Latest News

Saturday, December 23, 2017

အရေးပေါ်လူနာတင်ယာဉ်များအားလုံး အကျုံးဝင်သည့် ဝန်ဆောင်မှုစနစ်တစ်ခု ထူထောင်မည်

အရေးပေါ်လူနာတင်ယာဉ်များအားလုံး အကျုံးဝင်သည့်
ဝန်ဆောင်မှုစနစ်တစ်ခု ထူထောင်မည်

ရန်ကုန်တိုင်းဒေသကြီးအတွင်း အရေးပေါ်လူနာတင်ယာဉ်များအားလုံး အကျုံးဝင်သည့် ကွန်ရက်ချိတ်ဆက်မှုစနစ်ဖြင့် ဝန်ဆောင်မှုစနစ်တစ်ခုကို အရေးပေါ်ခေါ်ဆိုနိုင်သည့် ဖုန်းနံပါတ် ၁၉၂ ဖြင့် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အရေးယူပေါ်လူနာတင်ယာဉ်စနစ် ထူထောင်သွားရန်အစီအစဉ်ရှိပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ပူးပေါင်းပါဝင်ဆောင်ရွက်ကာ ရန်ကုန်တိုင်းဒေသကြီး အစိုးရဦးဆောင်မှုဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

''ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနလက်အောက်ရှိ ဆေးရုံ ဆေး ခန်းများမှ လူနာတင်ယာဉ်များဟာ ¤င်းဝန်ကြီးဌာန၏ စီမံခန့်ခွဲမှုအောက်တွင် ရှိပါတယ်၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း အရေးပေါ်လူနာပို့ဆောင်ခြင်းများ ကို လုပ်ဆောင်နေကြတဲ့ အခြားလူနာတင်ယာဉ်များအားစနစ်တကျ စီမံခန့်ခွဲ နိုင်ရန်  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်၊ ရန်ကုန်တိုင်းဒေသ ကြီးအတွင်း အရေးပေါ်ဖုန်းနံပါတ်Hot Line 192 ဖြင့် အရေးပေါ် လူနာတင်ယာဉ်စနစ်ကို စနစ်တကျထူထောင်ရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနတွင် အစီအစဉ်ရှိပါတယ်၊ အဆိုပါ စနစ်အောက်မှာဝန်ကြီးဌာနပိုင် လူနာတင်ယာဉ်များနဲ့အတူ လူမှုကူညီရေးအသင်းများ လူနာတင်ယာဉ်များက ပူးပေါင်းပါဝင်ရန်    စည်းရုံးဆောင်ရွက်သွားမှာဖြစ်ပါတယ်''ဟု ရန်ကုန်တိုင်း ဒေသကြီး   လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းကိုယ်စား လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး    ဒေါ်နီလာကျော်က ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ပဉ္စမပုံမှန်အစည်းအဝေး (၂၄) ရက် မြောက်နေ့တွင် လွှတ်တော်တွင် မေးမြန်းခဲ့သည့် မေးခွန်းအပေါ် ပြန်လည် ဖြေကြားသွားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် စမ်းချောင်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးသော်တာအောင်က ''အရေးပေါ် လူနာတင်ယာဉ်အားလုံး အကျုံးဝင်မည့် ကွန်ရက်စနစ်တစ်ခု ဖွဲ့စည်းပြီး ဗဟိုကွပ်ကဲရေးစနစ်ထူထောင်   စီမံခန့်ခွဲသွားရန် အစီအစဉ် ရှိ၊ မရှိ''ဟူသော မေးခွန်းနှင့်ပတ်သက်၍ ဝန်ကြီးက  ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ် သည်။

ယင်းသို့ အရေးပေါ်လူနာတင်ယာဉ် ကွန်ရက်စနစ်တစ်ခုထူထောင်၍ ဗဟိုကွပ်ကဲမှုစနစ်ဖြင့် ဆောင်ရွက်နိုင်ပါက လူမှုရေးအသင်းများအနေဖြင့် အရေးပေါ်ခေါ်ဆိုရန် ဖုန်းနံပါတ်များ  အသင်းအလိုက်ဖုန်းနံပါတ်များ အမျိုးမျိုးကွဲပြားနေသဖြင့်  192 Call Centerထူထောင်ခြင်းဖြင့် လူနာမှ အရေးပေါ်ခေါ်ဆိုသည့်အခါ လွယ်ကူခြင်း၊ လူနာတင်ယာဉ်များအား လူနာပြု စုကုသခြင်း၊ သယ်ယူပို့ဆောင်ခြင်းနှင့် သက်ဆိုင်ရာဆေးရုံတို့သို့ အကြောင်း ကြားခြင်းတို့ကို စီမံခန့်ခွဲနိုင်ခြင်း၊ ၁၉၂ ကို ခေါ်ဆိုခြင်းကြောင့် တယ်လီ ဖုန်းဘေလ် ကုန်ကျမှုမရှိခြင်း၊ သဘာဝဘေးနှင့် လူအများစု ဒဏ်ရာရရှိမှု ဖြစ်စဉ်များတွင် လူနာတင်ယာဉ်များအားလုံးအား တစ်ပြိုင်နက် ကွပ်ကဲနိုင်ခြင်း အပြင် လူမှုရေးအသင်းပိုင် လူနာတင်ယာဉ်များအနေဖြင့် အဖွဲ့ချင်းကွန်ရက် ချိတ်ဆက်နိုင်ခြင်းဖြင့် လုပ်ငန်းအရ ပူးပေါင်းဆောင်ရွက်နိုင်ခြင်း၊ သင်တန်း နှင့် ပညာရပ်များဖလှယ်နိုင်ခြင်း၊  နယ်မြေချိတ်ဆက်လှုပ်ရှားခြင်းများ ကြောင့် လုပ်ငန်းပိုမိုကျယ်ပြန့်လာနိုင်မည်ဟု သိရသည်။ အဆိုပါ ကွန်ရက် ဖွဲ့စည်းရေးတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဦးဆောင်မှုဖြင့် ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီး ဒေါ်နီလာကျော်က  ပြောကြားသည်။                                                        

Ref;  The Mirror Daily

No comments:

Post a Comment