Latest News

Thursday, December 14, 2017

ပြည်သူလူထုကို ကျန်းမာရေး ဝန်ဆောင်မှု ပေးနိုင်ရေးမှာ မိမိတို့ အစိုးရ၏ အဓိက ဦးစားပေး လုပ်ငန်း တစ်ရပ်ပင်ဖြစ်

ပြည်သူလူထုကို ကျန်းမာရေး ဝန်ဆောင်မှု ပေးနိုင်ရေးမှာ မိမိတို့ အစိုးရ၏ အဓိက ဦးစားပေး လုပ်ငန်း တစ်ရပ်ပင်ဖြစ်

နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည်  ဒီဇင်ဘာ ၁၄ ရက် ဒေသစံတော်ချိန် နံနက် ၉ နာရီခွဲတွင် ဂျပန်နိုင်ငံ  တိုကျိုမြို့ရှိ Tokyo Prince ဟိုတယ်၌ ကျင်းပသည့် Universal Health Coverage Forum အဆင့်မြင့် အစည်းအဝေးဖွင့်ပွဲ အခမ်းအနားတွင် မိန့်ခွန်းပြောကြားသည်။

အဆိုပါမိန့်ခွန်း အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်-   မိမိတို့ ဒီမိုကရေစီအစိုးရ စတင်တာဝန်ယူသည့် ၂ဝ၁၆ ခုနှစ် မတ် ၃ဝ ရက်မှစပြီးပြည်သူများ၏ လိုအင်ဆန္ဒများဖြစ်သည့် ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးတို့ကို ဖော်ဆောင်ရန် အစွမ်းကုန် ကြိုးစားခဲ့ပါကြောင်း၊ Universal    Health   Coverage  (UHC)၏ မူဘောင်အတွင်း ကျန်းမာရေး လုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရန်  ငြိမ်းချမ်းရေးနှင့် လုံခြုံရေးသည်    မရှိမဖြစ် လိုအပ်ပါကြောင်း။

 ပြည်သူလူထုကို အရည်အသွေးမြင့်မားသည့် ကျန်းမာရေး ဝန်ဆောင်မှု ပေးနိုင်ရေးမှာ မိမိတို့အစိုးရ၏ အဓိကဦးစားပေးလုပ်ငန်း တစ်ရပ်ပင်ဖြစ်ပါကြောင်း၊ ကျန်းမာရေးကဏ္ဍတွင်   ရင်းနှီးမြှုပ်နှံခြင်းသည်   ကျန်းမာသန်စွမ်းသည့်  လူ့အဖွဲ့အစည်း တစ်ရပ် တည်ဆောက်ခြင်းနှင့်    ကျန်းမာရေးကဏ္ဍတွင် လူသားအရင်းအမြစ်များ မြှင့်တင်ခြင်းဆိုသည့် မြန်မာအစိုးရ၏ အဓိက မဟာဗျူဟာထဲမှ တစ်ခုဖြစ်ပါကြောင်း။ မြန်မာနိုင်ငံသည် ၂ဝ၃ဝ ပြည့်နှစ်တွင်  UHC ရည်မှန်းချက် အောင်မြင်ရန် သန္နိဋ္ဌာန်ချမှတ်ပြီး ဖြစ်ပါကြောင်း၊

ထိုရေရှည်ရည်မှန်းချက်သည် လူမျိုး၊ ဘာသာ၊ လူမှုစီးပွား အဆင့်အတန်း မခွဲခြားဘဲ မြန်မာနိုင်ငံသားတိုင်း ငွေကြေး အခက်အခဲမရှိ အဆင့်မြင့် ကျန်းမာရေးဝန်ဆောင်မှုကို လက်လှမ်းမီနိုင်ရေး ဖြစ်ပါကြောင်း။ နိုင်ငံတော်တည်ဆောက်ရေးတွင် ကျန်းမာရေးကဏ္ဍ၏ အထူးအရေးပါမှုကို အလေးအနက်ထားကာ အစိုးရ၊ တိုင်းရင်းသား လူမျိုး စုတွေ၊ အရပ်ဘက်လူ့အဖွဲ့အစည်း၊ ပုဂ္ဂလိက ကဏ္ဍနှင့် ဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းပြီး ၂ဝ၃ဝ ပြည့်နှစ်တွင် UHC ရည်မှန်းချက် အောင်မြင်ရန် အမျိုးသား ကျန်းမာရေးစီမံကိန်း  (၂ဝ၁၇-၂ဝ၂၁)ကို ရေးဆွဲခဲ့ကြပါကြောင်း။

