Latest News

Tuesday, December 26, 2017

ဖိလစ်ပိုင်၌ အထိနာစေခဲ့သော မုန်တိုင်း ဗီယက်နမ်နိုင်ငံသို့ ဆက်လက်ဦးတည်

ဖိလစ်ပိုင်၌ အထိနာစေခဲ့သော မုန်တိုင်း
ဗီယက်နမ်နိုင်ငံသို့ ဆက်လက်ဦးတည်

ဖိလစ်ပိုင်နိုင်ငံတွင် ရေလွှမ်းမိုးမှုများ၊ မြေပြိုမှုများနှင့်အတူ လူပေါင်း ၂၃ဝ ခန့်အထိ သေဆုံးမှုကို ဖြစ်ပေါ်စေခဲ့သော အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်းသည် ဒီဇင်ဘာ ၂၅ ရက် ညနေပိုင်းတွင် ဗီယက်နမ်နိုင်ငံသို့ ဦးတည် ချဉ်းကပ်လာခဲ့ရာ နိုင်ငံတောင်ပိုင်းကမ်းခြေတစ်လျှောက် မြေနိမ့်ပိုင်းဒေသတွင် နေထိုင်သူ လူပေါင်းတစ်သန်းခန့်ကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးနိုင်ရန် အစိုးရတာဝန်ရှိသူ များက ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေ ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။

ခရစ်ယာန်ဘာသာဝင်များ အများစု နေ ထိုင်ရာ ဖိလစ်ပိုင်နိုင်ငံတွင် ခရစ္စမတ်ကာလ မတိုင်မီ   တမ်ဘင်းအမည်ရှိ    အပူပိုင်း         ဆိုင်ကလုန်းမုန်တိုင်း    တိုက်ခတ်ခဲ့ပြီးနောက် ဒီဇင်ဘာ ၂၅ ရက် နှောင်းပိုင်းတွင်  ဗီယက် နမ်နိုင်ငံသို့ ဝင်ရောက်လာမည်ဟု မျှော်လင့် ရသည်။ မုန်တိုင်းတိုက်ခတ်မှုဒဏ်ကို အဓိက တွေ့ကြုံနိုင်သောဒေသမှ      ပြည်သူဦးရေ ၇၄ဝဝဝ တို့ကို ဘေးကင်းလုံခြုံသည့်နေရာသို့ ရွှေ့ပြောင်းပေးထားပြီးဖြစ်ကြောင်း ဗီယက်နမ် သဘာဝဘေး ကြိုတင်ကာကွယ်ရေးကော်မတီ က ပြောကြားသည်။

ထိုစဉ်အတွင်းတွင်  ဗီယက်နမ်နိုင်ငံ အတွင်းရှိ ပြည်နယ် ၁၅ ခုနှင့် မြို့များရှိ ပြည်သူ တစ်သန်းကျော်အား နေရာရွှေ့ပြောင်း နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ် ထားကြသည်။

ရေနံတွင်းတူးစင်များနှင့် ရေယာဉ်များအား အကာအကွယ်များပြုလုပ်ထားရန်နှင့် ငါးဖမ်း မော်တော်ဘုတ် ၆၂ဝဝဝ အား ပင်လယ်ပြင် အတွင်းသို့ ထွက်ခွာခြင်းမပြုရန် ဗီယက်နမ် အာဏာပိုင်များက    သတိပေးချက်များ ထုတ်ပြန်ထားသည်။              

 Ref;Reuters(The Mirror Daily)

No comments:

Post a Comment