Latest News

Tuesday, December 26, 2017

ရွှေတိဂုံစေတီတော်ခြေရင်းမှ ဂူဗိမာန်လေးလုံး ဆောင်းပါး

ရွှေတိဂုံစေတီတော်ခြေရင်းမှ ဂူဗိမာန်လေးလုံး ဆောင်းပါး


ရန်ကုန်မြို့၏ သင်္ကေတတစ်ခုအဖြစ်သာမက မြန်မာနိုင်ငံ၏ အမှတ်လက္ခဏာတစ်ခု အဖြစ်ပါ က္ဘာအနှံ့ထင်ရှားသည့် ရွှေတိဂုံစေတီတော်ကို လွန်ခဲ့သည့် နှစ် ၂၆ဝဝ ကျော်က တည်ထားခဲ့သည်ဟု  ယူဆကြသည်။  ရွှေတိဂုံသည် ဗုဒ္ဓဘာသာဆိုင်ရာ ရှေးဟောင်းအဆောက်အအုံတစ်ခုအဖြစ်သာမက တင့်တယ်သပ္ပာယ်သော ရွှေ စေတီကြီးတစ်ဆူအဖြစ်ပါ ထင်ရှားသည်။        

သိဂုင်္တ္တရကုန်းမြင့်ပေါ်တွင် ရွှေတိဂုံစေတီတော်ကို တည်ထားခဲ့စဉ်က စေတီတော် ဝန်းကျင်နေရာများတွင် သစ်ပင်သစ်တောများ ဝန်းရံနေခဲ့သည်။ ရန်ကုန်မြို့သည် ခေတ်အဆက်ဆက် မြို့ပြဖွံ့ဖြိုးလာချိန်တွင် စေတီတော်၏ အရပ်မျက်နှာလေးဘက် တွင် မုခ်ဦးတန်ဆောင်းများတည်ဆောက်၍ လမ်းများကိုလည်း ဖောက်လုပ်ခဲ့ကြ သည်။
ရွှေတိဂုံစေတီတော် မုခ်အသီးသီး၏ အောက်ခြေမြေကွက်လပ်များတွင် မြန်မာ နိုင်ငံ၏ အထင်ကရလူပုဂ္ဂိုလ်များ၏ ဂူဗိမာန်များကို ထားရှိသည့်အနက် စေတီတော် အနောက်မုခ်နှင့် တောင်ဘက်မုခ်အကြားရှိ အာဇာနည်ဗိမာန်သည် အထင်ရှားဆုံး ဖြစ်သည်။ ထို့အတူ စေတီတော် တောင်ဘက်မုခ်အဆင်းရှိ ရွှေတိဂုံဘုရားလမ်း အနောက်ဘက်ခြမ်းတွင်လည်း သမိုင်းဝင် ဂူဗိမာန်လေးလုံးကို လေ့လာနိုင်ကြပေ သည်။ ဂူဗိမာန်များထားရှိသည့် ယင်းဝင်းခြံအတွင်း၌ သီပေါမင်း၏မိဖုရား စုဖုရား လတ်၊ ငြိမ်းချမ်းရေးခေါင်းဆောင် သခင်ကိုယ်တော်မှိုင်း၊ ကုလသမဂ္ဂအတွင်းရေးမှူး ချုပ်ဟောင်း ဦးသန့်နှင့် အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ဇနီး ဒေါ်ခင် ကြည်တို့၏ အုတ်ဂူများကို မြင်တွေ့ကြရသည်။

စုဖုရားလတ် (ခရစ်နှစ် ၁၈၅၉-၁၉၂၅)
မြန်မာနိုင်ငံသမိုင်းတွင် နောက်ဆုံးဘုရင်ဖြစ်သည့် သီပေါမင်း၏ကြင်ယာတော် စုဖုရားလတ်ကို ခရစ်နှစ် ၁၈၅၉ ခုနှစ် ဧပြီလ ၁၂ ရက်တွင် မင်းတုန်းမင်းနှင့် အလယ် နန်းတော်မိဖုရား ဆင်ဖြူမရှင်တို့က ဒုတိယမြောက်သမီးတော်အဖြစ် ဖွားမြင်ခဲ့သည်။ သီရိပဝရ တိလောကမင်္ဂလာ မဟာရတနာဒေဝီဘွဲ့ခံ  စုဖုရားလတ်၏ မယ်တော် ဆင်ဖြူမရှင်သည် ကုန်းဘောင်ဆက်ဘုရင်  စစ်ကိုင်းမင်းနှင့်  နန်းမတော်မယ်နုတို့ ၏ သမီးဖြစ်ပြီး  မြန်မာသမိုင်းတွင်  ပုဂံခေတ်က ဖွားစော၊  ကုန်းဘောင်ခေတ်တွင် နန်းမတော်မယ်နုနှင့် စုဖုရားလတ်တို့သည် အထင်ရှားဆုံးမိဖုရားများ ဖြစ်ခဲ့သည်။

