လူခြောက်ဦး သေဆုံး၊ ၂၂ ဦး ထိခိုက်ဒဏ်ရာရ
ဆန်ဖရန်စစ္စကို ဒီဇင်ဘာ ၁၉
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ပြည်နယ် တွင် ဒီဇင်ဘာ ၁၈ ရက်က အမ်းထရက်ခရီး သည်တင်ရထားကုမ္ပဏီမှ ရထားတစ်စင်း လမ်းချော်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ လူခြောက် ဦးထက်မနည်း သေဆုံးပြီး ၂၂ ဦး ထိခိုက် ဒဏ်ရာရခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရသူများ အား ဆေးရုံသုံးရုံသို့ တင်ပို့ပေးထားရကြောင်း ဒေသတွင်းရှိ သတင်းမီဒီယာများက ဖော်ပြကြ သည်။
အမေရိကန်ပြည်ထောင်စု အနောက် ဘက်ကမ်းရိုးတန်းဒေသ ဝါရှင်တန်ပြည်နယ် ဆီရက်တယ်မြို့၏ တောင်ဘက် တာကိုမာမြို့ အနီးတွင် ရထားတွဲဆိုင်း ၁၄ တွဲပါရှိသော အမ်းထရက်ရထား အမှတ်(၅ဝ၁) လမ်းချော် တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည်။ ရထားတွဲ စုစု ပေါင်း ၁၃ တွဲ လမ်းချော်ခဲ့ကြောင်း ပြည်နယ် ရဲတပ်ဖွဲ့ လှည့်ကင်းအဖွဲ့က ပြောကြားသည်။
ထိုးကျ
လမ်းချော်မှုဖြစ်ပွားသည့် ရထားမှ အတွဲ တစ်တွဲထက် မနည်းသည် ကားလမ်းကူးတံတား ပေါ်မှ အောက်သို့ ထိုးကျကာ အဝေးပြေး လမ်းကိုပိတ်ဆို့စေကြောင်း၊ ရထားတွဲ အောက် သို့ ထိုးကျစဉ် အမြန်လမ်းပေါ်ရှိ မော်တော် ယာဉ်ငါးစင်းနှင့် တိုက်မိခဲ့ကြောင်း သတင်း တွင် ဖော်ပြသည်။
လိုက်ပါ
အမျိုးသား ခရီးသည်တင်ရထားကော်ပိုရေးရှင်း(အမ်ထရက်စ်)က ထုတ်ပြန်သည့် ကြေညာချက်တွင် လမ်းချော်မှုဖြစ်ပွားသည့် ရထားတွဲများပေါ်တွင် ခရီးသည် ၇၈ ဦးနှင့် ရထားဝန်ထမ်းငါးဦးတို့ အခင်းဖြစ်အချိန်တွင် လိုက်ပါသွားကြောင်း ဖော်ပြသည်။
Ref;Reuters, The Mirror Daily
No comments:
Post a Comment