အစ္စရေး စစ်တပ်က ဂါဇာကမ်းမြှောင် ကိုတိုက်ခိုက်
အစ္စရေး စစ်တပ်က ဂါဇာကမ်းမြှောင်မှာ ရှိတဲ့ ဟားမတ်စ် တွေရဲ့ သင်တန်း ပရဝုဏ်ကို တိုက်ခိုက်ခဲ့တယ်လို့ တနင်္လာနေ့က ပြောပါတယ်. ဒါဟာ ပါလက်စတိုင်း နယ်မြေထဲကနေ ဒုံးကျည်နဲ့ ပစ်ခတ်မှုအတွက် လက်တုန့် ပြန် တာလို့လဲ ပြောပါတယ်.
ဒီဇင်ဘာ ၆ရက်နေ့က အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဂျေရုဆလင်မြို့ကို အစ္စရေးရဲ့ မြို့တော်အဖြစ် အသိ အမှတ် ပြုကြောင်း ပြောအပြီးမှာ အကြမ်းဖက်မှုတွေ ပြန် နာလံထ ခဲ့တာပါ. ညဘက် အပြန်အလှန် ပစ်ခတ်မှု အတွင်း ၂ဘက်လုံးက အသေအပျောက် ကို မကြေညာ ကြသေးပါဘူး. အမေရိကန် ဒုသမ္မတ မိုက်ခ်ပန့်စ်က ဂါဇာ ကမ်းမြှောင်နဲ့ နယ်စပ်ချင်း ထိနေကြတဲ့ အစ္စရေးနဲ့ အိမ်နီးချင်း အီဂျစ်တို့ဆီ လာရောက်လည်ပတ်မှု မတိုင်ခင် ရက်ပိုင်းအတွင်း ဖြစ်ပျက်နေတာပါ.
ဟားမတ်စ် အစ္စလာမစ် အုပ်စုက ထိန်းချုပ်ထားတဲ့ ဂါဇာကမ်းမြှောင်က စစ်သွေးကြွတွေဟာ ကျန်ခဲ့တဲ့ သီတင်းပတ် ၂ပတ် အတွင်း အစ္စရေး တောင် ပိုင်းကို ဒုံးကျည် နဲ့ အကြိမ်ရေ တဒါဇင်ကျော် ပစ်ခတ်ခဲ့ပါတယ်. ဒါဟာ ၂၀၁၄ခုနှစ်က သီတင်းပတ် ၇ပတ်ကြာ ဂါဇာ စစ်ပွဲအပြီး အပြင်းထန်ဆုံး တိုက်ခိုက်မှုလဲ ဖြစ်ပါတယ်.
တနင်္ဂနွေ နှောင်းပိုင်းက ပစ်ခတ်တဲ့ ဒုံးကျည် ၂စီး အနက် တစီးက အစ္စရေး နယ်စပ်က ရပ်ကွက်ထဲမှာ ပေါက်ကွဲခဲ့ပြီး နောက်တစင်း ကတော့ လေဟာပြင်ထဲမှာ ပေါက်ကွဲ ခဲ့တာပါ. တနင်္လာ အစောပိုင်းက ပစ်ခတ်တဲ့ ဒုံးကျည်ကတော့ ဂါဇာ ကမ်းမြှောင်ထဲမှာပဲ ကျရောက်ပေါက်ကွဲတယ်လို့ အစ္စရေး စစ်တပ်က ပြောပါတယ်. အစ္စရေးရဲ့ တန်ပြန် ပစ်ခတ်မှု အတွင်း ဟားမတ်စ်တွေရဲ့ သင်တန်းစခန်းထဲက အဆောက်အဦ ၃ခုကို ထိမှန်ခဲ့တယ်လို့လဲ အစ္စရေး စစ်တပ်က ပြောခဲ့ပါတယ်.
သီရီစံ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment