Latest News

Wednesday, December 20, 2017

အမေရိကန်နဲ့တရုတ်ကြား အကျိုးရှိတဲ့ကုန်သွယ်ရေး တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ကြော်ငြာ

အမေရိကန်နဲ့တရုတ်ကြား အကျိုးရှိတဲ့ကုန်သွယ်ရေး တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ကြော်ငြာ

အမေရိကန်နဲ့ တရုတ်ကြား ကုန်သွယ်ရေးဟာ ၂ဦး၂ဖက် အကျိုးရှိတဲ့ အနာဂတ် ဖြစ်နိုင်ချေ အဖြစ် တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက တနင်္လာနေ့မှာ ခုခံ ပြောဆိုလိုက်ပါတယ်.

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က နိုင်ငံတော် လုံခြုံရေး ဗျူဟာသစ်ကို ဖွင့်ဟကြေညာတာ မလုပ်ခင်မှာ ကြိုတင် ကာကွယ်တဲ့ အနေနဲ့ ခုလိုပြော တာပါ. ထရမ့်ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ချီးကျူးပြောဆိုရင်း တခြားတဖက်မှာလဲ မြောက်ကိုရီးယားရဲ့ နျူကလီးယား အစီအစဉ် အတွက် တရုတ်အစိုးရက ဖိအားပေးတာ တိုးလုပ်ဖို့နဲ့ အမေရိကန်ကို မျက်နှာသာ ပိုပေးမယ့် ကုန်သွယ်ရေး အလေ့အကျင့်တွေ ပြောင်းပေးဖို့ တောင်းဆိုနေတာပါ. တရုတ် အမေရိကန် ကုန်သွယ်ရေးနဲ့ စီးပွားရေး ဆိုင်ရာ ဆက်ဆံရေးရဲ့ အနှစ်သာရဟာ တိုက်ရိုက်ရော သွယ်ဝိုက်ပြီးတော့ပါ အပြန်အလှန် အကျိုးအမြတ်နဲ့ ၂ဦး၂ဘက်လုံး အနိုင်ရတဲ့ အခင်းအကျင်းဖြစ်တယ် တရုတ်ဟာ အမေရိကန် အလုပ်သမား ၂.၆သန်းအတွက် တိုက်ရိုက်ရော သွယ်ဝိုက်ပြီးပါ ပံ့ပိုးပေးနေတယ်လို့ တရုတ် နိုင်ငံခြားရေး ပြောခွင့်ရ ဟွာချွန်းရင် က သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်.

အမေရိကန် နိုင်ငံတော် လုံခြုံရေး ဗျူဟာက ကမ္ဘာ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို မြှင့်တင်ရာမှာ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ဆောင်ရွက် နိုင်မယ်လို့ မျှော်လင့်တယ်. တရုတ်နဲ့ အမေရိကန် ဗျူဟာမြောက် အပြန်အလှန် ယုံကြည်မှုကို မြှင့်တင်နိုင်ပြီး နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ပူးတွဲ ကာကွယ်နိုင်ဖို့လဲ မျှော်လင့်တယ်လို့ သူက ဆက် ပြောပါတယ်. အစိုးရက ပံ့ပိုးနေတဲ့ တရုတ်လုပ်ငန်းတွေနဲ့ တရုတ်နိုင်ငံတွင်း ဥာဏပစ္စည်း မူပိုင်ခွင့် ချိုးဖောက်မှုတွေ အပါအဝင် ကုန်သွယ်ရေးဆိုင်ရာ ကိစ္စတွေအပေါ် တရုတ်နဲ့ အမေရိကန်တို့ ထပ်ခါတလဲ ပဋိပက္ခ ဖြစ်နေတာပါ. သံမဏိ ကုန်စည် တချို့ နဲ့ သံမဏိ ဝါယာကြိုးတွေ သံမဏိချောင်းတွေနဲ့ ဘားတန်းတွေ ကို ရောင်းချမှုအပေါ်ဇန်နဝါရီ ၁ရက်နေ့က စပြီး ပြည်ပ တင်ပို့ခွန်ကို လျှော့ချ ဖြတ်တောက်မယ်လို့ တရုတ် ဘဏ္ဍာရေး ဝန်ကြီးဌာနက သောကြာနေ့မှာ ပြောပါတယ်. ဒီအချက်ဟာ အမေရိကန်နဲ့ ဥရောပတို့ စိုးရိမ်တဲ့ အချက်လဲ ဖြစ်ပါတယ်ရှင်.

သီရီစံ

No comments:

Post a Comment