သီပေါမင်းသည် မင်းတုန်းမင်းနှင့် လောင်းရှည်မိဖုရားတို့၏ သားတော်ဖြစ်ပြီး ခမည်းတော်တူ၍ မယ်တော်ကွဲသည့် နှမဖြစ်သူ စုဖုရားလတ်နှင့် လက်ဆက်ခဲ့ကာ မင်းတုန်းမင်းနတ်ရွာစံပြီးနောက် ခရစ်နှစ် ၁၈၇၈ ခုနှစ်တွင် ကုန်းဘောင်ဘုရင် ဖြစ် လာခဲ့သည်။
သီပေါမင်းသည် ရတနာပုံမ္တလေးတွင် ခုနစ်နှစ်ကြာ နန်းစံခဲ့ပြီး ၁၈၈၅ ခုနှစ်တွင် ဗြိတိသျှတို့က နန်းမှချကာ အိန္ဒိယသို့ ပို့ဆောင်ခဲ့သဖြင့် မိဖုရားဖြစ်သူ စုဖုရားလတ် လည်း လိုက်ပါသွားခဲ့ရသည်။ ထိုအချိန်တွင် သီပေါမင်းသည် အသက် ၂၇ နှစ်၊ စုဖုရား လတ်က အသက် ၂၆ နှစ်အရွယ်သာ ရှိခဲ့ကြသည်။

ကုန်းဘောင်ဆက် နောက်ဆုံးဘုရင်နှင့် မိဖုရားတို့သည် အိန္ဒိယနိုင်ငံတွင် နှစ် ၃ဝ ကြာ နေခဲ့ကြရပြီး သီပေါမင်းသည် ၁၉၁၆ ခုနှစ်တွင် ရတနာဂီရိ၌ နတ်ရွာစံခဲ့သည်။ ဗြိတိသျှအစိုးရက သီပေါမင်း၏ရုပ်အလောင်းကို မြန်မာနိုင်ငံသို့ သယ်ယူခွင့်မပြု သဖြင့် အိန္ဒိယနိုင်ငံ၌ပင် သဂြုင်္ိဟ်မြှုပ်နှံခဲ့ရသည်။ ဗြိတိသျှအစိုးရသည် စုဖုရားလတ်ကို ၁၉၁၉ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်ခွင့်ပြုခဲ့ပြီး ရန်ကုန်မြို့တွင်နေထိုင်စေခဲ့ကာ မ္တလေးသို့ သွားခွင့်မပြုခဲ့ချေ။ စုဖုရားလတ်သည် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ ပြီးနောက် သခင်ကိုယ်တော်မှိုင်းက အကြံÓဏ်များပေးခဲ့သည်။ သခင်ကိုယ်တော် မှိုင်းသည် အသက်ကိုးနှစ်အရွယ်က သီပေါမင်းနှင့် စုဖုရားလတ်တို့ ပါတော်မူသည့် ၁၈၈၅ ခုနှစ် နိုဝင်ဘာ ၂၅ ရက်တွင် အရှင်နှစ်ပါးကို ဗြိတိသျှတပ်များက ဧရာဝတီ မြစ်ဆိပ်ရှိ သူရိယသင်္ဘောသို့ ခေါ်ဆောင်သွားပုံကို မ္တလေးမြို့ မြတောင်ကျောင်း တိုက် စာတော်ဝန်ဦးစံကျောင်းပေါ်မှ ကိုယ်တိုင်မြင်တွေ့ခဲ့သည်။

