Latest News

Saturday, December 30, 2017

အင်တာနက်ပါ သတင်းအား စိစစ်အရေးယူ

အင်တာနက်ပါ သတင်းအား စိစစ်အရေးယူ

 ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ရွှေမိုးတောင်ပေါ်၌ တည်ထားကိုးကွယ်လျက်ရှိသော ရဟန္တာတစ်ထောင် ရှင်ပင်မြတ်စွာဘုရား ဆုတောင်းပြည့်စေတီတော်ကြီး ဌာပနာပိတ်ပွဲနှင့် ထီးတော် တင်ပွဲပြုလုပ်ရန် ဒီဇင်ဘာလ ၂၅ ရက်နေ့၌ပြင်ဆင်နေစဉ် မုန်ဒန်အောင်၊ (၁၈)နှစ်နှင့် ဂွမ်ဆန်အောင်၊ (၁၈)နှစ်တို့ ၂ ဦး ရောက်ရှိလာပြီး စေတီရင်ပြင်တော်ပေါ်ရှိ ဂြိုလ်ပြေ၊ နံပြေ၊ ဗုဒ္ဓဆင်းတုတော် များအား ခြေထောက်ဖြင့် ခွထိုင်ခြင်း၊ လည်ပင်းဖက်ထားခြင်းစသည့် မဖွယ်မရာပုံများအား ဓာတ်ပုံ ရိုက်၍ Aung Hkasha အကောင့် Facebook စာမျက်နှာ၌ တင်ထားသည်ကိုတွေ့ရှိသဖြင့် အရေးယူ ပေးပါရန် ဂေါပကဥက္ကဌ ဦးဒီးဒုတ်(ခ) ဦးတင်မင်းထွေးမှ တိုင်တန်းသဖြင့် ဒီဇင်ဘာလ ၂၉ ရက်နေ့ ၁၃၁၅ အချိန်တွင် မုန်ဒန်အောင်(ဖမ်းမိ)နှင့် ဂွမ်ဆန်အောင်(ဖမ်းမမိ)တို့အား ဝိုင်းမော်မြို့မရဲစခန်းမှ (ပ)၁၀၂/၂၀၁၇၊ရာဇသတ်ကြီးပုဒ်မ၂၉၅/ ၁၁၄(သာသနာ ညှိုးနွမ်းစေမှု/အားပေးကူညီမှု)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Ref ; ပြည်​ထဲ​ရေးဝန်​ကြီးဋ္ဌာန

No comments:

Post a Comment