Latest News

Thursday, December 14, 2017

ဒီမိုကရေစီ သိုင်းလောက


ဒီမိုကရေစီအကြောင်းကို ရေးကြပြောကြတာတွေကတော့ ကျနော်တို့ လက် လှမ်းမိသလောက် အဖတ်များ၊ အပြောများကြပါတယ်။ အချို့ ကိုလဲ သဘောကျတယ်။ အချို့ ကိုလည်း နားမလည်ဘူး။ တကယ်တော့ ဒီမိုကရေစီဆိုတာလဲ မဆုံးတဲ့သီချင်းပါဘဲ။ ဘယ်လို ဒီမိုကရေစီကို လိုချင်တာလဲ။ ကိုယ့်ကိုယ်ကိုယ် မေးဘူးတဲ့သူက တော့ ရှားပါလိမ့်မယ်။ အဲတော့ ကျနော်တို့ အာဏာရှင် ခဏ လုပ်ကြည့်ရအောင်ဗျာ။

ကျနော်တို့ ကိုယ်ဖြစ်ချင်တာလိုချင်တာကို တကယ်တောင်းခဲ့ကြတာ လားဆိုတာကို အတွေးက ရလာပါတယ်။

ခင်ဗျား အာဏာရှင် မဖြစ်ချင်ဘူးလား၊ ရှင်ဘုရင် မလုပ်ချင်ဘူးလားလို့  ကိုယ့်ကိုယ်ကိုယ် မှန်ကြည့်ပြီးမေးကြည့်စမ်းပါ။

တခါတခါမှာ ပြောင်းပြန် တွေးခြင်းက အလုပ်ဖြစ်တတ်ပါတယ်။ လစ်ကွက် ဟာကွက်တွေကို တွေ့ ရတာပေါ့။

ခင်ဗျားတို့ တော့ မသိဘူး။ ကျနော်က တော့ ဖြစ်ချင်တယ်လို့ ဖြေမှာ။

ဒါပေမယ့် ဘယ် ဖြစ်လိမ့်မတုန်း။

အဲတော့ ကျနော်တို့ ၎မိနစ်စာ ၅ မိနစ်စာလောက် အာဏာရှင်လုပ်ကြည့်ရအောင်။

ဘယ်လိုအာဏာရှင်လဲ။

ကျောင်းသား အာဏာရှင်လား။

လူထု အာဏာရှင်လား။

စစ်အာဏာ ရှင်လား။

ပစ္စည်းမဲ့ အာဏာ ရှင်လား။

တပါတီ အာဏာရှင်လား။

ဘာသာရေး အာဏာရှင်လား။

သူလဲ သေချာစဉ်းစားရင် အမျိုးအစားတွေ မတူကြဘူး။

မထူးပါဘူး။ အာဏာရှင် လုပ်လက်စ နဲ့  စစ်အာဏာရှင် အစိုးရ ခဏ လုပ်လိုက်ကြပါစို့ ။ ရုတ်ရုတ် တွေများရင် မာရှယ်လော ထုတ်ပြီးပစ်မယ်။

သူပုန်ထတဲ့ ကောင်တွေ ကိုနှိမ်နှင်းဖို့ စစ်တပ်ရှိမယ်။

ဆန္ဒပြတာတွေ များလာရင်ဖမ်းထည့်ဖို့ ထောင်ရှိမယ်။

အရေးအခင်းနှိမ်နှင်းဖို့ ရဲရှိမယ်။ ငွေလိုရင် ရိုက်ထုတ်ဖို့ ဝါဇီရှိမယ်။

ဆန်လို ရင် လယ်သမားတွေရှိမယ်။

ဘယ်နေရာမှာ ကျဲကျဲ စားပင် သီးပင်ပေါက်တဲ့ ပထ၀ီ အနေအထားရှိမယ်။ ဒါဆိုရင်

ခင်ဗျား အဏာရှင် ၅ မိနစ်လောက်တော့ လုပ်လို့ ရနိုင်ပါတယ်။သူပုန် သူကန်တွေ နိုင်ငံရေးသမားတွေတဖက်မှာ ရှိနေမှာပေါ့လေ။

ပြီးတော့ မှန်ထဲက တယောက်နဲ့  ခင်ဗျား စစ်တိုက်ကြည့်စမ်းပါ။ အဲလောက်နဲ့  ဘဲဆိုရင်တော့ ၅ မိနစ် ၁၀မိနစ်လောက်ဘဲရဦးမယ်။ ဒါဆိုရင် တခြား ဘာတွေရှိနေလို့ အဲသလောက်ကြာနေရတာလဲ ဆိုတာ စဉ်းစားဖို့ လိုလာပြီ။ တိုင်းပြေအုပ်ချုပ်နေတဲ့ သူ။ လူထု လို့ သုံးသုံး ပြည်သူ လို့ သုံးသုံး နှစ်မျိုးစလုံးကို တွဲပြီးသုံးသုံး သူတို့ အရေးကို ဒုတိယ ထားချင်ထားမယ်၊ တိုင်းပြေ (နိုင်ငံ)အာဏာ