စုဖုရားလတ်သည် အသက် ၆၆ နှစ်အရွယ် ၁၉၂၅ ခုနှစ် နိုဝင်ဘာ ၂၄ ရက် အင်္ဂါ နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့ရာ ဆွေတော်မျိုးတော်များက မ္တလေးမြို့တွင်မြှုပ်နှံ ရန် ဆန္ဒရှိခဲ့သော်လည်း ဗြိတိသျှအစိုးရက ခွင့်မပြုခဲ့ဘဲ ဈာပနကျင်းပသည့်နေ့ကို ရုံးပိတ်ရက်အဖြစ် ကြေညာပေးခဲ့သည်။ စုဖုရားလတ်၏ရုပ်ကလာပ်ကို ယခုထားရှိသော နေရာတွင် မြှုပ်နှံသည့် အခမ်းအနားသို့ သံဃာတော်အပါး ၉ဝြ<ွကရောက်ခဲ့သည်။ စုဖုရားလတ်၏ ဈာပနအခမ်းအနားသို့ ဗြိတိသျှဝန်ရှင်တော်မင်းကြီး ဆာဟာကုတ် ဘတ္တလာ တက်ရောက်ခဲ့ကာ ရုပ်ကလာပ်ကို ထီးဖြူရှစ်လက်မိုးလျက် ဂုဏ်ပြုသေနတ် အချက် ၃ဝ ပစ်ဖောက်ခဲ့သည်။
သီပေါမင်းနှင့် စုဖုရားလတ်တို့သည် သားတော်တစ်ပါးနှင့် သမီးတော်လေးပါး ထွန်းကားခဲ့သည်။ ယခုအခါ စုဖုရားလတ်၏ ဂူဗိမာန်ပတ်လည်တွင် ကွယ်လွန်ခဲ့သည့် ဆွေတော်မျိုးတော်ခြောက်ဦး၏ အုတ်တိုင်မှတ်တမ်းများ စိုက်ထူထားသည်။

သခင်ကိုယ်တော်မှိုင်း (ခရစ်နှစ် ၁၈၇၆-၁၉၆၄)
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးခေါင်းဆောင်တစ်ဦးအဖြစ် ထင်ရှားသည့် ဆရာကြီး သခင်ကိုယ်တော်မှိုင်းကို ခရစ်နှစ် ၁၈၇၆ ခုနှစ် မတ်လ ၂၃ ရက်(မြန်မာသက္ကရာဇ် ၁၂၃၇ ခုနှစ် တပေါင်းလပြည့်ကျော် ၁၄ ရက်)တွင် အဖ ဦးစံဒွန်း၊ အမိ ဒေါ်အုန်းတို့က ပြည်ခရိုင် ရွှေတောင်မြို့နယ် ဝါးလယ်ရွာတွင် ဖွားမြင်ခဲ့သည်။ မွေးချင်း ငါးယောက် အနက် ဒုတိယမြောက်ဖြစ်ပြီး ငယ်နာမည်မှာ မောင်လွန်းမောင်ဖြစ်သည်။ ငယ်စဉ်က ကျီးသဲလေးထပ်ဆရာတော်ကြီးထံတွင် ပညာသင်ယူခဲ့ပြီး မ္တလေးမြတောင်ကျောင်း တွင် ရှင်ပဏ္ဍိတဘွဲ့အမည်ဖြင့် ကိုရင်ဝတ်ခဲ့ကာ စစ်ကိုင်း၊ ချောင်းဦး၊ အလုံ၊ မောင်း ထောင်၊ ဘုတလင်၊ ကန္နီဒေသများတွင် ပညာသင်ယူခဲ့သည်။ ၁၉ဝဝ ပြည့်နှစ်တွင် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ကာ ၁၉ဝ၃ ခုနှစ်တွင် အိမ်ထောင်ကျခဲ့သည်။
သခင်ကိုယ်တော်မှိုင်းသည် ဇာတ်စာအုပ်များနှင့် ပြဇာတ် အပုဒ် ၈ဝ ရေးသားပြီး နောက် ၁၉၁၂ ခုနှစ် ဝန်းကျင်တွင် ခေတ်ပညာတတ် မြန်မာလူငယ်များအကြား၌ အင်္ဂလိပ်ကိုအထင်ကြီးလျက် အမည်ရှေ့၌ မစ္စတာတပ်ခြင်း ခေတ်စားချိန်တွင် ချဉ်ပေါင်ရွက်သည်မောင်မှိုင်း ဝတ္ထုထဲမှ လူရှုပ်လူပွေမောင်မှိုင်း၏အမည်ကို ယူ၍ မစ္စတာမောင်မှိုင်းအမည်ဖြင့် သူရိယသတင်းစာတွင် ဆောင်းပါးများရေးသားခဲ့သည်။
