Latest News

Friday, December 22, 2017

တရားမ၀င် နည်းပညာမြင့် ငါးဖမ်းဆီးမှုများကြောင့် ငါးသယံဇာတများ ယခင်ထက်လျော့နည်း

တရားမ၀င် နည်းပညာမြင့် ငါးဖမ်းဆီးမှုများကြောင့် ငါးသယံဇာတများ ယခင်ထက်လျော့နည်း

ရန်ကုန် ဒီဇင်ဘာ ၂၂

တိုးတက်ပြောင်းလဲလာသည့် ခေတ်စနစ်များအပေါ်အခြေခံကာ နည်းပညာမြင့် ငါးဖမ်းဆီးမှုများသည် ယခုအခါ ပိုမိုများပြားလာသည့် အပြင် ငါးဖမ်းဆီးထိန်းသိမ်းနိုင်မှု နည်းပါးလာသောကြောင့် ရေချို၊ ရေငန် ငါးသယံဇာတသည် ယခင်ထက်လျော့နည်း လာကြောင်း ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးခင်မောင်မော်ထံမှ သိရသည်။

မြန်မာ့ပင်လယ်ကမ်းရိုးတန်းတွင် သဘာဝ ပင်လယ်ငါးထုတ်လုပ်မှုများရှိပြီး မြစ်၊ ချောင်း၊ အင်း၊ အိုင်များမှ ငါးထုတ်လုပ်မှု နှင့် ငါးမွေးမြူရေးမှ ငါးထုတ်လုပ်မှုများရှိရာ နည်းပညာမြင့်ငါးဖမ်းဆီးမှုများကြောင့် ငါးသယံဇာတ ဆုံးရှုံးမှုရှိနေသည့်အပြင် ရာသီဥတုပြောင်းလဲလာမှုကြောင့် ငါးသယံ ဇာတဆုံးရှုံးခြင်း၊ ငါးမွေးမြူရေးနှင့်ပတ်သက်လျှင် နိုင်ငံနှင့်အ၀န်း ကျယ်ပြန့်စွာ စနစ်တကျ မွေးမြူနိုင်မှုမပြုနိုင်ခြင်းနှင့်
ငါးသယံဇာတဖြည့်ဆည်းမှု အားနည်း နေခြင်းတို့ကြောင့် ငါးသယံဇာတများ ဆုံးရှုံးနေရခြင်းဖြစ်သည်။

ယင်းအပေါ် ငါးလုပ်ငန်းကဏ္ဍတွင် ပါဝင်ပတ်သက်နေသော အဖွဲ့အစည်း များ နှင့် ငါးမွေးမြူသူ၊ ငါးဖမ်းဆီးသူများအားလုံး အသိပညာပေး ဆောင်ရွက်မှုများပြုလုပ်ပါက ငါးသယံဇာတ တိုးတက်လာမည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခုအခါ မြန်မာနိုင်ငံ၏ ရေထွက်ကုန် များဖြစ်သော ငါးမြစ်ချင်းနှင့် ငါးကြင်း တို့ကို နိုင်ငံပေါင်း ၄၀ ကျော်သို့ ယင်းနိုင်ငံ များက သတ်မှတ်ထား သည့်စံသတ်မှတ်ချက်နှင့်အညီ ပို့ဆောင်နေကြောင်း သိရသည်။ MWD

No comments:

Post a Comment