နဲ့ တိုင်းပြေ ကို တော့ ၂၄ နာရီ အွန်ဂျူတီဘဲ။

နိင်ငံရဲ့ အရေးကို နိုင်ငံရေးလို့ သတ်မှတ်မယ် ဆိုရင် စစ်အာဏာရှင်ဟာ နိုင်ငံရေးသမား ဖြစ်နေပြီ။ အဲဒီအဆင့်မှာတင်။

လူတွေရဲ့အရေးကို နိုင်ငံရေးလို့ သတ်မှတ်မယ် ဆိုရင်တော့ စစ်အာဏာရှင် အဖြစ်

အကြာကြီးလုပ်ဖို့ ဘယ်စဉ်းစားပါ့မလဲ။

တကယ်တမ်းမှာတော့ နိုင်ငံရေး အာဏာ အတွက် နိုင်ငံရဲ့ အရေးက နံပါတ်တစ်ဖြစ်နေတတ်တာက တော့ ကမ္ဘာမှာ နိုင်ငံတိုင်းပါဘဲ .။ အဲတော့ အာဏာကို တသက်လုံး ကိုင်ချင်သလား။ ၅မိနစ်လောက်ပဲ ကောင်းပါတယ်။ အိပ်ရေး ပျက်မှာပေါ့။ ကျတော်မှာ အာဏာရှင် အကြာကြီးလုပ်ဖို့ အခြေခံ မလုံလောက်ဘူး ဖြစ်နေသေးတယ်။ ဖြည့်ခွင့်လဲ မရခဲ့ဘူး။ န၀တ ကတော့ အများကြီးပြင်ဆင်နိုင်ခဲ့ပါတယ်။ ဒီမှာ ကျနော် တို့ လက်တွေကို တုတ်ထားခဲ့တာတွေ၊ပါးစပ်တွေ ပိတ်ထားခဲ့တာတွေတော့ရှိမှာပေါ့။ခုက ပြန်ပြောနေရမယ့် အချိန် မဟုတ်သေးဘူးလို့ ခဏ ထားပြီး ဆက်စဉ်းစားကြတာပေါ့။

အာဏာ ရှင်ဖြစ်ဖို့ လွယ်သလား။

ကျနော်ကို စစ်ကြောရေးတုန်းက တော့ တကြိမ် ထောက်လှမ်းရေးကတိုင်းပြေ ၂ မိနစ်လောက် ပေးဘူးတယ်ဗျ။

ခင်ဗျားကို တိုင်းပြေ အပ်လိုက်ရင် ဘာလုပ်မလဲတဲ့။

၂ မိနစ်လောက်မှာ ဖြေရမှာ။

ကျနော် က ရောင်းစားမယ်လို့ ဖြေချင် နောက်ချင်နေတာ။ ဒါပေမယ့် အဆော်ခံထိထားတော့ မဖြေရဲတော့ဘူး။ ဖြေဖြစ်ခဲ့ရင်တော့ ပုဂ္ဂိုလ်ဟာ ခုလောက်ဆို လေးစားနေလောက်ပြီ။

ကဲ ခုတော့ ကိုယ့်ကို ကိုယ် ရာထူးအပ်ပြီး ဖြေကြည့်ကြရအောင်။

ပထမဆုံးတော့ ကျနော့တို့ အားလုံးချစ်ကြတဲ့ ကျောင်းသား အာဏာရှင် ကိုလှရွှေ က စပြီး စဉ်းစားကြည့်ရအောင်။ ဖတ်ဖူးတာ၊ ကြားဖူးတာလောက်နဲ့ စပြီး ရေးရမှာ ပေါ့လေ။ ကျန်တဲ့ ကျနော် တို့ ခေတ်ကြတော့ အကျယ်ကျယ်တွေ လဲ ရှိနိုင်တာဆိုတော့ ကျနော်တို့ ကိုယ်တိုင် အာဏာရှင် ဖြစ်ပြီးမှ ဘဲ ကိုင်တွယ်ကြတာပေါ့။

ရင်ဆိုင်ရတဲ့ ပွဲ တွေကလဲ ကိုလိုနီ အစိုးရကို ရင်ဆိုင်ရတဲ့ခေတ်ဆိုတော့ ပိုပြီး စဉ်းစားလို့ ကောင်းလို့ ပါ။

ကိုလိုနီ ပညာရေးကျောင်းသား သပိတ်ဆိုတာက ကျနော့တို့ အတွက်က အတော် ကွာလှမ်းနေပြီ ဖြစ်တဲ့ သမိုင်း ။

ဒီမှာ ဒီမှာ ရဲဘော်တို့  ကျုပ်တို့ ရှေ့ ကို တက်မယ် ဆိုတာနဲ့  ကျောင်းသား အာဏာရှင် ဖြစ်လာတဲ့ ကိုလှရွှေဟာ နောက်ကို တလှမ်းဆုတ်မယ် ဆိုတဲ့အခါ

ခွါနာ ရှင်လို့ သရော်ခံခဲ့ရပါတယ်။

ဗိုလ်အောင်ကျော် တယောက်ကြီးများတောင် ကျဆုံး သွားတာဆိုတော့ အာဏာရှင်ပီသ စွာဘဲ နုတ်ထွက်လိုက်ပါတယ်။

သူ တာဝန် ရှိတယ်လေ။

တာဝန်ရှိတယ် ဆိုတဲ့ စကားဟာ ဆုံးဖြတ်ချက် မှားတာကို ပြောချင်တာလား၊

လုပ်ရပ် မအောင်မြင်ခဲ့တာကို ပြောချင်တာလား။ လုံးဝ မှားတယ် ဆိုတာကို ပြောချင်တာလား တခါတခါ မကွဲပြားဘူး။

တာဝန်ရှိတယ် ဆိုပြီး နုတ်ထွက်ပေးရုံ နဲ့ မပြီးတဲ့ ပြသနာတွေက ဒီဘက်ခေတ်မှာ

 ဒုနဲ့ ဒေး။ ဂျပန်နိုင်ငံကို စိတ်ကူးယဉ်လို့ တော့ ကောင်းတာပေါ့ဗျာ။

ဂျပန်တို့ တောင်ကိုရီးယားတို့ ။

ကျနော်တို့ က ပြသနာကို ရှင်းပေးမယ့်လူကိုလိုနေတာလေ။နုတ်ထွက်ခွင့်မပေးနိုင် သေးပါဘူး။ ဇာတ်လမ်းကခုမှ စလာတာ။

မီဒီယာ လွတ်လပ်ခွင့်လေးတွေရလာတဲ့အခါမှာ ပြသနာ ရှင်းပေးမယ့်သူ မရှိတော့ဘဲ သူစိမ်းတယောက် ဖြစ်နေပြီဆိုရင် ကျနော်တို့ ကမ္ဘာကြီးရှာရှာ ပြန်လည်သွားမှာပေါ့။



ကျနော်တို့ ဖြတ်သန်းခဲ့တဲ့ ခေတ်ကြီးက ကျနော်တို့ ကို မစွမ်းမသန် တွေအဖြစ်ထုတ် လုပ်ထားခဲ့တယ်။ တချိန်တည်းမှာ မပြီးပြတ်ခဲ့တဲ့ ပြသနာတွေအပြင် ပြသနာ အပိုတော်တော်များများကို ကျနော် တို့ မျိုးဆက်ဟာ ဖြတ်သန်းရမယ်။ ဥပမာ မွေးလာကတည်းက အကြွေးရှိနေတဲ့ ပြသနာကို လက်ရှိ အစိုးရကို

ထိုးချရုံနဲ့ ပြီးမလား။ အရင်အစိုးရ ကို အပြစ်တင်ရုံနဲ့ ဖြေရှင်းဖို့ အဖြေလာမလား။

 လွတ်လပ်ရေး ရပြီးခေတ်မှာဆိုတာထက် တပါတီ ခေတ်မှာလို့ ဘဲသုံးပါရစေ။

 ရှေ့ ကလူကြီးတွေက တော့ ကျနော်တို့ မျိုးဆက်ထက် တော်တယ်လို့ ခံစားရလို့ ပါ။ ပထမ ဆုံးကျနော့်တို့ ထဲက တချို့ က နိုင်ငံတော် သီချင်းကို မရဘူး။

တချို့ က နားမလည်ဘူး။ အများစုက ဘယ်သူရေးမှန်းမသိဘူး။

ဗကပ ပါတီက အဲဒီအချိန်မှာ လွတ်လပ်ရေး အစစ်မဟုတ်ဘူးလို့ ယူဆတယ်။

အဲဒီကာလ ပြသနာတွေကို ကျွန်တော်တို့ က ဘယ်လောက်သိနိုင်မှာတဲ့လဲ။

၈၈ နောက်ပိုင်း တောကို ရောက်လာတဲ့ ကျွန်တော်တို့ ရဲ့ နောင်တော်တွေဟာ ရှေ့ မှာ ရှိနေပြီးသား နိုင်ငံရေး အင်အားစုတွေရဲ့ အကြံညာဏ်တွေ အပေါ်မှာ မှီခိုခဲ့ရမှာပါ။

လွတ်လပ်ရေး လှုပ်ရှားမှု ကာလ၊ ဒုတိယ ကမ္ဘာစစ်ကာလ မှာ လွတ်မြောက်ရေးအတွက် ပေါ်လာတဲ့ အတွေးအခေါ်၊ခေတ်စားလာတဲ့ အတွေးအခေါ်အပေါ်မှာ အဲဒီခေတ်လူငယ်တွေ ဖြတ်သန်းကြမှာ၊သာယာကြမှာဘဲ။

ဗ ထက်ချိုက်က မ ထက် မာသလား။ ဘကုန်းက ပိုမာသလားတော့ ကျနော်တို့ က ပညာရှင် မဟုတ်တော့ မသိဘူး။ ကေစီပီ လုပ်ချင်တဲ့ ကရင့် တော်လှန်ရေး အင်အားစုက လဲ တနိုင်ငံထဲမှာ ပါတီ ၂ ခုခွင့်မပြုလိုတော့ ကေအင်ဒီပီ ဖြစ်သွားခဲ့သလား။အေစီပီ ဟာ ဘယ်လို အသွင်တွေပြောင်းခဲ့သလဲ။

 ဒါတွေက ရှေ့ သမိုင်းတွေ။ သိတဲ့လူတွေက ရိုးသားပြသင့်ပါတယ်။

တရုတ်ကြီးရဲ့ လွမ်းမိုးမှုက ခုမှ မဟုတ်တာ။ နောက်မျိုးဆက်က လဲ စကားလုံးအရတောင် မလွတ်မြောက်နိုင်သေးတဲ့ ဘ၀ပါ။ ပါလီမန် ခေတ်မှာတော့

