Latest News

Wednesday, December 13, 2017




{Unicode Version}

သာပေါင်းမြို့နယ်၌ သေဆုံးနေသည့် ဆင်မ ၁ ကောင်တွေ့ရှိမှု
************************************************************
 ၂၀၁၇ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့ ၁၂၃၀ အချိန် သာပေါင်းမြို့နယ်၊ ပျဉ်းမထုံးကျေးရွာ ဘောမိချောင်းကမ်းစပ်၌ တောဆင်ရိုင်း ၁ ကောင်သေဆုံးနေကြောင်း သတင်းအရ သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးတင့် ပါ(၇)ဦး၊ မြန်မာ့သစ်လုပ်ငန်းမှ ဆင်ဆရာဝန် ဒေါက်တာ မျိုးမင်းဦး၊ ဆင်ဦးစီး ဦးမောင်ကျော်ဦးနှင့် သာပေါင်းနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့တို့မှ သွားရောက်စစ်ဆေးရာ အသက် ၃၅ နှစ်ခန့်၊ အရပ် ၆ ပေ ၈ လက်မခန့်ရှိ ဆင်မ ၁ ကောင်မှာ ဝဲလည်ဂုတ်(မင်းထိုင်)အနီးနှင့် ယာနားရွက်တို့တွင် လွန်ခဲ့သော (၃)လခန့်ကရရှိသည်ဟုယူဆရသော ဒဏ်ရာများမှ ရောဂါပိုးဝင်ကာ အင်အားချိနဲ့ပိန်ချုံးပြီး ဒီဇင်ဘာလ ၁၁ ရက်နေ့ ညနေပိုင်းက သေဆုံးခြင်း ဖြစ်နိုင်ကြောင်း သိရှိရသဖြင့် ဒီဇင်ဘာလ ၁၂ ရက်နေ့ ၁၈၃၀ အချိန် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိပါသည်။

www.myanmarmoha.org

No comments:

Post a Comment