၁၉၂ဝ ပြည့်နှစ်တွင် သူရိယသတင်းစာ၌ အယ်ဒီတာလုပ်နေရာမှ စားဝတ်နေ ရေးအခက်အခဲများရှိသည့်တိုင် သပိတ်မှောက်ကျောင်းသားများကိစ္စသည် အမျိုး သားရေးကိစ္စဟု ယူဆကာ သတင်းစာမှထွက်၍ ဗဟန်းအမျိုးသားကောလိပ်တွင် မြန်မာစာပေနှင့် ရာဇဝင်ဘာသာရပ်များ ပို့ချသင်ကြားသည့်တာဝန်ကို ယူခဲ့သည်။ ၁၉၂၁ ခုနှစ်တွင် ဗြိတိသျှအိမ်ရှေ့စံ ဝေလမင်းသားအား ဂုဏ်ပြုသည့်ရတုကို ဥာဏ် ပူဇော်ခ ၁ဝဝဝ ကျပ်ဖြင့် ရေးပေးရန် ဦးမေအောင်က ပန်ကြားခဲ့ခြင်းကို ငြင်းပယ် ခဲ့သည်။ ထိုအချိန်က ငွေတန်ဖိုးသည် ရွှေတစ်ကျပ်သားဝယ်လျှင် မြန်မာငွေ ၁ဝ ကျပ် သာပေးရသည့် အချိန်ဖြစ်ရာ များပြားလှသည့်ငွေကြေးကို တိုင်းတစ်ပါးသားအား ဂုဏ်ပြုရမည့် စာတစ်ပုဒ်နှင့် မလဲခဲ့သည့် သခင်ကိုယ်တော်မှိုင်း၏လုပ်ရပ်သည် အားကျဂုဏ်ယူဖွယ် ထင်ရှားခဲ့ပေသည်။

သခင်ကိုယ်တော်မှိုင်းသည် ဆရာစံ တောင်သူလယ်သမားအရေးတော်ပုံ ပေါ် ပေါက်ခဲ့သည့် ၁၉၃ဝ ပြည့်နှစ်တွင်လည်း သူရိယသတင်းစာ၌ ဂဠုန်ဒီပနီ ဆောင်းပါး များရေးကာ တောင်သူလယ်သမားများဘက်မှ ရပ်တည်ခဲ့သည်။
ရေနံချောင်းမြို့၌ ၁၉၃၄ ခုနှစ်တွင်ကျင်းပခဲ့သည့် ပထမအကြိမ် သခင်များညီလာခံ က သခင်ကိုယ်တော်မှိုင်းကို တို့ဗမာအစည်းအရုံး နာယကအဖြစ် တင်မြှောက်ခဲ့သည်။ ထိုအချိန်မှစ၍ မစ္စတာမောင်မှိုင်းမှ သခင်ကိုယ်တော်မှိုင်းအမည်သို့ ပြောင်းလဲခဲ့ သည်။ သခင်ကိုယ်တော်မှိုင်းသည် တို့ဗမာအစည်းအရုံး နာယကအဖြစ် မြန်မာနိုင်ငံ တစ်ဝန်းတွင် နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားလွတ်မြောက်ရေးတရားများ ဟောခဲ့ သည်။
၁၉၄၁ ခုနှစ်တွင် ဗြိတိသျှတို့၏ ဖမ်းဝရမ်းထုတ်ခြင်း ခံရသဖြင့် တိမ်းရှောင်ခဲ့သည်။ ဖက်ဆစ်ဂျပန်တော်လှန်ရေးကာလ (ခရစ်နှစ် ၁၉၄၄-၁၉၄၅)တွင်လည်း သခင်ကိုယ် တော်မှိုင်းသည် တပည့် သခင်များနှင့်အတူ ရှောင်တိမ်းပုန်းအောင်းနေခဲ့ရသည်။