ဘက်မလိုက်နိုင်ငံများရဲ့ ခေါင်းဆောင်ဆိုတာမျိုးထိ ဖြစ်နိုင်ခဲ့တယ်လေ။ မှတ်ပုံ

တင်နဲ့ ကိုယ် နိုင်ငံထဲ လူမျိုး ဘယ်နှစ်ခု ရှိနေတယ်ဆိုတာကို ရှာဖွေရဖို့ ၊ ဒေသန္တရဥပဒေ လို့ ဒေသမျိုး၊ ဂန အရေးပိုင်တဲ့နေရာမျိုးကို လေးစားရကောင်းမှန်း သိပြီး အသိအမှတ်လဲ ပြုခဲ့တယ်။ ဘာကြောင့် ဒီနှစ်ခုကို ခွဲပြီးရေးသလဲဆိုတော့ အဲဒီအချိန် ရခိုင်ပြေရဲ့ နိုင်ငံရေးက ရှင်ဘုရင်ဖြစ်ဖို့  အတွက် ရှင်ဘုရင်ရဲ့ သား ဖြစ်စရာ မလိုတဲ့ အဆင့်ကို တက်နေပြီးမှ အင်္ဂလိပ်လက်အောက်ကို ရောက်တာ ဖြစ်ပြီး၊ အင်္ဂလိပ် အုပ်ချုပ်သည့် အခြားလူနည်းစုများအပေါ်တွင် ရေးသည့် Customary Law ဥပဒေကို ကွဲပြားစေလို သဖြင့် ဖြစ်သည်။ ဒီတော့ ရခိုင်ပြည်နယ် မြောက်ပိုင်းက ရှင်ဘုရင် အတွေးအခေါ်ကို တောင်ဘက်က သူ ဒေသ တည်ငြိမ်ရေးအတွက် အခါခပ်သိမ်း မထောက်ခံပါဘူး။ သဘာဝ လဲကျပါတယ်။ ဘင်္ဂလားဒေရှ့် က မွတ်ဆလင်နဲ့  သံတွဲ က မွတ်ဆလင်ဘာသာဝင်ကို သဘောထားတခုတည်း မထားနိုင်ဘူး။ ပြသနာ ဟာ ဘာသာရေး နွယ်လာတာနဲ့ ဒေသတွင်း တည်ငြိမ်ရေးကို ထိခိုက်မယ်။ တည်ငြိမ်ရေး မရှိရင် ဖွံ့ ဖြိုးတိုးတက်ရေး နှောင့်နှေးမယ်။ ပြည်နယ်ထဲ ပြောတဲ့စကားဟူသမျှကို ရခိုင်လူမျိုးစုတွေ ပြောတဲ့စကားလို့ အသိအမှတ်မပြုတဲ့ အဲဒီအတွေးအခေါ်ဟာ ရွာတွေကို ပျက်စေမယ်။ ကုလားနဲ့ ချနေရာက ပြသနာဟာ

အချင်းချင်း ချသလို ဖြစ်မယ်။

တချိန်တည်းမှာ အရေးအခင်းဖြစ်ကြပြီ။ နှစ်ဖက် ပျက်စီးပြီ ဆိုရင်လည်း ဒုက္ခသည်ကို ထမင်း ပြန်ကျွေးရမှာဘဲ။ အမိုးအကာပြန်ပေးရမှာဘဲ။ ကိုယ် မပေးနိုင်ရင် ပေးမယ့် အကောင်တွေ ၀င်လာမှာဘဲ။

လူဆိုတာကတော့ အမှားမှ မကင်းနိုင်ဘဲ။တစုံတယောက်ကို မှားတယ်ဆိုပြီး ထောင်းချလိုက်ပြီးရင် သူထွက်သွားပြီးတဲ့အခါ မှန်တယ်ဆိုတဲ့လူတွေက တာဝန်ယူရမှာပါ။ အရင်လို ဘဲ ဆိုရင်တော့ ဟာသကြီးဖြစ်နေမှာပါ။ မွတ်ဆလင်တွေ

ကို တကယ်က ဥရောပ နိုင်ငံတွေက ပိုကြောက်တာပါ။ သန်းတရာ ဆိုတဲ့ လူဦးရေပေါက်ကွဲမှုဟာ ကြောက်စရာဘဲ။ ဒါပေမယ့် အိန္ဒိယ နဲ့ တရုတ်နဲ့ ကြားမှာ

အဲဒီ စိုးရိမ်မှုဟာ သိပ် သဘာဝ မကျသလိုဘဲ။ ဒီမွတ်ဆလင်တွေက ရွေ့ ပြောင်း အထိုင်ချတဲ့အဆင့်က လူမျိုးစု လုပ်ဖို့ ကြိုးစားတဲ့အဆင့်။ တရုတ်က တော့ အဲသလို

မဟုတ်ဘူး။ နိုင်ငံရေး၊ စီးပွါးရေးကို ကုတ်က ကိုင်ဖို့ ကြိုးစားနေတဲ့အဆင့်။ အမျိုးသားအရင်းရှင်ဆိုတဲ့ ကျွန်တော်တို့ ရဲ့ စိတ်ကူးကလဲ ရင်ဆိုင်စရာ

