Latest News

Sunday, December 24, 2017

TITAN CANTER ယာဉ်ဝင်ရောက်တိုက်ခိုက်မှုကြောင့် KLUGERကား တိမ်းမှောက်၍ လူလေးဦးဒဏ်ရာရ

TITAN CANTER ယာဉ်ဝင်ရောက်တိုက်ခိုက်မှုကြောင့် KLUGERကား တိမ်းမှောက်၍ လူလေးဦးဒဏ်ရာရ


ကျောက်တံခါး ဒီဇင်ဘာ ၂၄

ကျောက်တံခါမြို့နယ် မြို့ချောင်းအမြန်လမ်းမကြီးရဲစခန်းအပိုင် အမြန်လမ်းပိုင်း၌ TUTAN CANTER မော်တော်ယာဉ်မှ ရှေ့ရှိ KLUGER ကားအား ဝင်ရောက်တိုက်ခိုက်မှုကြောင့် KLUGER ကာတိမ်းမှောက်၍ လူလေးဦးဒဏ်ရာ ရရှိခဲ့ကြောင်း မှုခင်းမှတ်တမ်းအရသိရှိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၄ရက် နံနက် ၅:၀၀ အချိန်ခန့်တွင် ကျောက်တံခါးမြို့နယ် မြို့ချောင်းအမြန်လမ်းမကြီး ရဲစခန်းအပိုင် မိုင်တိုင်အမှတ် ၉၂/၀ နှင့် ၉၂/၁အကြား ရန်ကုန်မှ နေပြည်တော်သို့ လှိုင်သာယာမြို့နယ်နေသူ ယာဉ်မောင်း မင်းမင်း မောင်းနှင်လာသော ယာဉ်အမှတ် 2P/------- TITAN CANTER အမျိုးအစား အဖြူရောင် မော်တော်ယာဉ်မှ အရှိန်မထိမ်းနိုင်ဘဲ ရှေ့မှ သာကေတမြို့ အနော်မာ(၁)ရပ်ကွက် (၁၁)လမ်း အမှတ်(၅၀၄) နေ ယာဉ်မောင်း ဦးထွန်းထွန်းစိုးမောင်းနှင်လာသော ယာဉ်အမှတ် 4J/------- အနက်ရောင် KLUGER အမျိုးအစားမော်တော်ယှာုအား ဝင်ရောက်တိုက်ခိုက်မှုကြောင့် TITAN CANTER ယာဉ်မှာလမ်းမပေါ် ရောက်ရှိရပ်တန့်ပြီး KLUGER ယာဉ်မှာ လမ်းဘေးမြေသားလမ်းပေါ် ရောက်ရှိတိမ်းမှောက်ခဲ့ကြောင်း သတင်းအရ မြို့ချောင်းအမြန်လမ်းမကြီးရဲစခန်း ရဲအုပ်ဦးစီးသော ရဲတပ်ဖွဲ့ဝင်များ အမြန်လမ်းမှကြီး မီးသတ်တပ်ဖွဲ့မှ လက်ထောက် ဦးစီးမှူးဦးစီးသော မီးသတ်တပ်ဖွဲ့ဝင်များ အမြန်လမ်း အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ဝင်များသွားရောက် စစ်ဆေးရာ ကျားလေးဦးမသုံးဦးအနက် ကျားတစ် မတစ်ဦး TITAN CANTER ပေါ်ရှိ ကျားသုံးဦးအနက် ကျားနှစ်ဦး စုစုပေါင်းလေးဦး( ပြင်ပလူနာ/မစိုးရိမ်ရ) ဒဏ်ရာရရှိကာ တပ်ဖွဲ့ပိုင်ယာဉ်ဖြင့် မြို့ချောင်းတိုက်နယ် ဆေးရုံသို့ ပိုဆောင်ခဲ့ကြောင်း ယာဉ်တိုက်ခိုက်မှုကြောင့် KLUGER ယာဉ်မှာ ကျပ်သိန်းနှစ်ဆယ်ဖိုးခန့်နှင့် TITAN CANDER ယာဉ်မှာ သုံးသိန်းဖိုးခန့် ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ကြောင်း မှုခင်းမှတ်တမ်းအရ သိရှိရသည်။

မြို့ချောင်းအမြန်လမ်းမကြီးရဲစခန်းမှ ယာဉ်အားမဆင်မခြင်မောင်းနှင် ထွက်ပြေးသွားသူ ယာဉ်မောင်း မင်းမင်းအား ဖမ်းဆီးနိုင်ရန် ဆောင်ရွက်လျက်ရှိပြီး အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။ ဘိုဘို(မလှိုင်)

No comments:

Post a Comment