သခင်ကိုယ်တော်မှိုင်းသည် ငြိမ်းချမ်းရေးဆောင်ရွက်မှုအဖြစ် ၁၉၅၃ ခုနှစ်တွင် တရုတ်နိုင်ငံ၊ မွန်ဂိုလီးယားနိုင်ငံ၊ ဟန်ဂေရီနိုင်ငံနှင့် ဆိုဗီယက်ယူနီယံနိုင်ငံတို့သို့ ခရီး လှည့်လည်ခဲ့သည်။ ၁၉၅၇ ခုနှစ်တွင် သီဟိုဠ်နှင့် အိန္ဒိယနိုင်ငံတို့တွင် ငြိမ်းချမ်းရေး ကွန်ဖရင့် တက်ရောက်ခဲ့ပြီး ၁၉၆ဝ ပြည့်နှစ်တွင် အရှေ့ဂျာမနီ ဟမ်းဘတ်တက္ကသိုလ်မှ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ရရှိခဲ့သည်။
ပြည်တွင်းငြိမ်းချမ်းရေး ဖခင်ကြီးတစ်ဦးအဖြစ် ထင်ရှားသည့် သခင်ကိုယ်တော်မှိုင်း သည် ၁၉၆၄ ခုနှစ် ဇူလိုင်လ ၂၃ ရက်တွင် ကွယ်လွန်ခဲ့ရာြ<ွကင်းကျန်သည့်ရုပ်ကလာပ်ကို ရွှေတိဂုံစေတီတော်တောင်ဘက်မုခ် ခြေတော်ရင်းတွင် မြှုပ်နှံခဲ့သည်။ ဆရာကြီးသည် စာအုပ် ၅၉ အုပ် ရေးသားကာ စာအုပ် ၁၅ အုပ်ကို တည်းဖြတ်ထုတ်ဝေခဲ့သည်။
ဦးသန့်(ခရစ်နှစ် ၁၉ဝ၉-၁၉၇၄)
က္ဘာ့ကုလသမဂ္ဂအဖွဲ့၏ တတိယမြောက် အထွေထွေအတွင်းရေးမှူးချုပ်တာဝန် ကို ၁၉၆၁ ခုနှစ်မှ ၁၉၇၁ ခုနှစ်အထိ သက်တမ်းနှစ်ကြိမ် ထမ်းဆောင်ခဲ့သူ ဦးသန့် သည် အာရှတိုက်သားများအနက် ပထမဆုံး ကုလအတွင်းရေးမှူးချုပ် ဖြစ်ခဲ့သည့် မြန်မာ့ဂုဏ်ဆောင် သံတမန်တစ်ဦးဖြစ်သည်။
ဦးသန့်ကို ၁၉ဝ၉ ခုနှစ် ဇန်နဝါရီ ၂၂ ရက်တွင် အဖ ဦးဖိုးနှစ်၊ အမိ ဒေါ်နန်းသောင်တို့ က ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့တွင် ဖွားမြင်ခဲ့သည်။ မွေးချင်းလေးဦး အနက် အကြီးဆုံးဖြစ်ကာ မိဘများသည် မြေပိုင်ရှင်နှင့် ဆန်ကုန်သည်များ ဖြစ်ကြ သည်။ ဦးသန့်၏ဖခင် ဦးဖိုးနှစ်သည် ကာလကတ္တားမြို့တွင် ပညာသင်ယူခဲ့သူတစ်ဦး ဖြစ်သဖြင့် ဦးသန့်သည် ဖခင်ဖြစ်သူထံမှ အင်္ဂလိပ်စာနှင့် စာပေဗဟုသုတများကို သင်ယူခွင့်ရရှိခဲ့သည်။
ဦးသန့်သည် ရန်ကုန်တက္ကသိုလ်တွင် ပညာသင်ယူပြီးနောက် ပန်းတနော်မြို့ အမျိုး သားကျောင်းတွင် တာဝန်ထမ်းဆောင်ကာ ကျောင်းအုပ်ဖြစ်လာခဲ့သည်။ ထိုအချိန် တွင် မအူပင်ပညာအုပ် ဦးနုနှင့် ခင်မင်ရင်းနှီးခဲ့ကာ ဦးနု ဝန်ကြီးချုပ်ဖြစ်လာချိန် ၁၉၄၈ ခုနှစ်တွင် ဦးသန့်အား အသံလွှင့်ဌာန ညွှန်ကြားရေးဝန်အဖြစ် တာဝန်ပေးခဲ့ သည်။ နောက်ပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၏ အတွင်းရေးမှူး ဖြစ်လာခဲ့ကာ နိုင်ငံတကာအစည်းအဝေးများကို တက်ရောက်ခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံ ဘန်ဒေါင်း မြို့တွင် ကျင်းပခဲ့သည့် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ထူထောင်ရေး ပထမအကြိမ် အာရှ-အာဖရိကနိုင်ငံများ ညီလာခံတွင် အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သည်။
