Latest News

Sunday, December 3, 2017

မွတ်စလင်ထုံးစံ “ တွာလာ့ခ်သုံးကြိမ် “ ပေး၍ အမြန်အသင့်ကွာရှင်းခြင်းကို အိန္ဒိယတွင်ပယ်ဖျက်။ ဖောက်ဖျက်ကျူးလွန်လျှင် ထောင်ဒါဏ် ၃-နှစ်ထိ ကျခံရဖွယ်ရှိ

မွတ်စလင်ထုံးစံ “ တွာလာ့ခ်သုံးကြိမ် “ ပေး၍ အမြန်အသင့်ကွာရှင်းခြင်းကို အိန္ဒိယတွင်ပယ်ဖျက်။ ဖောက်ဖျက်ကျူးလွန်လျှင် ထောင်ဒါဏ် ၃-နှစ်ထိ ကျခံရဖွယ်ရှိ

အစ္စလာမ်ဘာသာ၏ အငြင်းပွားဖွယ်ဖြစ်သော “ တွာလာ့ခ်သုံးကြိမ် “ ပေး၍ အမြန်အသင့်ကွာရှင်းခြင်းကို တားမြစ်သော အစ္စလာမ်ဘာသာဝင်မျိုးသမီးများထိန်းမြားခြင်းဆိုင်ရာခုခံကာကွယ်ပိုင်ခွင့်ဥပဒေကို အိန္ဒိယနိုင်ငံတွင် ပြဌာန်းလိုက်ရာ ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှု့ထင်ရှားခဲ့လျှင် ထောင်ဒါဏ် ၃-နှစ်ထိ ကျခံရမည်ဖြစ်သည်။

အာရဗီဘာသာ “ တွာလာခ့် “ ဆိုသည်မှာ “ မင်းကို ကွာရှင်းတယ် “ ဟု အဓိပ္ပါယ်ရပြီး ဘာသာရေးဓလေ့အားဖြင့် လင်ယောက်ျားဖြစ်သူက “ တွာလာ့ခ် “ ဟု သုံးကြိမ်မြွက်ဟယုံဖြင့် ဇနီးမယားဖြစ်သူနှင့် ကွာရှင်းပြတ်စဲပြီး ဖြစ်သည်ဟု မှတ်ယူကျင့်သုံးကြသည်။ ၄င်းမှာ ကျမ်းစာအားလွဲမှားစွာ ဘာသာပြန်ခြင်းဖြင့် အစဉ်အလာဖြစ်ပေါ်လာသော အကျည်းတန်မှု့တစ်ရပ်ဖြစ်လာရာ အစ္စလာမ်ဘာသာဝင်မိန်းမများနှင့် အမွေခံသားသမီးများအတွက် ကုစားမှု့ပေးရန်ဖြစ်လာခဲ့သည်ဆို၏။

ဥတာပရာဒက်ရှ်ပြည်နယ်တွင် တိုင်ကြားမှု့ပေါင်း ၁၇၇-မှု့နှင့်၊ ယခုနှစ်တွင် အမှု့ပေါင်း ၆၆-မှု့ရှိနေရာ နောက်ပိုင်းတွင် တွာလာ့ခ်ကို အွန်လိုင်းမှနေ၍ အီးမေးဖြင့်သော်၎င်း၊ WhatApp ၊ SMS ပေးပို့လျှက် ပေးပို့နေကြသဖြင့် ထိုသို့ပြုလုပ်ခြင်းမှာ ဤဥပအရပြစ်မှု့ကျူးလွန်ရာရောက်မည်ဖြစ်သည်။

ယခုဥပဒေကို ဂျမူးနှင့် ကက်ရှ်မီးယားမှလွဲ၍ အိန္ဒိယတစ်နိုင်ငံလုံးတွင် ကျင့်သုံးမည်ဖြစ်သော်လည်း မွတ်စလင် အများစုနေထိုင်ရာ အဆိုပါပြည်နယ်များတွင် ကျင့်သုံးရန်ရန်ရှိ/မရှိ သဲကွဲစွာမသိရချေ။

နိုင်ငံတကာတွင် မွတ်စလင်အများစုနေထိုင်ရာတိုင်းပြည်များဖြစ်သည့် တူရကီ၊ အီဂျစ်၊ ဘင်္ဂလားဒေ့ရှ် နှင့် ပါ ကစ္စတန်တို့တွင် “ တွာလာ့ခ် “ သုံးကြိမ်ပေး၍ အမြန်အသင့်ကွာရှင်းခြင်းခြင်းကို ကာလကြမြင့်စွာကတည်းက ပယ်ဖျက်ထားပြီးဖြစ်သည်။

Htay Oung


No comments:

Post a Comment