လှုပ်ရှားနေကြတဲ့ အနုပညာရှင်တွေအားလုံးတက်ရောက်ခဲ့ ကာ ဝမ်းနည်းစွာငိုကြွေးခဲ့ကြတာကို စိတ်မကောင်းဖွယ် တွေ့မြင်ခဲ့ရပါတယ်။

ဂျွန်ဟွန်းရဲ့ အသုဘအခမ်းအနားကိုတော့ ဒီဇင်ဘာ ၂၁ ရက် နံနက် ၉ နာရီ(ဒေသစံတော်ချိန်)မှာ ကျင်းပခဲ့တာ ဖြစ်ပြီး အသုဘအခမ်းအနားကိုတော့ ''SHINee''ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ မင်ဟိုနဲ့ ဂျွန်ဟွန်းရဲ့ ညီမဖြစ်သူတို့က ဦးဆောင်ခဲ့တာကို တွေ့ရပါတယ်။ ဂျွန်ဟွန်းရဲ့ အလောင်းထည့်ထားတဲ့ အခေါင်းကိုတော့ ''SHINee'' ရဲ့ အခြားသော အဖွဲ့ဝင်တွေဖြစ်ကြတဲ့ အိုနယူး၊ ကီး၊ တေးမင်နဲ့အတူ ''Super Junior''တေးဂီတအဖွဲ့ရဲ့ အဖွဲ့ဝင်တွေဖြစ်ကြတဲ့ လီတက်ခ်၊ ဒေါင်ဟီးနဲ့ အွန်းဟွတ်ခ်တို့က သယ်ဆောင်ခဲ့တာကိုလည်း တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ ရက်မှာတော့ ဆိုးလ်အာရှဆေးရုံမှာ အက်စ်အမ်အန်တာတိန်းမန့်က ကြယ်ပွင့်တွေနဲ့ ဂျွန်ဟွန်းကို ချစ်ခင်အားပေးခဲ့ကြတဲ့ ပရိသတ်တွေ စုဝေးကာ ပေါ့ပ်ကြယ်ပွင့်ရဲ့ နောက်ဆုံးခရီးကို ပို့ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။ ယင်းအခမ်းအနားမှာ ''SHINee''အဖွဲ့သားတွေဟာ စိတ်ဓာတ်ခိုင်မာတဲ့ပုံ ဟန်ဆောင်ထားပေမယ့် သူတို့ရဲ့ မျက်နှာပေါ်က ဝမ်းနည်းမှုတွေကိုလည်း အတိုင်းသားမြင်တွေ့နေရပါတယ်။ ဒါပေမယ့် ကီးကတော့ အသုဘမှာ မထိန်းချုပ်နိုင်အောင်ဘဲ သည်းထန်စွာငိုကြွေးခဲ့တာကိုလည်း တွေ့ရပါတယ်။

ဂျွန်ဟွန်းကို မျက်ရည်တွေနဲ့ လာရောက်နှုတ်ဆက်ခဲ့ကြသူတွေထဲမှာ ''ွGirls' Generation''ရဲ့ အဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ ယွန်န၊ တေးယွန်၊ ယူရီနဲ့ ဟိုယွန်းတို့အပြင် အဖွဲ့ဝင်ဟောင်းဖြစ်တဲ့ ဆိုယောင်းနဲ့ ဆိုးဟွန်တို့လည်း ပါဝင် နေပါတယ်။ ဒါ့အပြင် ''f(x)''ရဲ့ ခရစ်စတယ်လ်၊ ကန်တ၊ ''Red Velvet''ရဲ့ ရယ်ရီနဲ့ ''Super Junior''ရဲ့ ချွိုင်စီဝမ်တို့လည်း ပါဝင်နေတာတွေ့ရပါတယ်။

ဒါ့အပြင် အသုဘအခမ်းအနားကို ဂျွန်ဟွန်းရဲ့ ပရိသတ် ထောင်နဲ့ချီကာ လာရောက်ခဲ့တာကိုလည်း တွေ့ရပါတယ်။ ကမ္ဘာတစ်ဝန်းမှာလည်း ဂျွန်ဟွန်းအတွက် ဆုတောင်းပွဲတွေကို နေရာအနှံ့အပြားမှာ ပြုလုပ်ခဲ့ကြပြီး  ဒီလိုပြုလုပ်ခဲ့ကြတဲ့ နိုင်ငံတွေထဲမှာ ချီလီ၊ ရုရှား၊ မက်ဆီကိုနဲ့ အမေရိကန်နိုင်ငံတွေလည်း ပါဝင်နေကြောင်း သိရပါတယ်။

အေးပြည့်

No comments:

Post a Comment