ဦးသန့်သည် ၁၉၅၇ ခုနှစ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် တာဝန်ပေးအပ်ခြင်းခံရပြီး ၁၉၆၁ ခုနှစ်အထိ မြန်မာသံအမတ်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၆၁ ခုနှစ်တွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဒက်ဟမ်းမားရှိုး ရုတ်တရက်ကွယ်လွန်ခဲ့ပြီးနောက် ဦးသန့်အား ၁၉၆၁ ခုနှစ် နိုဝင် ဘာ ၃ ရက်မှစ၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ထောက်ခံချက်ဖြင့် အထွေထွေ ညီလာခံက ယာယီအတွင်းရေးမှူးချုပ်အဖြစ် ခန့်အပ်ခဲ့သည်။ ထို့နောက် ၁၉၆၂ ခုနှစ် နိုဝင်ဘာလ ၃ဝ ရက်တွင် ကုလသမဂ္ဂအထွေထွေညီလာခံက ဦးသန့်ကို အတွင်း ရေးမှူးချုပ်အဖြစ် ခန့်အပ်ခဲ့သည်။
ဦးသန့်သည် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ပထမအကြိမ်သက်တမ်း အတွင်း ကျူးဘားဒုံးကျည်ပြဿနာနှင့် ကွန်ဂိုပြည်တွင်းစစ် အရေးတို့ကို အောင် မြင်စွာ ဖြေရှင်းပေးခဲ့သည်။ ၁၉၆၆ ခုနှစ် ဒီဇင်ဘာလ ၂ ရက်တွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဒုတိယသက်တမ်း ဆက်လက် ထမ်းဆောင်ရန် ခန့်အပ်ခံရသည်။ ဦးသန့်သည် နိုင်ငံတကာအရေးများတွင် ကြားဝင်စေ့စပ်မှုများစွာကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်။ အထူးသဖြင့် ဒုတိယသက်တမ်းအတွင်း အာရပ်-အစ္စရေး ခြောက်ရက်စစ်ပွဲ(၁၉၆၇ ခုနှစ်)၊ အိန္ဒိယ-ပါကစ္စတန်စစ်ပွဲ(၁၉၇၁ ခုနှစ်) တို့ကို အေးငြိမ်းစေရန် ဖြေရှင်းပေးခဲ့သည်။ ဗီယက်နမ်စစ်ပွဲကို ပြစ်တင်ဝေဖန် ခဲ့သဖြင့် အမေရိကန်အစိုးရနှင့် ဆက်ဆံရေး အဆင်မပြေ ဖြစ်ခဲ့သည်။
ဦးသန့်သည် မိမိသက်တမ်းမကုန်မီ ၁ဝ ရက်အလို ၁၉၇၁ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်တွင် အတွင်းရေးမှူးချုပ်အသစ် ကွတ်ဝါးလ်ဟိုင်းကို တာဝန်များ လွှဲပြောင်းပေးခဲ့ သည်။ ၁၉၇၄ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်တွင် ဦးသန့်သည် အမေရိကန်နိုင်ငံ နယူး ယောက်မြို့၌ ကွယ်လွန်ခဲ့ပြီးနောက် သူ၏ရုပ်အလောင်းကို မြန်မာနိုင်ငံသို့ ပြန် လည်သယ်ဆောင်ခဲ့သည်။ ထိုအချိန်တွင် နိုင်ငံရေးရှုပ်ထွေးမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် ဦးသန့်၏ရုပ်အလောင်းကို ၁၉၇၄ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်တွင် ရွှေတိဂုံစေတီတော် ခြေတော်ရင်း၌ မြှုပ်နှံခဲ့သည်။ ဦးသန့်သည် ဒေါ်သိန်းတင်နှင့် လက်ထပ်ခဲ့ကာ သား သမီးသုံးဦး ထွန်းကားခဲ့သည်။
ဒေါ်ခင်ကြည် (ခရစ်နှစ် ၁၉၁၂-၁၉၈၈)
မြန်မာနိုင်ငံ၏အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ဇနီး မဟာသီရိ သုဓမ္မ ဒေါ်ခင်ကြည်ကို ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့၌ အဖ ဦးမိုးညှင်း၊ အမိ ဒေါ်စုတို့က ၁၉၁၂ ခုနှစ် ဧပြီလ ၁၆ ရက်တွင် ဖွားမြင်ခဲ့သည်။ မွေးချင်းကိုးဦးအနက် သတ္တမဖြစ်သည်။ မြောင်းမြ၊ ကြည့်မြင်တိုင်နှင့် မော်လမြိုင်မြို့တို့တွင် ပညာသင်ယူ ခဲ့ပြီး မြောင်းမြအမျိုးသားအထက်တန်းကျောင်းတွင် စေတနာ့ဝန်ထမ်းဆရာမအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကာ ဝါသနာအရ သူနာပြုဆရာမအလုပ်ကို ရွေးချယ်ခဲ့သည်။ စစ်မဖြစ်မီက ရန်ကုန်ဆေးရုံကြီးတွင် သူနာပြုတာဝန် ထမ်းဆောင်ခဲ့သည်။
ရန်ကုန်မြို့ ဗုံးဒဏ်သင့်ခံရပြီးနောက် ဒဏ်ရာရလူနာများကို ကာလာကတ္တားသို့ ပို့ဆောင်ရာတွင် စေတနာ့ဝန်ထမ်း လိုက်ပါဆောင်ရွက်ခဲ့ပြီး အိန္ဒိယမှ မြန်မာနိုင်ငံသို့ နောက်ဆုံးထွက်သည့်သင်္ဘောဖြင့် ပြန်လာခဲ့သည်။ ရန်ကုန်ဆေးရုံကြီးတွင် ဂျပန်များ တပ်စွဲထားသဖြင့် ဂေါ်ရာကုန်းရှိ ဒိုင်အိုစီဒင် မိန်းကလေးကျောင်းသည် ဒေါက်တာ ဘမော်လက်ထက်တွင် ရန်ကုန်ဆေးရုံကြီး ဖြစ်လာခဲ့ရာ ဒေါ်ခင်ကြည်သည် ယင်း ဆေးရုံတွင်  အမှုထမ်းနေစဉ်  ဗိုလ်ချုပ်အောင်ဆန်းနှင့်  ဆုံစည်းခဲ့ပြီး  ၁၉၄၂  ခုနှစ် စက်တင်ဘာလ ၆ ရက်တွင် လက်ထပ်ထိမ်းမြားခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းကျဆုံးပြီးနောက် ဒေါ်ခင်ကြည်သည် ဗိုလ်ချုပ်အောင်ဆန်း၏ မဲဆန္ဒနယ်တွင် လွှတ်တော်အမတ်အဖြစ် ရွေးချယ်ခံခဲ့ရသည်။ ၁၉၄၇ ခုနှစ် သြဂုတ် ၂ ရက်တွင် ဗိုလ်ချုပ်ချမှတ်ခဲ့သော လမ်းစဉ်အတိုင်း လိုက်နာကျင့်ဆောင်ကြပါရန် လူထုပန်ကြားလွှာကို ထုတ်ပြန်ခဲ့သည်။
