Latest News
Sunday, December 3, 2017
စာဖတ်သူတို့အတွက် ဘဝသင်ခန်းစာလေးတစ်ခု ပြောပြချ င်ပါတယ်
စာဖတ်သူတို့အတွက်  ဘဝသင်ခန်းစာလေးတစ်ခု ပြောပြချ င်ပါတယ်
ဘုရားရှင်လက်ထပ်အခါက နာမည်ကျော်ကြားတဲ့ မြင်းပွဲစားကုန်သည်တစ်ဦးရှိတယ်ဗျ
မြင်းပွဲစားက မြင်းတွေရောင်းရတာ သု့ရဲ့ စားဝတ်နေရေးအတွက် အဆင်ပြေတယ်လေ
အဲ့နောက် ဘုရားရှင်က မြင်းထိန်းသည်ထံသွားပြီး အဓိပ္ပာယ်ရှိတဲ့ မေးခွန်းအနည်းငယ် မေးတယ်
'မြင်းတွေ ကျွေးမွေးပြီး ရောင်းရတာ အဆင်ပြေရဲ့လား'
'ပြေပါတယ် အရှင်ဘုရား'
'ဒါဖြင့် မြင်းတွေကို ဘယ်လိုများ ရောင်းချ သလဲ'
'ဟုတ်လား…… ငါ့မှာလည်း ရဟန်းရှင်တပည့်တွေ ရှိတယ် … သူတို့ကိုလည်း ငြိမ်းချ မ်းခြင်းတရားတွေ ဟောကြားဆုံးမပေးပါတယ်…ဒါပေမယ့် သင်ယူလက်ခံမှုတွေက မတူညီကြဘူးလေ…
ဒါနဲ့ မြင်းတွေကို သင် ဘယ်သို့သော နည်းလမ်းများနဲ့ သင်ပြပြီး လိမ္မာလာအောင် ဆုံးမတာလဲ မြင်းထိန်းသည် … နည်းလမ်းလေ ပြောပြပါဦး '
'အရှင်ဘုရား…
 တပည့်တော် မြင်းတွေကို ထိန်းကျောင်းတဲ့နေရာမှာ နည်းလမ်း ၄ မျိုးနဲ့ ထိန်းကျောင်းပေးပါတယ်
မြင်းအမျိုးမျိုးဆိုတော့ ထိန်းကျောင်းရတာ မလွယ်ပါဘူးဘုရား… '
'ဟုတ်ပါပြီ … အဲ့ဒီ နည်းလမ်း ၄ မျိုးက ဘာတွေလဲ မြင်းထိန်းသည်'
'တပည့်တော် မြင်းတွေ လိမ္မာလာအောင် ထိန်းကျောင်းပေးတဲ့ နည်းလမ်း (၄) မျိုးက -
(၁) အနုနည်းနဲ့ ထိန်းကျောင်းလေ့ကျ င့်ပေးပါတယ်
(၂) အနုနည်းနဲ့မရရင် အကြမ်းနည်းနဲ့ ထိန်းကျောင်းလေ့ကျ င့်ပေးပါတယ်
(၃) အနုနည်း ၊အကြမ်းနည်းတွေနဲ့မှ မရဘူးဆိုရင် တတိယနည်းက အနုနည်းနဲ့ အကြမ်းနည်း နှစ်ခုရောပြီး ထိန်းကျောင်းဆုံးမပေးပါတယ်
(၄) အဲ့ဒီ ၃ နည်းနဲ့မှ အဆင်မပြေဘူးဆိုရင် နောက်ဆုံး နည်းလမ်းအရ အဲ့မြင်းကို တပည့်တော် သတ်ပြီး အသားတွေကို ရောင်းချ လိုက်ပါတယ် … အရှင်ဘုရား '
'ဟုတ်လား… မြင်းထိန်းသည်…
  အခုပြောတဲ့ နည်းလမ်းတွေထဲက နည်းလမ်း (၁ / ၂/၃) နည်းလမ်းတွေနဲ့ ငါ့တပည့်ရဟန်းတွေကို အဲ့နည်းအတိုင်း ဆုံးမလမ်းညွန်ပေးလို့ရပါတယ် …
  ဒါပေမယ့် နောက်ဆုံးနည်းလမ်းဖြစ်တဲ့ မြင်းတွေကို သတ်ဖြတ်ရောင်းချ လိုက်တယ်ဆိုတော့
 မြင်းထိန်းသည်အနေနဲ့ သတ်ဖြတ်ပြီး အသားတွေကို ဈေးမှာ ရောင်းချ ရသေးတယ်
ဒါမယ့် ငါ့တပည့်တွေက ရဟန်းရှင်တွေဆိုတော့ သတ်ဖြတ်ဖို့ လုံးဝမဖြစ်နိုင်ပါဘူး မြင်းထိန်းသည် '
' အရှင်ဘုရား … အရှင်ဘုရားအနေနဲ့ အရှင့်ရဲ့ ရဟန်းတွေကို သတ်ဖြတ်ဖို့ ဆိုလိုတာမဟုတ်ပါဘူး
အရှင်ဘုရားရဲ့ တပည့်တော်တွေကို ဆုံးမတဲ့အခါ
အနုနည်း ၊ အကြမ်းနည်း ၊ အနုနဲ့အကြမ်းနည်း ဆိုတဲ့ အဲ့နည်းတွေနဲ့ ဆုံးမလမ်းညွန်လို့ မရဘူးဆိုရင်
နောက်ဆုံးနည်းက #ဥပေက္ခာပြု ခြင်း နည်းလမ်းပါပဲ အရှင်ဘုရား
သင်ကြားပြသမှု ဆုံးမလမ်းညွန်မှုတွေကို လုံးဝ လက်မခံနိုင်တော့တဲ့အခါ ဥပေက္ခာပြု ခြင်း ဆိုတဲ့ နည်းလမ်းတရားကို ကျ င့်သုံးလိုက်ပါ အရှင်ဘုရား
ဥပေက္ခာပြု ခြင်းဟာ လောင်မြို က်မှု စိတ်ခံစားချ က်ကို ငြိမ်းအေးစေပါတယ်ဘုရား '
'အရမ်းကောင်းတဲ့ နည်းလမ်းပါပဲလား မြင်းထိန်းသည်
  ကောင်းပါပြီ … ငါ့ရဲ့ ရှင်ရဟန်းတွေကိုလည်း  အဲ့နည်းလမ်းနဲ့ပဲ ဆုံးမလမ်းညွန်းကျ င့်သုံးတော်မူမယ် '
ရရှိခဲ့တဲ့ ဘဝသင်ခန်းစာက-
' လောကကြီးမှာ
  လူအမျိုးမျိုး စိတ်အထွေထွေပါ
   ကောင်းတဲ့ ပတ်ဝန်းကျ င်နဲ့ နေရသလို ဆိုးတဲ့ ပတ်ဝန်းကျ င်နဲ့လည်း နေရတာလည်းရှိမယ်
     မိတ်ဆွေကောင်းတွေနဲ့နေရသလို မကောင်းတဲ့ မိတ်ဆွေတွေနဲ့လည်း နေရတာလည်းရှိမယ်
   အကြောင်းအကျိုးလက်ခံတဲ့သူတွေနဲ့ နေရသလို အကြောင်းအကျိုး လက်မခံတဲ့ သူတွေနဲ့ နေရတာလည်းရှိမယ်
     ကောင်းတဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အတူတွဲလုပ်ရသလို မကောင်းတဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အတူတွဲလုပ်ရတာလည်းရှိမယ်
အကောင်းဆုံးကတော့
ကိုယ့်ကိုကိုယ်ချ စ်သလို တပါးသူကိုလည်း နွေးထွေးတဲ့ချ စ်ခြင်းတွေ ဝေမျှ ပေးလိုက်ပါ
ကိုယ့်ကိုကိုယ် ဂရုစိုက်သလို တပါးသူကိုလည်း ကြင်နာတဲ့ဂရုစိုက်မှုတွေ ဝေမျှ ပေးလိုက်ပါ
ကိုယ့်ဘဝကို တန်ဖိုးထားသလို တပါးသူကိုလည်း လေးစားတဲ့ တန်ဖိုးထားမှုတွေ ဝေမျှ ပေးလိုက်ပါ
ဒါပေမယ့်
ကိုယ့်ရဲ့ နွေးထွေးတဲ့ ချ စ်ခြင်း၊ ကြင်နာဂရုစိုက်ခြင်း ၊
လေးစားတန်ဖိုးထားခြင်းတွေနဲ့ မထိုက်တန်တဲ့အခါ
နောက်ဆုံး ထိုသူနဲ့ထိုက်တန်တဲ့ ဥပေက္ခာပြု ခြင်းဆိုတဲ့ ဆုလာဘ်ကို ပေးလိုက်ပါ
တခါတလေ တင်းတင်းကြပ်ကြပ်ဆုတ်ကိုင်ထားလေ ပို၍ နာကြင်လာလေပါပဲ
လွှတ်ချ သင့်တာကို လွှတ်သင့်ရင် စွန့်လွှတ်လိုက်တာ ပို၍ ကောင်းပါတယ်
ဒါကြောင့်
ချ စ်တော့ချ စ်ပါ … အရမ်းမချ စ်မိပါစေနဲ့
ဂရုတော့ စိုက်ပါ … အရမ်း မကြင်နာမိပါစေနဲ့
တန်ဖိုးတော့ထားပါ …အရမ်း တန်ဖိုးမထားမိပါစေနဲ့
ဘဝမှာ ပေးဆပ်လွန်းတဲ့အခါ  နောက်ဆုံး နာကြင်မှုဒဏ်တွေ ခံစားရတတ်ပါတယ်……
ရေနံ့သာ ဇော်ဇော်မြင့်
No comments:
Post a Comment