Latest News

Wednesday, December 20, 2017

ဝါရှင်တန်ပြည်နယ်တွင် ရထားတစ်စင်းလမ်းချော်ပြီး အဝေးပြေး လမ်းမပေါ် ပြုတ်ကျ

ဝါရှင်တန်ပြည်နယ်တွင် ရထားတစ်စင်းလမ်းချော်ပြီး အဝေးပြေး လမ်းမပေါ် ပြုတ်ကျ

အမေရိကန်နိုင်ငံ ဝါရှင်တန်ပြည်နယ်မှာ အမျိုးသား ခရီးသည်တင် ရထား ကော်ပိုရေးရှင်း အမ်ထရက်ခ်ပိုင် ရထားတစီး တနင်္လာနေ့က လမ်းချော်ပြီး အကြီးစား အဝေးပြေး လမ်းမပေါ် ပြုတ်ကျခဲ့ပါတယ်. ဒါကြောင့် အရေအ တွက် မသိရသေးတဲ့ ခရီးသည်တွေ သေဆုံးပါတယ်.

ဥပဒေ အာဏာတည် စေရေး အရာရှိတွေက ရထားလမ်း တလျှောက် လမ်းလျှောက် ဓာတ်ပုံရိုက် ရင်း စစ်ဆေးနေတာကိုလဲ တွေ့ရပါတယ်. မီးရထားက တာကိုမာနဲ့ အိုလံပီယာ မြို့၂မြို့ကြား လမ်းကြောင်းသစ်ကို စတင်ပြေးဆွဲတဲ့ ပထမနေ့ မှာပဲ ဒေသစံတော်ချိန် မနက် ၇နာရီခွဲ လောက်မှာ လမ်းချော်ခဲ့တာပါ. ဒီရထားလမ်းဟာ ခရီးသွားချိန် လျှော့ချရေး စီမံကိန်းရဲ့ အစိတ် အပိုင်း ဖြစ်တယ် လို့ ပြည်နယ် သယ်ယူပို့ဆောင်ရေး ဌာနက အောက်တိုဘာလ တုန်းက သတင်းထုတ်ပြန် ထားပါတယ်. ခရစ်စမတ် အားလပ်ရပ် မတိုင်ခင် တပတ်အလို လူစည်ကားတဲ့ ခရီးသွားချိန်မှာ ရထားလမ်းချော်ရ တာဟာ လမ်းကြောင်းပြောင်း ခံရလို့ ဟုတ်မဟုတ် ရှင်းရှင်းလင်းလင်း မသိရသေး ပါဘူး.

ခရီးသည် ၇၇ယောက် ကို မြို့နယ်၂ခုက ဆေးရုံတွေဆီ တင်ပို့ ကုသပေးထားတယ်လို့ တာကိုမာ အခြေစိုက် CHI ဖရန်စစ်စကံ ကျန်း မာရေး စောင့်ရှောက်မှု ကွန်ယက်က ကြေညာချက် ထုတ်ပြန်ပါတယ်. လူနာ ၄ယောက်ကတော့ ဒဏ်ရာ အပြင်းထန်ဆုံး ဖြစ်လို့ အနီရောင်အဆင့် လူနာ တွေ အဖြစ် သတ်မှတ် ခံထားရပါတယ်. ရထားပေါ်မှာ ခရီးသည် ၇၈ယောက် နဲ့ ဝန်ထမ်း ငါးယောက် ပါတယ်လို့ အမ်ထရက်ခ်က ကြေညာ ချက်ထဲမှာ ပြောပါတယ်.

အမျိုးသား သယ်ယူပို့ဆောင်မှု ဘေးကင်းရေး ဘုတ်အဖွဲ့က စုံစမ်းစစ်ဆေးသူတွေကို ရထားလမ်းချော်ရာ နေရာဆီ စေလွှတ်ထားတယ်လို့ ပြည်ထောင်စု အစိုးရအဖွဲ့က တွစ်တာ လူမှုကွန်ယက် ပေါ်မှာ ပြောခဲ့ပါတယ်.

သီရီထက်စံ

No comments:

Post a Comment