Latest News

Friday, December 29, 2017

တရားမဝင် သယ်ဆောင်လာသော လက်ကိုင်ဖုန်းများ သိမ်းဆည်းရမိ

တရားမဝင် သယ်ဆောင်လာသော လက်ကိုင်ဖုန်းများ သိမ်းဆည်းရမိ

မန္တလေးမြို့သို့ သွားရောက်မည့် ယာဉ်များအား ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးလျက်ရှိရာ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လက်ကိုင်ဖုန်းများနှင့် တက်ဘလက် များ သယ်ဆောင်လာမှုအား ရေပူအမြဲတမ်း စစ်ဆေးရေးစခန်းတွင် ဒီဇင်ဘာ ၂၆ ရက်က သိမ်းဆည်းရမိခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။

ရေပူအမြဲတမ်း စစ်ဆေးရေးစခန်း ပူးပေါင်းစစ်ဆေးရေးအဖွဲ့က မန္တလေး သို့ သွားရောက်မည့် Toyota Wish ယာဉ်တစ်စီးအား တားဆီးစစ်ဆေးခဲ့ရာ တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ  တင်ပြနိုင်ခြင်း မရှိသည့်Wave X10 Handset (1x50U)(5) Pkgs၊ Wave Tablet (1x20U)(7)Pkgs စုစုပေါင်းခန့်မှန်းတန်ဖိုး ကျပ် ခြောက်သန်းခန့်အား သိမ်းဆည်းရမိခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။

မြန်မာနိုင်ငံအထက်ပိုင်းတွင်  ရေပူအမြဲတမ်း စစ်ဆေးရေးစခန်းနှင့် မြန်မာနိုင်ငံ အောက်ပိုင်းတွင်  မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်းတို့ကို  ဖွင့်လှစ်၍ တရားမဝင်ကုန်စည်များ  တားဆီးစစ်ဆေးဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၂၇ ရက်က ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းတွင် တရားမဝင် ကုန်စည် တားဆီးနိုင်ခဲ့မှု နှစ်မှု (ခန့်မှန်းတန်ဖိုး ကျပ် ၈ ဒသမ ၈၈ဝ သန်းခန့်)၊ မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်းတွင် တားဆီးမှု သုံးမှု (ခန့်မှန်းတန်ဖိုး ကျပ် ၂ ဒသမ ၅၅၅ သန်းခန့် စုစုပေါင်း တားဆီးနိုင်ခဲ့မှု ငါးမှု (ခန့်မှန်းတန်ဖိုး ကျပ် ၁၁ ဒသမ ၄၃၅ သန်းခန့်) သိမ်းဆည်းရမိခဲ့ကြောင်း အကောက်ခွန်ဦးစီး ဌာနမှ သိရသည်။

ဒီဇင်ဘာ ၂၇ ရက်က မန္တလေး-မူဆယ်   ပြည်ထောင်စုလမ်းမကြီး တစ်လျှောက် ကုန်သွယ်မှုယာဉ် ပို့ကုန် ၁ဝဝ၅ စီး၊ သွင်းကုန်  အစီး ၁၁၅ဝ၊ ရန်ကုန်- မြဝတီ လမ်းမကြီးတစ်လျှောက် ကုန်သွယ်မှုယာဉ် ပို့ကုန် အစီး ၄ဝ၊ သွင်းကုန်  ၁၁၇  စီး    ကုန်စည်များ သယ်ယူပို့ဆောင်လျက်ရှိကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။                                                

Ref ; The Mirror Daily

No comments:

Post a Comment