သစ်ကတိုးအိုင်နှင့် မိုးမခတို့တွင် ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းများဖွင့်
ပုသိမ် ဒီဇင်ဘာ ၃ဝ
ဆင်ထိန်းသိမ်းစောင့်ရှောက်မှုကို ပြည်သူ များသိရှိလေ့လာနိုင်ကြစေရန် သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာန၊ မြန်မာ့သစ်လုပ်ငန်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ် သစ် ထုတ်လုပ်ရေး ဒေသက သစ်ကတိုးအိုင် နှင့် မိုးမခတို့တွင် ဆင်ထိန်းသိမ်း စောင့်ရှောက်ရေးစခန်းများ ဖွင့်လှစ် လိုက်သည်။
သစ်ကတိုးအိုင် ဆင်ထိန်းသိမ်း စောင့်ရှောက်ရေးစခန်းသည် ပုသိမ်မြို့မှ ပုသိမ်-မော်တင်စွန်း မော်တော်ကားလမ်း မိုင်တိုင်အမှတ် -၂၁/၆၏ လက်ယာဘက် ဘေး၌တည်ရှိပြီး နိုဝင်ဘာ ၁ ရက်က စတင် ဖွင့်လှစ်ခဲ့သည်။ မိုးမခဆင်ထိန်း သိမ်းစောင့်ရှောက်ရေးစခန်းသည် ပုသိမ်-ငွေဆောင်ကားလမ်းမိုင်တိုင်အမှတ် ၃၈ ငွေဆောင်ကမ်းခြေဘူးကွဲရွာ၏ မြောက် ဘက် တစ်ဖာလုံခန့်အကွာ၌ တည်ရှိပြီး ဒီဇင်ဘာ ၁ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ ကြောင်း သိရသည်။
ထိုသို့ ဆင်ထိန်းသိမ်းစောင့်ရှောက် ရေးစခန်းများ ဖွင့်လှစ်လိုက်သဖြင့် ဆင် များ၏ သဘာဝနှင့် လိမ္မာယဉ်ကျေးသည့် သရုပ်ပြဖျော်ဖြေမှုများကို ကြည့်ရှုနိုင် ခြင်း၊ ဆင်များကို အစာကျွေးနိုင်ခြင်း၊ ဆင်များနှင့်အတူ ဓာတ်ပုံ ဗီဒီယိုရိုက်နိုင် ခြင်း၊ ဆင်များကို ကိုယ်တိုင် ရေချရေချိုး ပေးနိုင်ခြင်း၊ ဆင်စီး၍ တောတောင် ရေမြေသဘာဝနှင့် ဆင်စခန်း၏ ဖွဲ့စည်း ထားမှုအခြေအနေအား လေ့လာနိုင် ခြင်း၊ ဆင်ဝန်ထမ်းများ၏လူနေမှုဘဝများ အား လေ့လာနိုင်ခြင်းနှင့် တောချက် ဟင်းလျာများ သုံးဆောင်နိုင်ခြင်း စသည့် ဝန်ဆောင်မှုများရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
သစ်ကတိုးအိုင်နှင့် မိုးမခ ဆင်ထိန်းသိမ်းရေးစခန်းများသို့ အဖွဲ့လိုက် လာရောက်လေ့လာမည်ဆိုပါက ပိုမို အဆင်ပြေ ချောမွေ့စေရန်အတွက် တာဝန်ခံများဖြစ်သည့် ဦးသူရထွန်း လက်ထောက်မန်နေဂျာ (သစ်ထုတ် လုပ်ရေး) ဖုန်း-ဝ၉ ၄၃ဝ၁၉၅၇၂၊ ဦးစိုးထက်ကျော် သစ်အုပ်ကြီး (သစ် ထုတ်လုပ်ရေး)ဖုန်း-ဝ၉ -၇၈၃၈၁၈၃၁၃၊ ဦးလင်းလင်းထွန်း (ဒုတိယ တိရ္ဆာန် ဆေးကုမှူး)ဖုန်း-ဝ၉- ၇၆၁ဝ၃၈၉၇၈ တို့ထံသို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။ ခရမ်း-စိုးမြင့်(မြန်မာ့အလင်း)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment