Latest News

Thursday, December 14, 2017

နိုင်ငံတော် သမ္မတ၏ဇနီး ဒေါ်စုစုလွင် ပန်းအလှပြင်ဆင်ခြင်းနှင့် ရှင်းလင်းပြသခြင်း အခမ်းအနားသို့ တက်ရောက်

နိုင်ငံတော် သမ္မတ၏ဇနီး ဒေါ်စုစုလွင် ပန်းအလှပြင်ဆင်ခြင်းနှင့် ရှင်းလင်းပြသခြင်း အခမ်းအနားသို့ တက်ရောက်


တိုကျို   ဒီဇင်ဘာ   ၁၄

ဂျပန်နိုင်ငံ တိုကျိုမြို့၌ ရောက်ရှိနေသော နိုင်ငံတော်သမ္မတ၏ ဇနီး ဒေါ်စုစုလွင်သည် ယနေ့ဒေသ စံတော်ချိန် နံနက် ၉ နာရီ ၁၅မိနစ်တွင်   တိုကျိုမြို့  အာဆာခူဆာ (Asakusa) ရှိ Sensoji ဘုရားကျောင်းသို့ သွားရောက်ကြည်ညိုကြသည်။

ထို့နောက်  တိုကျိုမြို့ရှိ Sogetsu Kaikan ဂျပန်ရိုးရာ ပန်းအလှပြင်ကျောင်းသို့ ရောက်ရှိရာ Executive Director Ms. Kiri TESHIGAHARA, Ms. Suisen TAKAGI နှင့် Deputy Secretary Mr. Ryusuke YONEDA တို့က ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် Sogetsu Kaikan ဂျပန်ရိုးရာ ပန်းအလှပြင်ကျောင်း၌ ကျင်းပသည့် ပန်းအလှပြင်ဆင်ခြင်း   အခမ်းအနားသို့ တက်ရောက်ပြီး ဂျပန်နိုင်ငံတွင် ရာသီအလိုက်ဖူးပွင့် သည့်ပန်းများကို အသုံးပြု၍ အလှပြင်ဆင်ထားမှုကို လှည့်လည်ကြည့်ရှု လေ့လာသည်။

အဆိုပါအခမ်းအနားတွင် နိုင်ငံတော်သမ္မတ၏ ဇနီး ကိုယ်တိုင်ပါဝင်၍ အဖွဲ့ဝင်များနှင့်အတူ ရာသီပန်းများကို အသုံးပြုပြီး ပန်းအလှဆင်ခြင်းကို ဆောင်ရွက်သည်။

ယင်းနောက် နိုင်ငံတော်သမ္မတ၏ ဇနီး ဒေါ်စုစုလွင်သည် ဝန်ကြီးချုပ်၏ နေအိမ်သို့ သွားရောက်ပြီး ဂျပန်နိုင်ငံ ဝန်ကြီးချုပ်၏ဇနီး Mrs.Akie Abe နှင့်အတူ မြန်မာနိုင်ငံတွင် လူမှုဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည့် Non Profit Organization (NPOs) အဖွဲ့များဖြစ်သည့် Japan Heart မှ Supreme Advisor Dr. Hideo Yoshioka ၊ Terra People Association မှ ဥက္ကဋ္ဌ Mr. Hroyuki Ohno ၊ Seeds Asia အဖွဲ့အစည်းမှ အကြီးအကဲ Ms.Etsuko TSUNOAZKI ၊   OISCA မှ ဥက္ကဋ္ဌ Ms. Etsuko NAKANO တို့နှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် NPOs အဖွဲ့အစည်းများက မြန်မာနိုင်ငံမှ ကဏ္ဍအသီးသီးတွင် ဆောင်ရွက် လျက်ရှိသည့် လူမှုဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေး တင်ပြကြသည်။

No comments:

Post a Comment