Latest News

Saturday, December 2, 2017

ကောင်းကင်သစ်ဘာသာရေးအသင်းကိုတရားဝင်ဖျက်သိမ်းဖို့ တိုင်းအစိုးရအဖွဲ့နှင့်ဒေသခံပြည်သူများတွေ့ဆုံ


 ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ် လှည်းဆိပ်ကျေးရွာရှိ ကောင်းကင်သစ်ခရစ်ယာန်ဘာသာရေး
အသင်းအဖွဲ့ကို တရားဝင်ဖျက်သိမ်းပေးနိုင်ရေးအတွက် ဒေသခံပြည်သူများနှင့် အစိုးရအုပ်ချုပ်ရေးအဖွဲ့
အစည်းများတွေ့ဆုံဆွေးနွေးပွဲကို ပုသိမ်မြို့ရှိ ပုသိမ်-မြောင်းမြသာသနာနယ် စကောကရင်နှစ်ခြင်းခရစ်
ယာန်အဖွဲ့ချုပ်ရုံး ဘာသာရေး အဆောက်အအုံတွင် နိုဝင်ဘာလ၂၇ရက်ကျင်းပပြုလုပ်ခဲ့ပါတယ်။
 တွေ့ဆုံပွဲသို့တိုင်းဒေသကြီး စည်ပင်ဝန်ကြီး ဦးကျော်မြင့် l ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဂမိုးမြတ်မြတ်သူ၊လူမှုရေးဝန်ကြီးဒေါက်တာလှမြတ်သွေး l တိုင်းဒေသကြီးဥပဒေချုပ်နှင့်တိုင်းရဲတပ်ဖွဲ့မှူးရဲမှူးကြီးရဲမြင့်တို့တက်ရောက်ကာ လှည်းဆိပ်ကျေးရွာရှိဒေသခံပြည်သူများ၏အသံနှင့် ကောင်းကင်သစ်ခရစ်ယာန်
အသင်းကြောင့်နစ်နာခဲ့ရသောမိသားစုဝင်များ၏တင်ပြပြောဆိုချက်များကို သိရှိရန်ယခုကဲ့သို့တွေ့
ခဲ့ခြင်းဖြစ်တယ်လို့ ပြောပါတယ်။
 "တွေ့ဆုံပွဲလုပ်တာက ကောင်းကင်သစ်ခရစ်ယာန်အသင်းအဖွဲ့ရဲ့မြေပြင်လုပ်ဆောင်ချက်တွေကို အတိအကျသိရှိဖို့နဲ့ ပြည်သူတွေတင်ပြချက်အပေါ်အခြေခံပြီး အများပြည်သူတွေကလည်းဒီအသင်းကို လိုလားသလားမလိုလားဘူးဆိုတာကို တိုင်းဒေသကြီးအစိုးရအဖွဲ့ကသိရှိပြီး ပြည်ထောင်စုအထိတင်ပြပေးသွားမှာပါ ဒီအသင်းဟာဘာသာရေးအသင်းဖွဲ့အနေနဲ့မှတ်ပုံတင်ထားခြင်းမရှိသော်လည်း သူ့ကိုမတရားအသင်းအဖြစ်ပြည်ထောင်စုသာသနာရေးဝန်ကြီးဌာကတရားဝင်ကြေညာမှသာ ဖျက်သိန်းလို့ရမှာပါ ဒါကြောင့်ဒီအသင်းကိုဖျက်သိမ်းပေးနိုင်ဖို့ပြည်သူနဲ့တွေ့ဆုံတာပါဟု"စည်ပင်သာယာရေးဝန်ကြီးဦးကျော်မြင့်ကပြောပါတယ်။

လှည်းဆိပ်ကျေးရွာတွင်တည်ရှိသော ကောင်းကင်သစ်ခရစ်ယာန်ဘာသာရေးအသင်းအဖွဲ့သည် အစိုးရ
သာသနာရေးဝန်ကြီးဌာနနှင့်ခရစ်ယာန်အသင်းအဖွဲ့ချုပ်၏တရားဝင်အသင်းအဖွဲ့ဖွဲ့စည်းခွင့်ကို မှတ်ပုံတင်ထားခြင်းမရှိသော်လည်း ခရစ်ယာန်အသင်းအဖွဲ့တစ်ခုအဖြင့် ဘုရားကျောင်းများကိုင်တိုင်ဆောက်လုပ်ကာ လူစုလူဝေးနှင့်နေထိုင်ခြင်း၊ ခရစ်ယာန်ဘာသာရေးအသင်းအဖွဲ့နှင့်သက်ဆိုင်မှုမရှိသည့် စာပေအယူဝါဒများကိုသင်ကြားပေးခြင်းကို ပြုလုပ်နေသည့်အတွက် လက်ရှိတွင်ကျေးရွာလူထုများက ကျုံပျော်တရားရုံးတော်
တွင် ဦးတိုက်လျှောက်ထားတရားစွဲဆိုမှုများဖြစ်ပွားလျက်ရှိကြောင်း ရဲမှူးကြီးရဲမြင့်ကပြောပါတယ်။

 "ကျွန်မတို့သားသမီးတွေအရင်ဒီလိုမဟုတ်ပါဘူး။ ဒီအသင်းထဲရောက်မှ သူတို့ရဲ့ပြောဆိုစည်းရုံးမှုတွေကို နားဝင်သွားပြီး မိဘကိုမိဘမှန်းမသိတော့ဘူး။ စိတ်ရိုင်းတွေဝင်သွားကြတယ်။ ဘာသာရေးအပိုင်းမှာလည်းဒီအတိုင်းပဲ။ သူတို့ကိုမိဘကနေမွေးတာမဟုတ်ပဲ ဘုရားကမွေးတာဖြစ်သွားတယ်။ အဲ့လောက်ထိပြောဆို
စည်းရုံးထားတယ်။ မိဘတွေကကိုယ့်သားသမီးတွေ့ချင်လို့သွားတွေ့တောင် သူတို့ကလက်မခံတော့ဘူး။အဲ့လောက်အထိဖြစ်သွားကြတယ်ဟု"ကောင်းကင်သစ်ခရစ်ယာန်ဘာသာရေးအဖွဲ့တွင် လက်ရှိအသင်းဝင်အဖြစ်သွားရောက်နေထိုင်နေသော သမီးရှင်မိခင်တစ်ဦးကပြောပါတယ်။
ထက်ဝဠာမင်း

No comments:

Post a Comment