Latest News

Friday, December 15, 2017

ကရင်နှစ်သစ်ကူးနေ့ အထိမ်းအမှတ် မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲ ကျင်းပမည်

ကရင်နှစ်သစ်ကူးနေ့ အထိမ်းအမှတ် မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲ ကျင်းပမည်

ပုသိမ် ဒီဇင်ဘာ ၁၄

ကရင်နှစ်သစ်ကူးနေ့ အထိမ်းအမှတ် အဖြစ် မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲကို ပုသိမ်မြို့၌ ဒီဇင်ဘာ ၁၆ ရက်၊ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ကျင်းပမည်ဖြစ်ပြီး တွဲဆိုင်း စုစုပေါင်း ၂၃ ဆိုင်း ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း သိရသည်။

ယခုပွဲစဉ်ကို ပုသိမ်မြို့ ကျောက်တိုင် အားကစားကွင်း၌ နေ့စဉ် ည ၇ နာရီတွင် ယှဉ်ပြိုင်မည် ဖြစ်ပြီး ကြားပွဲနှင့် အထူး စိန်ခေါ်ပွဲများ ပါဝင်မည်ဖြစ်သည်။ ဒီဇင်ဘာ ၁၆ ရက်တွင် ပါဝင်သော တွဲဆိုင်းများမှာ ဗထူးမောင်နှင့် သွေးသစ်မောင်၊ ဟံသာဝတီနှင့် သီဟမင်း၊ စနိုင်းဘီနှင့် မျိုးဇော် ထွန်း၊ ဝမ်းတူးနှင့် ဖိုက်တာ၊ ဇွတ်မိုက်နှင့် ထွန်းဘွား၊ ဘိုဘိုအောင်နှင့် ကောင်းကောင်း၊ သမိန်သစ်နှင့် ငြိမ်းချမ်းတို့ဖြစ်သည်။

ဒီဇင်ဘာ ၁၇ ရက်တွင် စောထူးအောင်နှင့် မင်းထက်ကျော်၊  သူရအောင်နှင့် ထယ်ကြီး၊ ညောင်ခါးရှည်နှင့် ဘဝမ်း၊ အောင်တိုင်းမောင်နှင့်  နိုင်လင်း၊ စိုးလင်းအောင်နှင့်  သိန်တူစော၊ အယ်ကျော်နှင့် အောင်ထက်ဖြိုး၊ ဇာမဏီနှင့်  နိုင်နိုင်၊ မင်းစည်သူနှင့် ကြာစေ့တို့ တွဲဆိုင်းများ ပါဝင်ပြီး ဒီဇင်ဘာ ၁၈ ရက်တွင် ကြယ်စင်ဖြိုးနှင့် ပိုက်ထွေး၊ ရွှေမင်းရာဇာနှင့် နေရူဘီ၊ သူရအောင်နှင့် ထယ်ကြီး၊ အံဘွားနှင့် သိန်းစိုး၊ လက်သီးမိုးနှင့် ဖိုက်ကေ၊ ကြယ်စင် ထွန်းနှင့်  ဟိန်းထက်၊  ခေတ်သစ်စိန်နှင့် အောင်ရဲလင်း၊ ဟိန်းထွန်းကျော်နှင့် ရာဇာမင်းတို့ တွဲဆိုင်းများ ပါဝင်သည်။(MWD)

No comments:

Post a Comment