Latest News

Tuesday, December 19, 2017

တစ်နှစ်မှာတစ်ပွဲသာပြုလုပ်မည့်နိုင်ငံကျော်သရုပ်ဆောင်များပါဝင်သည့် " တော်ဝင်နှင်းဆီအငြိမ့်"

တစ်နှစ်မှာတစ်ပွဲသာပြုလုပ်မည့်နိုင်ငံကျော်သရုပ်ဆောင်များပါဝင်သည့် " တော်ဝင်နှင်းဆီအငြိမ့်"

ရန်ကုန်မြို့ ပြည်လမ်းမကြီး နားတွင် ဖွင့်လှစ်ထားသော  တော်ဝင်ဂါးဒင်းဟိုတယ်၏ နှစ်သစ်အကြို အမှတ်တရအဖြစ် ကျင်းပမည့် ''တော်ဝင်နှစ်သစ်နှင်းဆီ'' အငြိမ့် စာနယ်ဇင်း မိတ်ဆက်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၈ ရက်တွင် ရန်ကုန်မြို့  တော်ဝင်ဂါးဒင်း ဟိုတယ်၌ ကျင်းပသည်။
''ကျွန်တော်တို့ နှင်းဆီကို တစ်နှစ်မှာတစ်ပွဲ ပုံမှန်ကဖြစ်ကြပါတယ်၊ ဒီနှစ်မှာ ဘာလို့မကဖြစ်သလဲဆိုတော့ Rose Rider  ရုပ်ရှင်ဇာတ်ကားကို  ရိုက်ကူးနေတာကြောင့်ပါ၊  ပရိသတ်ကလည်း  လွမ်းလှပြီ၊  မကတော့ဘူးလား၊  မကသေးဘူးလား တောင်းဆိုတဲ့အတွက် ကျွန်တော်တို့ က ဖြစ်ပါတယ်၊ တော်ဝင် မိသားစုကလည်း ကျွန်တော်တို့ရဲ့ မိသားစုလိုဖြစ်နေတော့ ဒီပွဲလေးကို တော်ဝင်ဟိုတယ်မှာလုပ်ဖြစ်တယ်၊ ကမယ့်အချိန်ကလည်း ဒီဇင်ဘာ ၃ဝ ရက် နှစ်သစ်ကူးအကြိုနေ့ဆိုတော့ နာမည်ကို တော်ဝင်နှစ်သစ် နှင်းဆီလို့ နာမည်ပေးဖြစ်တာပါ၊ တိုက်တိုက် ဆိုင်ဆိုင်ပါပဲ၊ ကျွန်တော်မေ့နေတာလေး တစ်ခုရှိပါတယ်၊ ဒီနှစ်က နှင်းဆီသခင်စကခဲ့တဲ့ ၁ဝနှစ်ပြည့်တဲ့ နှစ်လည်း ဖြစ်ပါတယ်၊  ဒါကြောင့် ပရိသတ်အတွက်  ထူးထူးခြားခြားလေးအနေနဲ့ ကပြဖျော်ဖြေမှာ ဖြစ်ပါတယ်''ဟု ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) က ပြောသည်။
အဆိုပါ အငြိမ့်ပွဲကို ဒီဇင်ဘာ ၃ဝ ရက် ည ၇ နာရီခွဲတွင် ရန်ကုန်မြို့ရှိ တော်ဝင်ဂါးဒင်းဟိုတယ်၌  ကျင်းပသွားမည်ဖြစ်ပြီး အငြိမ့်မင်းသမီးများအဖြစ် ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် မိုးပြည့်ပြည့်မောင်၊ ဖူးစုံ၊ မေကဗျာ၊ မိုးယုစံတို့က ကပြမည်ဖြစ်ကာ  လူရွှင်တော်များအနေဖြင့် ထပ်ဆင့်အကယ်ဒမီ နေတိုး၊ ကျော်ကျော်ဗိုလ်၊ မင်းမော်ကွန်း၊ ထွန်းထွန်းနှင့် ရဲလေးတို့က တေး သီချင်းအသစ်များ ရေးစပ်သီကုံးကာ ဖျော်ဖြေတင်ဆက်မည်ဖြစ်သည်။                                                                ကိုလင်း

No comments:

Post a Comment