Latest News

Saturday, December 9, 2017

ကျောတွင် စက်တပ်ဆင်လျက် ဖမ်းဆီးရမိထားသောလင်းယုန်ငှက်ကြီး တစ်ကောင်အားလွဲပြောင်းပေးအပ်

ကျောတွင် စက်တပ်ဆင်လျက် ဖမ်းဆီးရမိထားသောလင်းယုန်ငှက်ကြီး တစ်ကောင်အားလွဲပြောင်းပေးအပ်

မင်းကင်း   ဒီဇင်ဘာ   ၉

စစ်ကိုင်းတိုင်းဒေသကြီး  ကလေးခရိုင် မင်းကင်းမြို့နယ် ၊ သာစည်ကျေးရွာတွင်ဒီဇင်ဘာ ၆ ရက် နံနက်ပိုင်းက ကျောတွင်စက်တပ်ဆင်လျက်ဖမ်းဆီးရမိပြီးမင်းကင်းမြို့နယ်သစ်တောဦးစီးဌာနက ထိန်းသိမ်း စောင့်ရှောက်ထားသောလင်းယုန်ငှက်အား  လွှဲပြောင်းပေးအပ်ပွဲကို  ဒီဇင်ဘာ  ၉ ရက်  နံနက် ၉ နာရီကမင်းကင်းမြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိဦးချစ်သန်းထွန်း၏နေအိမ်၌ကျင်းပပြုလုပ်သည်။

        အဆိုပါဖမ်းဆီးရမိထားသောလင်းယုန်ငှက်ကို မြို့နယ်သစ်တောဦးစီးအရာရှိဦးချစ်သန်းထွန်းက တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှဒေါက်တာထွန်းထွန်းလင်းထံသို့ လွဲပြောင်းပေးအပ်ပြီး တိုင်းဒေသကြီးသစ်တောဦးစီး ဌာန(မုံရွာ)သို့ သတင်းပို့ကာ ယင်းမှတစ်ဆင့်မန္တလေးမြို့ရတနာပုံတိရစ္ဆာန် ဥယျာဉ်သို့ ကားဖြင့်သယ်ဆောင်၍  အဆိုပါတိရစ္ဆာန်ဥယျာဉ်မှဆရာဝန်က စစ်ဆေးကုသပေးသွားမည်ဖြစ် သည့်အပြင်လင်းယုန်ငှက်ပိုင်ရှင်ပေါ်ပေါက် လာပါက သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှပြန်လည်လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
လင်းယုန်ငှက်လွှဲပြောင်းပေးအပ်ပွဲသို့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးသိန်းစိုးနှင့် မြို့နယ်ရဲ တပ်ဖွဲ့မှူး ရဲမှူး ဦးကျော်သက်ထွန်းတို့ တက်ရောက်ကြသည်။

        အဆိုပါလင်းယုန်ငှက်ကျောရှိတပ်ဆင်ထားသောစက်တွင်မွန်ဂိုလီးယားဟုစာသားပါရှိသည့်အပြင် ခြေထောက်တွင်လည်း
အမှတ်စဉ်(၂၇၂)ပါရှိသည့် သံကွင်းတစ်ခုတပ်ဆင်ထားကြောင်း၊ မင်းကင်းမြို့နယ်တောင်တွင်းချောင် ၃၆ ရွာအတွင်းရှိ သာစည်ကျေးရွာ၏
အပြင်ဘက်ကောက်ရိုးပုံပေါ်နားနေသည်ကို ရွာ သားတစ်ဦးက လေးခွဖြင့်ပစ်ခတ်ပြီးအသက်ရှင်လျက်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ချင်းတွင်းသား(MMAL)

No comments:

Post a Comment