Latest News

Wednesday, December 20, 2017

ရန်ဟီလီးကို ပြည်ဝင်ခွင့် မြန်မာအစိုးရ ပိတ်ပင်

ရန်ဟီလီးကို  ပြည်ဝင်ခွင့် မြန်မာအစိုးရ ပိတ်ပင်

ရန်ဟီလီးကို မြန်မာလက်မခံနိုင်။ ယန်ဟီလီး၏ ဇူလိုင်လအပြီးသတ် အစီရင်ခံစာ ဘက်လိုက်ပြီး တရားမျှတခြင်းမရှိဟု မြန်မာပြောကြား။

ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ်ရန်ဟီလီး၏  မြန်မာနိုင်ငံသို့လာရောက်ခွင့်အား မြန်မာနိုင်ငံ အစိုးရက ပယ်ချလိုက်ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံးက ယနေ့သတင်းထုတ်ပြန်သည်။

ရခိုင်ပြည်နယ် ယိုလိမ်ညာမွတ်စလင်အရေးအပါအ၀င် မြန်မာနိုင်ငံတစ်ဝှမ်းလူ့အခွင့်အရေးဆိုင်ရာအလွဲသုံးမှု့များနှင့်ပတ်သက်၍ လာမည့်ဇန်န၀ါရီလတွင်လာရောက်မည့် ရန်ဟီလီး၏လုပ်ပိုင်ခွင့်များ၌ အစိုးရအနေဖြင့် ပူး ပေါင်းဆောင်ရွက်ခြင်းမပြုနိုင်ကြောင်း မြန်မာအစိုးရက အကြောင်းကြားသည်ဟု မဟာမင်းကြီးရုံးသတင်းထုတ် ပြန်ချက်၌ဖော်ပြထားသည်။

“ မြန်မာအစိုးရဲ့ ဆုံးဖြတ်ချက်က ကျွန်မကို စိတ်မချမ်းမသာနဲ့ ပဟေဠိဖြစ်အောင်လုပ်လိုက်တာဘဲ.. “ “ ကျွန်မရဲ့ အစီအစဉ်တွေမှာ ပူးပေါင်းဆောင်ရွက်ခြင်းမပြုနိုင်ဘူးလို့ဆိုခြင်းဟာ  ရခိုင်နဲ့ တစ်ခြားဒေသတွေမှာ ကြောက်ခ မန်းလိလိစိတ်မသက်သာစရာတွေဖြစ်ပွားနေတယ်လို့ ဆိုရမှာသာဖြစ်ပါတယ် “  သူ့အနေနှင့် မြန်မာအစိုးရက ဆုံးဖြတ်ချက်အား ပြန်လည်ပြင်ဆင်လိမ့်မည်ဟု ရိုးသားစွာယုံကြည်ကြောင်း ယန်ဟီလီးကပြောဆိုသည်။

“ လွန်ခဲ့တဲ့ရက်သတ္တနှစ်ပတ်ကဘဲ ကျွန်မရဲ့ အထူးကိုယ်စားလှယ်အခန်းကဏ္ဍနဲ့ပတ်သက်ပြီး မြန်မာအမြဲတန်း ကိုယ်စားလှယ်က ကုလသမဂ္ဂနဲ့ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ လူ့အခွင့်အရေးဆိုင်ရာကောင်စီကို အကြောင်းကြားခဲ့ပါသေးတယ်.. “ “ ခုတော့ မြန်မာနိုင်ငံမှာလည်ပတ်ကြည့်ရှု့ပြီး ဇူလိုင်လမှာ ကျွန်မတင်ပြခဲ့တဲ့ အစီရင်ခံစာကို ထောက်ပြလို့ မပူးပေါင်းနိုင်ဘူးလို့ ပြောနေပါတယ် “ ဟု ဆက်လက်ပြောဆိုသည်။

ယန်ဟီလီး၏ ယခင်ကြိုးစားအားထုတ်မှု့နှင့် ပူးပေါင်းဆောင်ရွက်မှု့များမှာ မြန်မာစိုးရနှင့် အပြန်အလှန်ယုံကြည် လေးစားမှု့ရှိခဲ့သည်။ ယခုအခါ မြန်မာအစိုးရက ယန်ဟီလီး၏ ဇူလိုင်လအပြီးသတ်အစီရင်ခံစာမှာ ဘက်လိုက်ပြီး တရားမျှတမှု့မရှိဟု အခိုင်အမာပြောလှာသည်။

ကုလသမဂ္ဂအထုးကိုယ်စားလှယ်အနေဖြင့် မြန်မာနိုင်ငံသို့ တစ်နှစ်လျှင် နှစ်ကြိမ်သွားရောက်ရန်ရှိပြီး ကုလသမဂ္ဂအထွေထွေညီလာခံနှင့် လူ့အခွင့်အရေးဆိုင်ရာကော်စီသို့ အစီရင်ခံစာတင်သွင်းရမည်ဖြစ်ရာ ၂၀၁၄-ခုနှစ် ဇွန်လမှစ၍ ယခုထိ ၆-ကြိမ်သွားရောက်ခဲ့ပြီးဖြစ်သည်။

ယခင်သွားရောက်ခဲ့သည့် အခါများ၌လည်း မြန်မာအာဏာပိုင်များက လုံခြုံရေးအကြောင်းပြချက်ဖြင့် နေရာဒေသအချို့အား အစဉ်အလာတစ်ရပ်ပမာ ၀င်ရောက်ခွင့်မပြုခဲ့ချေ။ ၂၀၁၇-ခုနှစ်တွင် ဖွဲ့စည်းခဲ့သော လူ့အခွင့်အရေးဆိုင်ရာကောင်စီ၏  နိုင်ငံတကာအချက်အလက်ရှာဖွေရေးဆိုင်ရာ လွတ်လပ်သောမစ်ရှင်နှင့်လည်း မြန်မာအစိုးရက ပူးပေါင်းဆောင်ရွက်ခြင်းမရှိခဲ့ချေ။

“  မြန်မာအစိုးရက နိုင်ငံအ၀ှမ်းနဲ့ အထူးသဖြင့် ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေးချိုးဖောက်မှု့တွေဖြစ်ပွားနေတယ်ဆိုတာကို အကြိမ်ကြိမ်ပယ်ချခဲ့ပြီး ခုလိုဆုံးဖြတ်တယ်ဆိုတော့ မြန်မာနိုင်ငံအနေနဲ့ ရှက်ဖို့ကောင်းပါတယ်။ သူတို့မှာ ဘာမှ ဖုံးကွယ်ထားစရာမရှိပါဘူးလို့ သူတို့ကပြောတယ်၊ ပြီးတော့ ကျွန်မရဲ့အစီအစဉ်တွေမှာ မပူးပေါင်းနိုင်ဘူး၊ နိုင်ငံတကာအချက်အလက်ရှာဖွေရေးဆိုင်ရာမစ်ရှင်ကိုလည်း လက်မခံဘူးလို့ ငြင်းနေပါတယ် “ ဟု ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ်ယန်ဟီလီးကပြောကြားကြောင်း သတင်းတွင်ဖော်ပြထားသည်။

Htay Oung

No comments:

Post a Comment