တပုံကြီးနဲ့ စောင့်နေတဲ့ကာလပါ။

အထက်က စာပိုဒ်ကို ပြန်ကောက်ရရင် အဲဒီခေတ်အချိန်မှာ အင်္ဂလိပ်ကို ချနေကြရတာဆိုတော့ လက်ဝဲအတွေးအခေါ်နဲ့ ဖွဲ့ ထားတဲ့ အဖွဲ့ အစည်းတွေ နောက်မှာ တိုင်းရင်းသား အင်အားစုတွေ က ညီညွတ်ခဲ့ကြတယ်။

အခု ဒုတိယ လွတ်လပ်ရေးက ဘယ်သူ့ ကို ချနေရတာလဲ။

စစ်အာဏာ ရှင် စနစ်ဆိုရင် အခုက စစ်အာဏာရှင် မဟုတ်တော့ဘူး။

ပါလီမန်ကို ပြုပြင် ပြောင်းလဲချင်တာလား။ အခြေခံဥပဒေကိုလား။ ဒါလဲ ပါလီမန်ထဲက ဘဲ ပြောင်းရမယ်။ ဒီအပေါ်မှာ စာပေလွတ်လပ်ခွင့် ရှိလာတယ် ဆိုတာ

က ကျေနပ်စရာ ကောင်းတဲ့ ပြောင်းလဲမှုပါ။ ဖင်ချွတ်ပြချင်တဲ့ ၀ါသနာက တော့ တပိုင်းဘဲလေ။ စာပေယဉ်ကျေးမှု လွတ်လပ်မှုဆိုတာက စာပေယဉ်ကျေးမှု

နယ်ချဲ့ တာ၊ တင်ပို့ တာကို ခြွင်းချက် မရှိ ခံယူတာလို့ တော့ မထင်မိပါဘူး။

ခြွင်းချက်ကလေးတွေတော့ ရှိနေမှာပါ။

အမေရိကန်ရဲ့ ဒီမိုကရေစီ စံက တော့ ဥရောပလို မဟုတ်ပါဘူး။

အင်္ဂလိပ်စကားကို အမေရိကန် ပြောတော့ အမေရိကန်စကားဖြစ်သွားတာပေါ့။

ဒီအပေါ်မှာ အမေရိကန်တွေကလဲ သမိုင်းကို ငြင်းမနေပါဘူး။ တော်လှန်ရေးလုပ်ချင်တဲ့ လူငယ်တွေ။လုပ်လာတဲ့ လူတွေက ရှေ့ မှာ ရှိပြီးသားတွေ အပေါ်မှာ ဘဲ ကျနော် တို့ ပါလာတော့ လွတ်လပ်ရေး အစစ်မဟုတ်သေးဘူးဆိုတဲ့ ခေါင်းစဉ်တွေအောက်ကို ရောက်ကုန်တယ်။

ဒီမှာ တိုင်းရင်းသားတွေက ဗမာ မပါသော တိုင်းရင်းသား အဖွဲ့ ဆိုတာမျိုး ဖြစ်လာတယ်။ ရိုဟင်ဂျာ အတွက်တော့ ကင်ပိန်းလုပ်ပေးကြပါတယ်။ ရိုဟင်ဂျာတော့

ပါသင့်တယ်ပေါ့လေ။

၁၅ နှစ်ကြီး ၁၅နှစ်ငယ် ပြသနာတွေလို့ ဘဲ ကျနော် က စိတ်အချဉ်ပေါက်ပေါက်နဲ့ သုံးပါ တယ်။ ဒီမှာ Burmanization လို့ စွပ်စွဲတဲ့ အင်အားစုတွေလဲ ရှိမယ်။ မှန်သင့်သလောက် လဲ မှန်နေတာဘဲ။ ဖက်ဒရယ် စနစ်ဆိုရင် တော့ အားလုံးပြုံပြီးပါလာကြတာဘဲဗျ။ အဲဒီကာလတွေက။ တကယ်က လူတွေက ကိုယ့်နေရာ ကိုယ် အုပ်ချုပ်ချင်ကြတာ၊ ကိုယ့်လူမျိုးကိုယ်အုပ်ချုပ်ချင်ကြတာ၊ အချင်းချင်းဘဲ ညှိချင်ကြတာက သဘာဝ ကျပါတယ်။



ဗမာဆိုတာ ဘယ်သူတွေလဲ။ မြန်မာ ဆိုတာ ဘယ်သူတွေလဲ ကွဲကွဲပြားပြား ဖြစ်

ဖို့ လိုလာပါရော။ အဲဒီမှာ ခင်ဗျား စပြီး မှန်ရှေ့ ကထွက်ပြေးပါလိမ့်မယ်။

မနိုင်တဲ့အထုပ်ကို ဘယ်သူမှ မထမ်းချင်ဘူး။ ဒါပေမယ့် ရှောင်လွဲမရတဲ့ အခါတွေကြုံတတ်တယ်။ အထူးသဖြင့် အစိုးရကတော့ေ၇ှာင်လွဲလို့ မရဘူး။