UHC  အခြေခံမူဝါဒများနှင့် အညီ ပြည်သူလူထုကို ထိရောက်စွာ အကျိုးပြုမည့် ကျန်းမာရေး စနစ်တစ်ခုအတွက် ခိုင်မာသည့် အခြေခံအုတ်မြစ်များကို ချခဲ့ပြီး    ထိုကျန်းမာရေး စနစ်အရ နိုင်ငံအတွင်းရှိ ပြည်သူများအားလုံး ကျန်းမာရေးဝန်ဆောင်မှုကို ပိုပြီးလက်လှမ်းမီလာအောင် ရည်မှန်းချက်များ ချမှတ်ထားပြီးဖြစ်ပါကြောင်း။ ငွေကြေးနှင့် နည်းပညာ အကန့်အသတ်ရှိမှုကို ထည့်သွင်းစဉ်းစားပြီး UHC ကို အကောင်အထည်ဖော်ရန် အဓိကကျသည့် မဟာဗျူဟာနယ်ပယ်များကို သတ်မှတ်ခဲ့ပါကြောင်း၊ ယင်းနယ်ပယ်များမှာ ကျန်းမာရေး ဝန်ဆောင်မှု၏ အကြောင်းအရာနှင့် အရေးကြီးသည့် ဝန်ဆောင်မှု ပေးအပ်ရေးကို သတ်မှတ်ခြင်း၊ အမျိုးသား ကျန်းမာရေးငွေကြေး ထောက်ပံ့မှု မဟာဗျူဟာတစ်ရပ် ဖော်ဆောင်ခြင်းနှင့် အဆင့်မြင့်ဝန်ဆောင်မှု ပေးနိုင်ရန် ကျန်းမာရေးစနစ်၏ လုပ်ငန်းဆောင်တာများကို မြှင့်တင်ခြင်းတို့ဖြစ်ပါကြောင်း။

ထို့နည်းတူ ကျန်းမာရေးနှင့်ဆိုင်သည့် ဌာနများအားလုံး အပြည့်အဝလည်ပတ်နိုင် ရေး၊ ယင်းဌာနများကို ကျွမ်းကျင်ကျန်းမာရေး ဝန်ထမ်းများနှင့် စီမံခန့်ခွဲစေရေး၊ အရေးကြီးဆေးဝါးနှင့် ဆေးပစ္စည်းအားလုံး ရရှိနိုင်ရေးအတွက်လည်း ကြိုးပမ်းလျက်ရှိပါကြောင်း။ နိုင်ငံတော်မှ ကျန်းမာရေးစနစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ္ဍာရေး အရင်းအမြစ်ရရှိရေး ဆောင်ရွက်ရာတွင် စဉ်ဆက်မပြတ် ငွေကြေး ထောက်ပံ့မှု ရရှိရေးအတွက် သက်ဆိုင်ရာ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်းလျက် ရှိပါကြောင်း၊ ထိုသို့လုပ် ဆောင်ရာတွင် ရေရှည်တည်တံ့သည့် ကျန်းမာရေးငွေကြေး ထောက်ပံ့မှု မဟာဗျူဟာ တစ်ရပ်ကို ဖော်ဆောင်နိုင်ရန် ဆောင်ရွက်လျက် ရှိပါကြောင်း။ မြန်မာနိုင်ငံသည် ဒီမိုကရေစီအသွင် ကူးပြောင်းစ ဖွံ့ဖြိုးဆဲ နိုင်ငံတစ်နိုင်ငံဖြစ်သည့် အတွက် နိုင်ငံရေး၊ လူမှုရေးနှင့်စီးပွားရေး ကဏ္ဍများတွင် စိန်ခေါ်မှု အမျိုးမျိုးနှင့် ရင်ဆိုင်နေရပါကြောင်း၊ ထိုစိန်ခေါ်မှုများကို အခွင့် အလမ်းများအဖြစ် မိမိတို့ သတ်မှတ်ပါကြောင်း၊ ထိုစိန်ခေါ်မှုများကို ပြည်သူနှင့်အတူ ရင်ဆိုင်ကျော်လွှားသွားမည်ဖြစ်ပါကြောင်း၊

ထိုသို့ ရင်ဆိုင်ကျော်လွှားနိုင်ရေးတွင် ပြည်တွင်းပြည်ပမှာရှိသည့် စိတ်တူကိုယ်တူ မိတ်ဖက်များ၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ပါ ကြောင်း။ မြန်မာနိုင်ငံတွင် မတူညီသည့်လူမျိုး၊ ဘာသာနှင့် မြေပြင်အနေအထား ရှိသည့်အတွက် ပြည်တွင်း လိုအပ်ချက်နှင့် ကိုက်ညီမည့် မဟာဗျူဟာများကို ဖော်ဆောင်နေပါကြောင်း၊ ထိုသို့ ဖော်ဆောင်ရာတွင် UHC ၏ ရည်မှန်း ချက်နှင့်အညီ လုပ်ဆောင်နေပါကြောင်း၊ ထို သို့ပြုပြင်ပြောင်းလဲမှုများတွင် အချိန်ယူရန် လိုအပ်သလို ဇွဲရှိရန်လည်း လိုအပ်သည်ဟု မိမိတို့သိထားပါကြောင်း။ UHC ရည်မှန်းချက်အောင်မြင်ရေးတွင် ပြည်သူများအနေဖြင့် ကျန်းမာရေးအသိရှိရန် လိုအပ်သည့်အပြင် ကျန်းမာရေးနှင့် အညီ ပြုမူနေထိုင်ကြရန် လိုအပ်သည်ကို မိမိတို့သိရှိပါကြောင်း၊   ထို့ကြောင့် နိုင်ငံအနှံ့အပြားရှိ ပြည်သူများ ကျန်းမာရေး ဗဟုသုတ မြှင့်တင်ရန်    ဆက်လက်ဆောင်ရွက်နေပါကြောင်း။

