Latest News

Monday, December 11, 2017

သုံးလောင်းပြိုင်လူသတ်မှုတရားခံဖမ်းမိရေးပြည်သူတွေ ဖုန်းဆက်သတင်းပေးဖို့ ရဲတပ်ဖို့ဖိတ်ခေါ်

သုံးလောင်းပြိုင်လူသတ်မှုတရားခံဖမ်းမိရေးပြည်သူတွေ ဖုန်းဆက်သတင်းပေးဖို့ ရဲတပ်ဖို့ဖိတ်ခေါ်

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ် တောင်ကလေးကျေးရွာအုပ်စု၌် ဒီဇင်ဘာလ ၁၀ရက်နေ့တွင်ဖြစ်ပွားခဲ့သော သုံးလောင်းပြိုင်လူသတ်မှုတွင် လူသတ်တရားခံယခုအချိန်ထိထွက်ပြေးလွပ်မြောက်နေသည့်အတွက် တွေ့ရှိပါက ဖုန်းဆက်သတင်းပေးဖို့ ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့ ကဖိတ်ခေါ်လိုက်သည်။

"လူသတ်တရားခံကိုတော့ ကျွန်တော်တို့သတင်းရ ရခြင်းပဲ တာဝန်ရှိသူတွေအကုန်ဆင်းသွားပါတယ် ဒါပင်မဲ့မမီလိုက်ဘူး ကျွန်တော်တို့ရဲတပ်ဖွဲ့ဝင်တွေကတော့ လိုက်ရှာနေတယ် အုပ်ချုပ်ရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ရှာနေတာပါ အခုထိတော့မတွေ့သေးတဲ့အတွက် ကျွန်တော်တို့တရားခံကိုဖမ်းမိဖို့ ပြည်သူတွေနဲ့ပူးပေါင်းရှာတာပါ တာဝန်သိပြည်သူတွေကလည်း ဒီလူကိုတွေ့ရင်ဖုန်းဆက်အကြောင်း ကြားပေးကြပါဟု"ဟု ဧရာဝတီ တိုင်းဒေသကြီးရဲတပ်မှူးရုံမှဦးစီးပထမတန်းအကြီးတန်းအရာရှိ ဒုရဲမှူးကြီး ခင်မောင်လတ်ကပြောသည်။

သုံးလောင်းပြိုင်လူသတ်မှုဖြစ်ပွားမှုအပြီးနောက်ပိုင်းတွင် မြို့ဝင်မြို့ထွက် ဂိတ်များတွင် ရဲတပ်ဖွဲ့လုံးခြုံရေးအင်းအားကို တိုးမြင့်ချထားပြီး ၂၄နာရီဆောင့်ကြည့်စစ်ဆေးမှုများပြုလုပ်ကာ l မြို့တွင်းလိုက်လံစစ်ဆေးရှာဖွေလျက်ရှိသော်လည်း လက်ရှိတွင်ရဲတပ်ဖွဲ့ ကမဖမ်းဆီး နိုင်သေးပေ။
လတ်တလောတွင်လူသတ်တရားဟုယူဆရသူကိုဇော်သန်းကို မြောင်းမြမြို့မရဲစခန်း (ပ)၆၂၇/၂၀၁၇ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၃၂၆ ဖြင့်လက်ရှိတွင်အမှုဖွင့်အရေးယူထားကြောင်း မြောင်မြမြို့မရဲစခန်းမသတင်းရရှိသည်။

ဆက်သွယ်ရန်ဖုန်းနံပါတ်ကိုတော့ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး ဖုန်း ၀၄၂၂၁၀၃၀ , မြောင်းမြမြို့ခရိုင်ရဲတပ်ဖွဲ့မှူးရုံး ဖုန်း ၀၄၂၇၀၅၁၀ , မြောင်းမြမြို့ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး ၀၄၂၇၀၅၁၂ ,မြောင်းမြမြို့ မြို့မစခန်း ဖုန်း ၀၄၂၇၀၃၁၄ တို့ကိုဆက်သွယ်အကြောင်းကြားနိုင်ကြောင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးကသတင်းထုတ်ပြန်ထားသည်။

ထက်ဝဠာမင်း

No comments:

Post a Comment