အစကတော့ အင်အယ်ဒီကို တကျော့ပြန် ဘရောက်ဒါတို့ (၉၀)၊ အင်အယ်ဒီဘယ်လဲ ဘာလဲတို့  (၉၃)မေးလို့ ရပေမယ့်ခုက အဲဒီမေးခွန်းကို ပါလီမန်က ဖြေရမှာ။ အစိုးရက ဖြေရမှာ။

မှန်ထဲကလူက ခင်ဗျားကို အချစ်သီချင်း ရိုးရိုးလေး တပုဒ်ဆိုပြတယ် ဆိုပါတော့။

တရားမျှတ လွတ်လပ်ခြင်းနဲ့ မသွေ တို့ ပြည် တို့ မြေ

များလူခပ်သိမ်း ငြိမ်းချမ်းစေဖို့  ခွင့်တူညီမျှ ၀ါဒ ဖြူစင်တဲ့မြေ

တို့ ပြည် တို့ မြေ

ပြည်ထောင်စု အမွေ အမြဲတည်တံ့စေ အဓိဌာန်ပြုပေ ထိမ်းသိမ်းစို့ လေ

ကမ္ဘာမကျေ မြန်မာပြည်…….

ဒုက္ခပါဘဲ ၊ဒီကောင် ဆန္ဒပြနေပြီ။ နိုင်ငံတော် သီချင်းဆိုနေတယ်။ ဖမ်းထည့်လိုက်ရင်

ကောင်းမလား။ လူ ၅ ယောက်ထက်ပိုပြီး နိုင်ငံတော် သီချင်းမဆိုရဘူး ပြောရမလား။

မြန်မာပြည်.. မြန်မာ ပြည် အဲဒါ ဘယ်အနားမှာလဲ…



ဒီတော့ ခင်ဗျားက စကားပုံ တခုကို ကောက်ရွတ်ပြမယ်။ မှန်ကြည့်စရာမလိုတဲ့ စကားပုံ။

ငါမရှိလို့ မဖြစ်ဘူးဆိုပြီးမတွေးပါနဲ့ သချိ င်္ုင်းမှာ ငါတွေကြီးဘဲဆိုတာလေ။

ကံဆိုးချင်တော့ တရုတ်စကားပုံဖြစ်နေမယ် ဗျာ။

သချို င်္င်းက လူနဲ့ မှန်ကြည့်တဲ့လူမှာ မှန်ကြည့်နေသေးတဲ့လူက များမှ တိုးတက်တဲ့

လူ့ အဖွဲ့ အစည်းဖြစ်လာမှာပေါ့ဗျာ။ ဒါကတော့ တွေးမိတဲ့အတွေးတခုပါ။ လောကုတ္တရာ သမားတွေကို တော့ မထိခိုက်စေလိုပါဘူး။ အဲဒီစကားပုံလာရာ တရုတ်ပြည်မှာလဲ လူဦးရေက အတော့ကို နည်းနေပါပြီ။ တရုတ်တွေ မော်စီတုန်း စကားကို နားထောင်လာတာ မြန်မာပြည်ထက် အသည်းအသန်ဖြစ်မှာပေါ့။

ပန်းပေါင်းတရာ ပွင့်ပါစေ။ အတွေးအခေါ် ပေါင်း တရာရှင်သန်ပါစေ ဆိုတာက တော့

နာမည်ကြီးဘဲ။ အဲဒီနောက်တော့ သတ်လိုက်တာ။ သူနဲ့ မတူလို့ ။

ကျနော်တို့ ကလည်း ပုံတူကူးယူလိုက်တာ တိုင်းပြေ မှတ်ပုံတင် ပျောက်လုနီးနီး ထိဆိုပါတော့။ အစိုးရရော အတိုက်အခံရော။

မင်းတို့ အတွက် မြန်မာ့ ဒီမိုကရေစီ လုပ်ပေးရမလား ဆိုပြီးလောင်သူက လောင်သေးရဲ့ ။

ဆိုရှယ်လစ် ခေတ်စားတဲ့အချိန်မှာ မြန်မာ့ဆိုရှယ်လစ်ဖြစ်လာတာကို ကွန်မြူနစ်တွေ သရော်တာပေါ့လေ။ သူတို့ လဲ အင်တာနေရှင်နယ် မဟုတ်ပါဘူး။ ဗ ထက်ချိုက်ထက် တိုးလို့ မရတဲ့ဘ၀။

တချို့ လဲ ကွန်မြူနစ်လဲ မဟုတ် ဘာမှလဲ မဟုတ်ပါဘူး။

ခပ်ရှင်းရှင်း ပြောရရင် ကျနော် တို့ က လေးစားတယ်။ မျက်ကန်းတော့မဟုတ်ဘူး။

လိုအပ်လို့ ။ ကောင်းတဲ့သမိုင်းတွေကိုပါ။

ဒီမိုကရေစီကို ထိုင်းမှာ ပထာသိ ပချိုင်လို့ ခေါ်တယ်။ ဘာသာပြန်တာ မဟုတ်ဘူး။ သူ့ မူလ စကား။အိန္ဒယ မှာ အခြေခံ ဂန အပေါ်က မှ ဆင့်ပွါးယူသွားတာ။ Update လုပ်သွားတာ။

