Latest News

Friday, December 15, 2017

တက္ကသိုလ်များကို နေ့ရောညပါ အချိန်ပြည့်ဖွင့်ထားနိုင်သည့် ကျောင်းများ ဖြစ်စေချင်ကြောင်း ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း ဆို

တက္ကသိုလ်များကို နေ့ရောညပါ အချိန်ပြည့်ဖွင့်ထားနိုင်သည့် ကျောင်းများ ဖြစ်စေချင်ကြောင်း ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း ဆို

ဒီဇင်ဘာ     ၁၅ ရက်

နည်းပညာတက္ကသိုလ် (သန်လျင်) ကျောင်းသူအိပ်ဆောင် ပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို ဒီဇင်ဘာ ၁၅ ရက် နံနက် ၇ နာရီက ပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရ ဦးဖြိုးမင်းသိန်းတက်ရောက်ပြီး တက္ကသိုလ် များကို နေ့ရောညပါ အချိန်ပြည့်ဖွင့်ထားနိုင်သည့်ကျောင်း များဖြစ်စေချင်ကြောင်း ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်က “သန်လျင်နည်းပညာတက္ကသိုလ်မှာ ကျောင်းသားတွေ အဆာင်နဲ့ နေထိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်ပဲဖြစ်ပါတယ်။ ဒီအတွက် ရန်ကုန်မှာရှိတဲ့ နည်းပညာတက္ကသိုလ် သုံးခုကို အဆင့် မြှင့်တင်ဖို့ ပြင်ဆင်ခဲ့ပါတယ်။ နောင်မျိုးဆက်တွေအတွက် ကျွန်တော်တို့ မျှော်မှန်းပါတယ်။ ဒီကျောင်းတွေကို နေ့ရောညပါ ဖွင့်ထားနိုင် တဲ့ကျောင်းတွေဖြစ်စေချင်ပါတယ်။ ဥပမာ မနက်ပိုင်းမှာဆိုရင် တက္ကသိုလ်သင်မယ်။ အဲဒီ အဆောင်တွေ၊ အခန်းတွေကိုပဲ နေ့လည်ပိုင်းကျရင် နောက်တစ်ခုသင်မယ်၊ ညနေဆိုရင် ညနေပိုင်းအင်ဂျင် နီယာသင်တန်းတွေလုပ်မယ်။ ဒီမှာရှိတဲ့ စက်မှုဇုန်တွေမှာရှိတဲ့ လုပ်ငန်းရှင်တွေက သူတို့ရဲ့ ဆန်းသစ်တီထွင်မှု တွေကို တက္ကသိုလ်ထဲမှာလာပြီး လုပ်မယ်၊ တက္ကသိုလ်ကိုလည်း သူတို့ပိုက်ဆံပေးမယ်။ ဒါမှ သူတို့ရဲက တီထွင်မှု တွေ သူတို့ရဲ့ Vocational တွေ၊ စက်ရုံတွေမှာ လိုအပ်တဲ့ လုပ်သားတွေကိုလည်း ကျွန်တော်တို့ ဒီကျောင်းတွေ မှာလာပြီး Training တွေလုပ်မယ်၊ အခုဆိုရင် စက်ရုံတွေက သူတို့စက်ရုံဝင်းထဲမှာပဲ သူတို့ရဲ့ လုပ်သားကို ကျွမ်းကျင်လုပ်သားဖြစ်အောင်သင်နေရတယ်။ ၁၀ တန်းအောင်ထားတဲ့ကလေးတွေဆိုရင် ညနေပိုင်း အင်ဂျင်နီ ယာသင်တန်းကို ဒီမှာလာတက်လို့ရတယ်။ ဒီလိုပုံစံမျိုးတွေနဲ့ ကျောင်းကိုလည်း အချိန်ပြည့်အသုံးချလို့ရတဲ့ ကျောင်းကြီးဖြစ်စေချင်တယ်။ ကျောင်းသူကျောင်းသားတွေကိုလည်း ဒီကျောင်းကြီးထဲမှာပဲ နေစေချင်တယ်။ လမ်းမှာအချိန်တွေ ကုန်နေစရာမလိုဘဲနဲ့ အဲဒီမှာပဲ ကိုယ်တက်ခဲ့တဲ့ နှစ်အပိုင်းအလိုက် သူငယ်ချင်းတွေကြားမှာ လည်း တကယ့်ကို ကောင်းမွန်တဲ့ Network တစ်ခုဖြစ်စေချင်တယ်။ ကျောင်းသာေးတွ အချင်းချင်းကပဲ ကိုယ့် ကျောင်းသားတွေကို ပြန်လည်ထိန်းတဲ့စနစ်မျိုးကို ကျွန်တော်တို့သွားချင်ပါတယ်။ ကျောင်းသားသမဂ္ဂတွေကို လည်း ဒီအထဲမှာ လွတ်လွတ်လပ်လပ်ခွင့်ပြုထားချင်တယ်။ ဘာကြောင့်လဲဆိုတော့ တစ်ချိန်တုန်းကလို ခေတ် စနစ်အပြောင်းအလဲအတွက်ကျွန်တော်တို့ ကျောင်းသူကျောင်းသားတွေ ဆောင်ရွက်စရာမလိုတော့ပါဘူး။ ခေတ်စနစ်ကြီးက ပြောင်းတယ်။ ဒါပေမဲ့ အောင်မြင်မှုပန်းတိုင်ကို ရောက်ဖို့ ကျွန်တော်တို့ ဝိုင်းလုပ်ရဦးမှရမယ်။ ဘာတွေဝိုင်းလုပ်ရမလဲဆိုတော့ ပညာရပ်ပိုင်းဆိုင်ရာ နည်းပညာပိုင်းဆိုင်ရာ လေ့လာဆန်းသစ်မှုတွေ လုပ်ရ မယ်။ သုတေသနပြုမှုတွေလုပ်ရမယ်။ ကျောင်းထဲမှာ တီထွင်ကြံဆမှုတွေကို လုပ်နိုင်ဖိုပအတွက် ကျောင်းသား သမဂ္ဂတွေကနေ ဆောင်ရွက်ရမှာဖြစ်ပါတယ်။