ဒေါ်ခင်ကြည်သည် ၁၉၄၇ ခုနှစ်မှ ၁၉၅၃ ခုနှစ်အထိ မြန်မာအမျိုးသမီးညွှန်ကြား ရေးဝန်အဖြစ်လည်ကောင်း၊ ၁၉၅၃ ခုနှစ်မှ ၁၉၅၈ ခုနှစ်အထိ လူမှုဝန်ထမ်းစီမံကိန်း ကော်မရှင် ဥက္ကဋ္ဌအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။ ဒေါ်ခင်ကြည် သည် ကျန်းမာရေး လူမှုရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် က္ဘာ့ကျန်းမာရေးအဖွဲ့ ညီလာခံများသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်၍ တက်ရောက်ခဲ့ရာ ကိုလံဘို ညီလာခံတွင် ညီလာခံသဘာပတိအဖြစ် တာဝန်ပေးအပ်ခြင်းခံခဲ့ရသည်။
ဒေါ်ခင်ကြည်သည် ၁၉၆ဝ ပြည့်နှစ်တွင် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဖြစ်လာခဲ့ကာ နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ်ပါ ပူးတွဲတာဝန်ပေးအပ် ခြင်း ခံခဲ့ရသည်။ မြန်မာနိုင်ငံ၏ ပထမဆုံး အမျိုးသမီးသံအမတ်ကြီးအဖြစ် ခုနစ်နှစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၆၇ ခုနှစ်တွင် အငြိမ်းစားယူခဲ့ကာ ၁၉၈၈ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၇၆ နှစ် ရှိပြီဖြစ်ကာ ဒေါ်ခင်ကြည်သည် တိုင်းကျိုးပြည်ပြုလုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့မှုကြောင့် ပြည်တွင်းပြည်ပ ဆုတံဆိပ်များကို ရရှိခဲ့သည်။
မြန်မာနိုင်ငံ၏အထင်ကရ ရွှေတိဂုံစေတီတော်၏ခြေရင်းတွင် မြန်မာနိုင်ငံ လွတ် လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်များ၏ ဂူဗိမာန်များထားရှိသည့် အာဇာနည်ဗိမာန် တည်ရှိသကဲ့သို့ မြန်မာနိုင်ငံ၏ အထင်ကရပုဂ္ဂိုလ်လေးဦး၏ ဂူ ဗိမာန်များလည်း တည်ရှိနေပေသည်။ မြန်မာနိုင်ငံသမိုင်းတွင် ထင်ရှားခဲ့သည့်ပုဂ္ဂိုလ် များ၏ ဂူဗိမာန်များကို ပြည်တွင်းပြည်ပမှ ရွှေတိဂုံစေတီတော်သို့ လာရောက်ကြသူ များ ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ရန် ဗိမာန်ဝင်းကို နေ့စဉ် ဖွင့်လှစ်ထားလျက်ရှိပေ သည်။      ။
ကိုးကား
မြန်မာ့စွယ်စုံကျမ်းများ
မောင်သာ(ရှေးဟောင်းသုတေသန)မြန်​မာ့အလင်း

No comments:

Post a Comment