Latest News

Wednesday, December 20, 2017

ဖြိုးကိုကိုတင့်ဆန်းအား ဗဟန်းရဲစခန်းမှ လက်နက်ပုဒ်မဖြင့် အမှုဖွင့် အရေးယူ

ဖြိုးကိုကိုတင့်ဆန်းအား ဗဟန်းရဲစခန်းမှ လက်နက်ပုဒ်မဖြင့် အမှုဖွင့် အရေးယူ

ရန်ကုန် ဒီဇင်ဘာ ၂၀

အောက်တိုဘာလ ၁၆ ရက် ည၉း၁၅ အချိန်တွင် ဗဟန်းမြို့နယ် ရွှေတောင်ကြား (၁)ရပ်ကွက် ငွေဝတ်မှုန်ရိပ်သာလမ်း ရှိ ACE ကုမ္ပဏီဥက္ကဌ ဖြိုးကိုကိုတင့်ဆန်း၊ (၃၈)နှစ် နေထိုင်သော နေအိမ်အတွင်းမှ စိတ်ကြွဆေးပြား ၂ ပြား၊ ICE အမှုန့်များ ကပ်နေသည့် ပလပ်စတစ် ကပ်ခွာအိတ် ၁ အိတ်၊ ၅.၅၆ ကျည် ၃ တောင့်တို့အား ရှာဖွေတွေ့ရှိသဖြင့် ယမန်နေ့ (ဒီဇင်ဘာလ ၁၉ ရက်) ည၆း၅၀ အချိန်တွင် လိုင်စင်မရှိဘဲ ခဲယမ်းများ လက်ဝယ်ထားရှိသူ ဖြိုးကိုကိုတင့်ဆန်း (ဖမ်းမိ)နှင့် ခဲယမ်းများ ဝယ်ပေးပြီး ထွက်ပြေးတိမ်းရှောင်နေသူ ကျော်ချမ်းငြိမ်း၊ (၃၂)နှစ် တို့ ၂ ဦးအား ဗဟန်းမြို့မရဲစခန်းမှ (ပ) ၆၁၀/၂၀၁၇၊ ၁၈၇၈ ခုနှစ် လက်နက်များ အက်ဥပဒေပုဒ်မ ၁၉(စ)/(က)ဖြင့် ထပ်မံ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်အရ သိရသည်။

Ref;  ပြည်ထဲရေးဝန်ကြီးဋ္ဌာန

No comments:

Post a Comment