ကျွန်တော်ပြီးခဲ့တဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ လွှတ်တော်ကိုယ်စားလှယ်အဖြစ်နဲ့ တာဝန်မယူခင်က ရွေးကောက်ပွဲအပြီးမှာ City University ကိုသွားပြီး Political Advisor Course ကို သွားတက်ခဲ့ပါတယ်။ အဲဒီကိုရောက်တဲ့အချိန်မှာ City University အထဲမှာ ကျောင်းသားသမဂ္ဂက အကုန်လုပ်တာ။ ဆရာကြီးတွေက အေးအေးဆေးဆေးပဲ တစ်ခုခု ပြဿနာပေါ်တယ်ဆို ကျောင်းသားသမဂ္ဂခေါင်းဆောင်ကို ခေါ်ပြီး ဒီပြဿနာတွေတော့ ပေါ်နေပြီ ဟိုလူက အကုန်လာရှင်းတာ။ သူအကုန်ပိုင်နိုင်တယ်။ အဲဒီကျောင်းသားသမဂ္ဂကလူတွေကပဲ သြစတြေးလျနိုင်ငံမှာ လေဘာပါတီ ခေါင်းဆောင်ဖြစ် လာတယ်။ ဒါကြောင့်ကျောင်းသူကျောင်းသားတွေ အချင်းချင်းကြားမှာကောင်းမွန်တဲ့ Relationship တစ်ခုဖြစ်အောင်ထူ ထောင်ရမှာပါ။ ကျောင်းသားတွေအချင်းချင်းကြားမှာ ပိုမိုတိုးတက်တဲ့ လုပ်ငန်းစဉ်တွေအတွက် ထိန်းကျောင်း သယ်ဆောင်သွားနိုင်ဖို့အတွက် ကြိုးပမ်းဆောင်ရွက်ရမယ့်အခြေအနေဖြစ်ပါတယ်”ဟုပြောကြားသည်။

Ref; Yangon Region Government

No comments:

Post a Comment