အနောက်လိုမျက်လုံးနဲ့ ကြည့်ရင် ဒီမိုကရေစီဘဲ။ ကျွန်တော်တို့ တိုင်းပြေ က တော့ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ လို သုံးထားတယ် ပြောချင် ပြောလို့ ရပါတယ်။ အခြေခံစံက ဘာလဲ ဆိုတာ ကိုယ်တိုင်မေးခွန်းထုတ်အဖြေရှာပြီးရင် ပြသနာ တော်တော် များများဟာ ပြီးသွားမှာပါ။ တကယ်က န၀တ ကိုယ်တိုင်ကလဲ ထွက်ပေါက်ရှာသွားတာပါ။

အနိမ့်ဆုံးအိမ်သားကို မြှင့်တင်ပေးတဲ့ စနစ်ကမှ သာတူ ညီမျှ ဖြစ်လာဖို့ နီးလာမယ်

လို့ ဘဲ ထင်ပါတယ်။ အားလုံးကို ဆွဲထုတ်ပစ်ရုံနဲ့ တော့ ကျနော်တို့ ရဲ့ ပြသနာဟာ  မပြီးတော့သလို အရုပ်လဲ ဆိုးနေမှာပေါ့။ ဒုတိယ လွတ်လပ်ရေး ဟာ ၊ပထမ လွတ်လပ်ရေးကို တိုက်ရသလို တိုက်ကြရတော့ colony impact ကိုလိုနီဆိုးမွေတွေကို ဆွဲထုတ်ရင်း အသက်လို အရေုးကြီးတဲ့ ဦးနှောက်ယိုစီးမှုတွေ

လူကုန်ကူးမှုဆန်တဲ့ ဒုက္ခသည်စီးကြောင်းထဲ ကျွန်တော်တို့ နိုင်ငံသားတွေလဲ ကုလားတွေလို မျှောရမှာပါဘဲ။

ဒါက လွတ်လပ်ရေး အပေါ်မှာ ကျွန်တော်တို့ ထားခဲ့တဲ့လေးနက်မှု လို့ ပြောရမယ် ထင်ပါတယ်။ လွတ်လပ်ရေး မရှိရင် ဒီမိုကရေစီရေးဆိုတာက ပိုဝေးနေသေးတာပေါ့။

၈၈ နောက်ပိုင်း ကျွန်တော့တို့ ရဲ့ လှုပ်ရှားမှုကို တချို့ က ဒုတိယ လွတ်လပ်ရေးလို့ 

ယူဆတယ်။ မမီပေမယ့် အဲတုန်းက ပါတီစုံ ဒီမိုကရေစီကို တောင်းဆိုခဲ့ကြတယ်လို့ 

အကြမ်းဖျင်း မှတ်ထားပါတယ်။ ကျွန်တော်က လည်း အဲသည်လို ဘဲယုံကြည်ခဲ့ ဘူးပါတယ်။၁၃ နှစ်ထဲ။ မမီ ဆိုတာက နားလည် ပြီး ပတ်သက်တာ မဟုတ်သလို။တောမှာ နေတယ်လေ။

ရန်စည်း၊ ငါစည်း ဆိုပြီးတချို့ တော်တော်များသုံးကြတယ်။ စစ်အာဏာ ရှင်အုပ်ချုပ်တဲ့ အချိန်မှာ အဲသလို သုံးပြီး၊ပါလီမန် ရှိတဲ့ ခုချိန်မှာ အဲသလို သုံးမလား။ အယူအဆ ရေးရာ ရန်လား။ ဒီမှာ တမြေတည်းနေပြီးနိုင်ငံမတူ ကြတဲ့ပြသနာ ကလည်း ရှိနေသေးတယ်။



မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်မှာ လူဖြစ်တဲ့ ကျွန်တော်တို့ မျိုးဆက်ဟာ

တိုက်ပွဲကြားက ပဲ ခေါင်းဆောင်ကို မျှော်ပါတယ်။ တိုက်ပွဲက ခေါင်းဆောင်ကို မွေးပေးတယ် လို့ ယုံတယ်။ ယုံတယ်ဆိုတာထက် မျှော်လင့်တယ် ဆိုရင် ပိုမှန်မယ်။ ကိုယ့်ကိုကိုယ် သေချာ မသိကြဘူး။ မကျေနပ်မှုအခြေခံ ကဘဲ စတတ်ကြတယ်။

အဆိုးဆုံးက ကိုယ့်တိုင်းပြေမှာ လူမျိုးဘယ်နှစ်ခုဆိုတာကို တိတိကျကျ မသိရတာ၊ဘယ်နေရာတွေမှာ နေကြတာကို မသိရကြတာပါဘဲ။

ဒီတော့ခါ မတရားအနိုင်ကျင့်တဲ့ ဇာတ်လမ်း တွေကို ငြိမ်နေရမလား၊ သာတဲ့ဘက်က ၀င်ချရမလား၊ အမှန်တရားလို့ ယုံတဲ့အရာကို မဖြစ်နိုင်တော့သည်တိုင် ကိုင်တွယ်မလား။ ဒေါ်စုကို ချစ်ကြတာ တခုကလွဲရင် ၈၈ ကို ဗမာ နဲ့ ဗမာ ဖြစ်တဲ့ပွဲ

