Latest News

Tuesday, December 26, 2017

ခရစ္စမတ်ပွဲတော် အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများ ရန်ကုန်မြို့၌ ကျင်းပ၊ ပြည်သူများ ကြည့်ရှုအားပေး

ခရစ္စမတ်ပွဲတော် အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများ ရန်ကုန်မြို့၌ ကျင်းပ၊ ပြည်သူများ ကြည့်ရှုအားပေး

ပထမဆုံးအကြိမ် ကျင်းပသော ရန်ကုန်မြို့ ခရစ္စမတ်ပွဲတော်   အထိမ်းအမှတ်ကို       ဒီဇင်ဘာ ၂၃ ရက်မှ စတင်ကာ    ရန်ကုန် မြို့တွင်း     သုံးနေရာခွဲ၍     ကျင်းပရာ ဒီဇင်ဘာ   ၂၅   ရက်   နောက်ဆုံးညတွင်   ပြည်သူများ လာရောက်ကြည့်ရှု အားပေး ကြသည်။

ပထမဆုံးအကြိမ်    ရန်ကုန်မြို့၌ ကျင်းပသော        ခရစ္စမတ်ပွဲတော်ကို   ဒီဇင်ဘာ  ၂၃  ရက်မှ  ၂၅  ရက် (ယနေ့)အထိ နေ့စဉ် ညနေ  ၆  နာရီခွဲမှ ည  ၁ဝ နာရီအတွင်း  ကျင်းပခဲ့သည်။  ရန်ကုန်မြို့၌ ပထမဆုံးကျင်းပသည့် ခရစ္စမတ်ပွဲတော် ကို  ဗိုလ်ချုပ်ဈေးရှေ့မှ  သိမ်ဖြူလမ်းထောင့် အထိ၊    ဧမာနွေလဘုရားကျောင်းရှေ့   (မဟာဗန္ဓုလပန်းခြံ)နှင့်  သခင်မြပန်းခြံ       (အလုံမြို့နယ်)တို့၌   သုံးနေရာခွဲ   ကျင်းပ ခဲ့ရာ      ပွဲတော်ကာလ    သုံးရက်အတွင်း အဆိုပါကျင်းပရာ  နေရာများ၌   ငြိမ်းချမ်း ခြင်းအတွက်        ဆုတောင်းပေးခြင်း၊  ခရစ္စမတ်   ဓမ္မတေးသီချင်းများ    သီဆို ချီးမွမ်းခြင်း၊ ခရစ္စမတ်  Cantata  သီဆို ခြင်း၊  တေးသရုပ်ဖော်  တင်ဆက်ခြင်း၊ ခရစ္စမတ် နိပါတ်စဉ်  ပြသခြင်း၊ခရစ္စမတ်အကြောင်း  သိကောင်းစရာများ ဝေမျှခြင်း နှင့် အမှတ်တရ Photo Booth နေရာများ၌ ဓာတ်ပုံများ ရိုက်ကူးကြခြင်းဖြင့်    စည်ကားများပြားလျက်ရှိသည်။ ထို့အပြင်  လာရောက်အားပေးသော   ပြည်သူများအား   အကျွေးအမွေး(စတုဒိသာ)များဖြင့် ဧည့်ခံခြင်း၊ ခရစ္စမတ် လက်ဆောင်ပစ္စည်းများ ပေးဝေခြင်းနှင့် ကျွမ်းကျင်သော အတတ်ပညာများဖြင့် ပူးပေါင်းပါဝင် ဆက်ကပ်ခြင်းများ လည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

''ကျွန်တော်က  ရန်ကုန်တစ်ဖက်ကမ်း   သန်လျင်က လာရောက်ကြည့်ရှုအားပေးတာပါ၊       မိသားစုလိုက် လာရောက်ကြတာပါ     ဖြစ်ပါတယ်၊   ကျွန်တော်က ခရစ်ယာန်ဘာသာဝင် မဟုတ်ပါဘူး၊ ဒါပေမယ့် အေးချမ်း စွာကျင်းပတဲ့ အခုလိုပွဲမျိုးကို တစ်ကြိမ်တစ်ခါမှလည်း    မကြုံဖူးတာကတစ်ကြောင်း မိသားစုကလည်း သွားရောက် လည်ပတ်ချင်တယ်ဆိုလို့ အခုလိုလာအားပေးတာပါ၊ ထင်ထားတဲ့အတိုင်းပဲ  ပြည်သူတွေ   တော်တော်လေးကို လာရောက်အားပေးကြတာ    တွေ့ရတယ်၊   ကောင်းပါ တယ်၊  အခုလို  လူမျိုး၊  ဘာသာမခွဲခြားဘဲ  အေးအေး ချမ်းချမ်း   ကျင်းပတာ တိုင်းပြည်ရဲ့   စည်းလုံးညီညွတ်မှုကို   ပြရာရောက်တယ်လို့လည်း  မြင်ပါတယ်'' ဟု သန်လျင်မြို့ မှ ရန်ကုန် ခရစ္စမတ်ပွဲတော်သို့ လာရောက် အားပေးသော ဦးမြင့်ချိုက ပြောသည်။

ယနေ့   ခရစ္စမတ်ပွဲတော်   နောက်ဆုံးညအဖြစ်    ရန်ကုန်မြို့    ဗန္ဓုလပန်းခြံအနီး   ဧမာနွေလဘုရားကျောင်း ရှေ့  စတိတ်စင်၌   ညနေ  ၆  နာရီမှ  စတင်ကျင်းပရာ ခရစ္စမတ်တေးဂီတ တီးခတ်ခြင်း၊ အဖွင့်ဆုတောင်းခြင်း၊   ခရစ္စမတ်သီချင်း  စုပေါင်းသီဆိုခြင်း၊  အငြိမ့်များဖြင့်  ဧည့်ခံခြင်း၊    တေးသရုပ်ဖော်    အစီအစဉ်များအပြင် အဆိုတော် ဟက်ကက်၊ နီတာ၊  ရတနာဦး၊  ဒေးဗစ်ထူး၊L ဆိုင်းဇီ၊   ရှိုင်းဝေယံ၊    ဂူဂူး၊    စောထက်နိုင်စိုး၊   မေရီအောင်၊  အငယ်လေးနှင့် အားလျှံတို့ သီဆိုဖျော်ဖြေ ခဲ့ရာ  ပြည်သူများ တစ်ခဲနက် လာရောက်အားပေးကြ သကဲ့သို့    အလားတူ   ဗိုလ်ချုပ်လမ်းတစ်လျှောက်နှင့် အလုံမြို့နယ်ရှိ သခင်မြပန်းခြံတို့၌လည်း ကျင်းပလျက် ရှိရာ  ပြည်သူများ  သောင်းသောင်းဖြဖြ  လာရောက် အားပေးခဲ့ကြောင်း သိရသည်။
သတင်း-မောင်စိန်လွင်(မြန်မာ့အလင်း)

No comments:

Post a Comment