Latest News

Tuesday, December 19, 2017

ဟာသ သရုပ်ဆောင် စည်သူ (ပလပ်ကျွတ်)ကို ကိုပေါရုပ်ရှင်ဇာတ်ကားကြီးနှင့်သမန်းကျားမှစတင်ရိုက်ကူး

ဟာသ သရုပ်ဆောင် စည်သူ (ပလပ်ကျွတ်)ကို ကိုပေါရုပ်ရှင်ဇာတ်ကားကြီးနှင့်သမန်းကျားမှစတင်ရိုက်ကူး

သမန်းကျား ရုပ်ရှင်ထုတ်လုပ်ရေးမှ စည်သူ (ပလပ်ကျွတ်) အား ခေါင်းဆောင်မင်းသားအဖြစ် ရိုက်ကူးထားသော  ကိုပေါ  ရုပ်ရှင်ဇာတ်ကား ကြီးသည်  အဆိုတော်  လွှမ်းမိုး  အောင်မြင် ကျော်ကြားခဲ့သည့်  တေးသီချင်းကို  အခြေခံ၍ ရိုက်ကူးထားကြောင်း သိရသည်။
''ကိုပေါဆိုတာက လူတိုင်းသိနေတဲ့ဇာတ် ဖြစ်ပေမယ့်   ဇာတ်ကိုပုံစံတွေ  အကုန်ပြောင်း ထားတယ်၊  ဇာတ်လမ်း၊  ဇာတ်အိမ်ကလည်း ထူးခြားပါတယ်၊ အမှန်တကယ် သီချင်းအတိုင်း သွားရင်   မင်းသမီးက  ဗီလိန်ဇာတ်ဖြစ်မယ်၊ မင်းသမီးကြောင့်  ကောင်လေး  သေရတာကို မဟုတ်ဘဲ ပြောင်းလဲထားတယ်၊ ဒီဇာတ်ကားမှာ သီချင်းဆိုလည်း နှစ်ပုဒ် မူရင်းနဲ့ ဗားရှင်းပြောင်း ထည့်ထားပါတယ်''ဟု သရုပ်ဆောင် စည်သူ (ပလပ်ကျွတ်) က ပြောသည်။
အဆိုပါ   ဟာသဒရမ်မာ   ဇာတ်လမ်းပုံစံ ရုပ်ရှင်ဇာတ်ကားကြီးကို ဇာတ်လမ်း၊ ဇာတ်ညွှန်း စိုးခန့်(ကြို့ပင်ကောက်)၊ တွဲဖက် ဒါရိုက်တာ မျိုးကိုကို ( ရွှေညာသားလေး)၊ ဒါရိုက်တာ နန္ဒကျော် (ရိုက်ချက်ပြင်းပြင်း) က မြင်းခြံ၊ တောင်သာနှင့် ထနောင်းကုန်းရွာ တို့တွင် ဇာတ်အိမ်တည် ရိုက်ကူးကာ သရုပ်ဆောင် စည်သူ (ပလပ်ကျွတ်) ၊ စံရတီမိုးမြင့်၊ စူးရှ၊ အကယ်ဒမီ ခင်စိုးပိုင်၊ အကယ်ဒမီ ဝါဝါအောင်၊ ဝင်းမင်းသန်း၊ အေးအေးခိုင်၊ မျိုးမျိုးခိုင်၊ မတူး၊ စပ်စု၊ ဆင်မ၊ ဗေဒါ၊ စိုင်းအောင်တင့်၊ နှိုင်းယှဉ်မြင့်မိုရ် တို့ ပါဝင်သရုပ်ဆောင်ထားကြသည်။
“''ကျွန်တော် ဒီဇာတ်ကားမှာ အမှတ်တရကတော့  စံရတီမိုးမြင့် ပါးရိုက်တဲ့အခန်းကတော့ တော်တော်လေး ထိသွားတယ်၊ တကယ်ရိုက်လို့ ထိသွားတယ်၊ ဒီအိုက်တင်ကတော့ ဘယ်တော့မှလည်းရမှာ မဟုတ်ပါဘူး၊ တကယ် ရိုက်လိုက်တော့ တကယ်အံ့သြ သွားတဲ့ အမူအရာတွေ ဖြစ်သွားတယ်၊ နောက်တစ်ခုကတော့ ဒီဇာတ်ကားရိုက်ကူးချိန်မှာ မုန်တိုင်းရှိလို့ ရိုက်ကူးရမယ့် ရွာမရောက် သေးဘဲ လယ်ကွင်းထဲမှာ အနုပညာမောင်နှမတွေ နေခဲ့ရတာကတော့ အမှတ်တရပါပဲ၊ ထွန်စက်ကြီးနဲ့ ကိုယ်တွေတည်းခိုရမယ့် ဘုန်းကြီးကျောင်းကို သွားရတာလည်း အမှတ်တရတွေပါပဲ''ဟု ¤င်းက ထပ်မံပြောသည်။                                            ကိုလင်း

No comments:

Post a Comment