Latest News

Sunday, December 24, 2017

ကျောက်တံခါးမြို့နယ်၌ ဘင်္ဂါလီ ၈ဦး ဖမ်းဆီးရမိမှု

ကျောက်တံခါးမြို့နယ်၌ ဘင်္ဂါလီ ၈ဦး ဖမ်းဆီးရမိမှု

 ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့ ၁၄၃၀ အချိန်၌ ကျောက်တံခါးမြို့နယ်၊ မြို့ချောင်းကျေးရွာနေ ဦးစံသိန်း၊ (၆၂)နှစ်ပိုင် ခြံဝင်းအတွင်း တဲ၌ ဘင်္ဂါလီလူမျိုးများ ရောက်ရှိ နေကြောင်း သတင်းအရ ဖဒိုနယ်မြေရဲစခန်းမှူး ဦးစီးအဖွဲ့မှ ဝင်ရောက်စစ်ဆေးခဲ့ရာ ဟာမီဒူလာ၊ (၂၃)နှစ်ပါ ၆ဦး(ကျား ၅၊မ ၁)နှင့် ၎င်းတို့အား လိုက်ပါပို့ဆောင်သူ ဒေါ်ကြူကြူ၊ (၅၈)နှစ်ပါ ၂ ဦး(ကျား ၁၊မ ၁)တို့အား တွေ့ရှိခဲ့ပါသည်။ စစ်မေးချက်အရ ဦးခင်ရွှေ၊ (၆၀)၏ နေအိမ်တွင် ဘင်္ဂါလီ အမျိုးသမီး ၂ ဦး ပို့ဆောင်ထားကြောင်း သိရှိရသဖြင့်  သွားရောက်ရှာဖွေရာ  ဦးခင်ရွှေ၏နေအိမ်၌ ဦးခင်ရွှေနှင့်အတူ မရူဘီအာ၊ (၁၅)နှစ် ပါ မ ၂ ဦးအား ထပ်မံဖမ်းဆီးရမိခဲ့ပါသည်။ ထို့နောက် ပို့ဆောင်သူ ဒေါ်ကြူကြူပါ ၂ ဦး၊ လက်ခံထားသူ ဦးစံသိန်း ပါ ၂ ဦးတို့အား လဝကအက်ဥပဒေ ဖြင့် အရေးယူရန် စီစဉ်လျက်ရှိကြောင်းပြည်ထဲရေးဝန်ကြီးဋ္ဌာန မှ သတင်းထုတ်ပြန်ထားသည်။

Ref; ပြည်ထဲရေးဝန်ကြီးဋ္ဌာန

No comments:

Post a Comment