UHC သည် ရှည်လျားသော လုပ်ငန်းစဉ် တစ်ရပ်ဖြစ်သည့်အတွက် ၎င်း၏ မဟာဗျူဟာများကို အမြဲပြန်လည်သုံးသပ်ပြီး မြှင့်တင်ရန် လိုအပ်သလို ရေရှည်ကိုကြည့်ပြီး စဉ်းစားသုံးသပ်ရန် အမြဲလိုအပ်သည်ကိုလည်း မိမိတို့ သိရှိပါကြောင်း၊ ထိုအချက်များကို ထည့်သွင်းစဉ်းစားပြီး UHC ၏ လုပ်ငန်းများကို အဆင့်လိုက် အကောင်အထည်ဖော်သွားမည် ဖြစ်ပါကြောင်း။ အမျိုးသားကျန်းမာရေး စီမံကိန်းကို စနစ်တကျ အကောင်အထည်ဖော်ခြင်းသည် UHC ၏ ရည်မှန်းချက်များ အောင်မြင်စွာရရှိနိုင်လိမ့်မည်ဟု မိမိတို့သိရှိပါကြောင်း၊ UHC ကို အကောင်အထည် ဖော်နေပြီဖြစ်သော်လည်း အထမြောက်ရန် လုပ်ဆောင်ရမည့်လုပ်ငန်း များစွာ ရှိနေသေးပါကြောင်း။ ရည်မှန်းချက်အထမြောက်ရေးအတွက် အကျိုးတူပူးပေါင်း ဆောင်ရွက်နိုင်မည့် နိုင်ငံ နှင့်အဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုကို မိမိတို့ စောင့်မျှော်နေပါကြောင်း၊ ယခု အစည်းအဝေးကဲ့သို့ အတွေ့အကြုံမျှဝေ ရယူနိုင်သည့်နေရာများတွင်   တက်ကြွစွာ ပါဝင်နိုင်ရေးသည်    အလွန်အရေးကြီးပါကြောင်း။

မြန်မာနိုင်ငံ၏ UHC ရည်မှန်းချက်အောင်မြင်ရေးတွင် ဂျပန်နိုင်ငံအစိုးရ၏ ကူညီပံ့ပိုးမှုကို မိမိတို့ ကျေးဇူးတင်ရှိပါကြောင်း၊ ဂျပန်နိုင်ငံအစိုးရ၏ နှစ်ပေါင်းများစွာကတည်းက အကူအညီကြောင့် မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ  ဂျပန်နိုင်ငံရှိ အင်စတီကျူးရှင်းများတွင် အဆင့်မြင့် ပညာရပ်များကို သင်ကြားခွင့်ရရှိခဲ့ကြပါကြောင်း။ UHC နှင့် ပတ်သက်ပြီး ဆက်လက်ကူညီ ပံ့ပိုးမှုပြုလုပ်ပေးကြသည့် ဂျပန်အစိုးရ၊ ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(ဂျိုက်ကာ)၊ ကမ္ဘာ့ဘဏ်အဖွဲ့၊ WHO ၊ ကုလ သမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများနှင့် UHC ၂ဝ၃ဝ အဖွဲ့ဝင်နိုင်ငံများကို ကျေးဇူး တင်ရှိပါကြောင်းနှင့် မြန်မာနိုင်ငံ အနေဖြင့် အဆွေတော်တို့၏ မယိုင်မလဲခိုင်မြဲသော မိတ်ဆွေအဖြစ် ရှိမြဲရှိနေမည်ဟု ကတိပြုပြောကြားလိုပါကြောင်း။

မိမိတို့ပြည်သူများ အသက်ရှည်စွာနေထိုင် နိုင်ပြီး အဆင့်မြင့်မားသည့် လူနေမှုဘဝရရှိ ရေးအတွက် UHC ရည်မှန်းချက်အောင်မြင်ရေးတွင် မြန်မာအစိုးရအနေဖြင့် အစွမ်းကုန် ဆောင်ရွက်သွားမည်ဟု   ပြောကြားလိုပါ ကြောင်းြြေြေြေြေြေြေေေပြောကြားသည်။

No comments:

Post a Comment