Latest News

Saturday, December 9, 2017

ကရင်စာပေဆိုင်ရာစကားဝိုင်းပုသိမ်မြို့တွင်ကျင်းပ

ကရင်စာပေဆိုင်ရာစကားဝိုင်းပုသိမ်မြို့တွင်ကျင်းပ

ပုသိမ်   ဒီဇင်ဘာ   ၉

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင်ကရင်တိုင်းရင်းသားလူမျိုးများ၏ ကရင်စာပေနှင့်ယဉ်ကျေးမှုဆိုင်ရာ ကရင်စာပေဆိုင်ရာစကားဝိုင်ကိုယ
နေ့ နံနက်ပိုင်းက ပုသိမ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊Community. Centre ၌ကျင်းပသည်။

ရှေ့ဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးဂါမိုးမြတ်မြတ်သူ နှင့်ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဦးတင်စော တို့ကအဖွင့်အမှာစကားပြောကြားကြသည်။ဆက်လက်ပြီး ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန ၊တိုင်းဦးစီးမှူးဦးငွေထွန်းကကရင်စာပေဆိုင်ရာစကားဝိုင်ကျင်းပရခြင်း၏ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားသည်။

၎င်းနောက်ဆရာကြီး စောဖရန်စစ်ကစကောကရင်ဘာသာစကားနှင့် ပတ်သက်၍လည်းကောင်း၊ဆရာတော်မန်းဒေဗစ် ကပိုးကရင်ဘာသာစကားနှင့်ပတ်သက်၍လည်းကောင်းဆွေးနွေးကြရာ တက်ရောက်လာကြသူများကပြန်လည်ဆွေးနွေးကြသည်။ထိုနောက်ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူ ကနိဂုံးချုပ်စကားပြော
ကြားကာအခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်းသိရသည်။

အခမ်းအနားသို့ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူ၊ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်စော၊တိုင်းအဆင့်ဌာနဆိုင်ရာများ၊တိုင်းကရင်စာပေနှင့်ယဉ်ကျေးမှုဆိုင်ရာကော်မတီများမှတာဝန်ရှိသူများ၊ပုသိမ်ခရိုင်  ပြန်/ဆက် ဦးစီးဌာနမှ ခရိုင်နှင်မြို့နယ်ဦးစီးမှူများ၊ကရင်တိုင်းသားများတက်ရောက်ခဲ့ကြကြောင်းသိရသည်။
မောင်မောင်မြင့် ( ပြန်/ဆက်)

No comments:

Post a Comment