လို့  တချို့ ကပြောတယ်။ ကျနော်တို့ သူငယ်ချင်းတွေထဲကပါဘဲ။ ဒီမှာ ဗမာနဲ့ မြန်မာ ဖြစ်တဲ့ပွဲလို့  တချို့ က ထပ်တင်တယ်။ ကျနော်လဲပါ ပါတယ်။ တိုင်းရင်းသားနယ်မြေတွေမှာ သတ်သတ်မှတ်မှတ် လိပ်စာရှိပြီးသား။

ဒါလဲ နှစ်၂၀ ကျော်ခဲ့မှဘဲ။ ငယ်ငယ်တုန်းကပေါ့။ ဒါပေမယ့် အခု အဲဒါ ဟာ အမှန်တရားလို့ ခံစားလာရတယ်။

 မျိုချထားတာကို ပြန် မအန်ထုတ်ချင်တဲ့ အင်အားစုတွေဟာ နိုင်ငံနာမည်ကို

မှန်အောင် မခေါ်ချင်ကြတော့ဘူး။ ခက်လဲခက်တယ်လေ။ စိတ်ရှည်ဖို့ နဲ့ ပါလီမန် ထဲက ဖြတ်မှ သွေးထွက်သံယို နည်းမှာလို့ ဘဲ ခံစားပါတယ်။

အင်အားကြီးဖို့ ကြိုးစားလာကြမယ်။

ရှေးတုန်းကလူတွေဖွဲ့ ထားတဲ့ အင်္ဂလိပ်ကို တိုက်ခဲ့တဲ့ နာမည်တွေနောက်မှာ တချို့ က အဖွဲ့ အစည်းသဘော။ တချို့ က အယူအဆသဘောနဲ့ ပါဝင်ပတ်သက်ပြီး အများစုကတော့ နိုင်ငံရေးသမားကြီးတွေရဲ့ မရိုးသားမှုကို လူငယ်ပီပီ တက်ကြွမှုနဲ့ 

မှားယွင်းကြတာပါ။ စစ်အာဏာရှင်က ဒီလစ်ကွက်တွေကို သိထားမယ်။ အဲဒါဆိုရင် တသက်လုံး လုပ်စားလို့ ရပြီ။စစ်တပ်က တိုင်းပြေကို တကယ် မချစ်ဘူးဆိုရင်ပေါ့ဗျာ။

နိုင်ငံေ၇း အယူအဆတခု ခု ကို အခြေပြုပြီး ဖြစ်ပေါ်တာ မဟုတ်ဘူးလို့ ဆိုချင်တာပါ။ အစိုးရ ကို မကျေနပ်ဘူး။ဒီအပေါ်မှာ အားလုံးကို တော့ မဆိုလိုပါဘူး။ ဟိုတုန်းက အသက် ၂၀ အရွယ် ကျောင်းသား နဲ့ ကျနော် တို့ ခေတ် ကျောင်းသားကို ယှဉ် ဆွေးနွေးချင် တဲ့ သဘော ပါ။ သူတို့ ခေတ်မှာ သူတို့ မှန်တယ်။ ကျနော်တို့ ခေတ်မှာ ကျနော် တို့ မှန်ဖို့ လိုတယ်။ သူတို့ ခေတ်က အမှန်တရားဟာ ဒီနေ့ ထိ တချို့ တွေမှန် ပေမယ့် ပြင်ဆင်စရာတွေကို ကျနော် တို့ မလုပ်နိုင်သေးဘူး။ ကျနော်က တော့ လုပ်နိုင်မှာလဲ မဟုတ်တော့ပါဘူး လို့ စိတ်လျော့ထားတယ်။ ဖက်ဒရယ် တောင်းကြတယ် တိုင်းရင်းသားတွေနယ်မြေက ထပ်လို ချင်တယ် ။ သွားလိုက်ပြီ အဲဒီကတည်းက။ အဲဒီနယ်မြေက ကောင်တွေကလဲ အဲဒါကို အဲသလို မစဉ်းစားဘူး။

ဒီကနေ့ ကမ္ဘာမှာ အတိုက်အခံအဖွဲ့ အစည်းတွေကို စာနာမှုနဲ့ ထောက်ပံ့ပေမယ့်

အစိုးရဟာ အစိုးရနဲ့ ဘဲ အဆက်အသွယ်လုပ်တယ်။ ကုလ သမဂ္ဂက မလွတ်လပ်တော့တဲ့ နိုင်ငံ မရှိတော့ဘူးလို့ ယုံတယ်။ အရှေ့ တီမောတို့ ရဲ့ ခြွင်းချက် တွေရှိတယ်။ ကျန်တာက ကျနော်တို့ က ပါလီမန်ထဲက ဘဲရှာဖွေရမှာ။

အင်အယ်ဒီ ခေါင်းဆောင်ပိုင်းကို မဆလ တွေလို့ စွပ်စွဲတဲ့ ခေါင်းဆောင်ပိုင်းတွေထဲက

အများစုက လမ်းစဉ်လူငယ်ဆိုတာကို နောက်မျိုးဆက် ဟာမေ့နေ တယ်။ မဟုတ်ရင် ကွန်မြူနစ် နီးနီး လူတွေပေါ့။ ကွန်မြူနစ်လဲ မဟုတ်ကြဘူး။ အဲတော့ တံဆိပ်တွေထက် သူဘာတွေလုပ်သလဲ။ သူဘယ်လို လူစားလဲ ဆိုတဲ့ အမြင်က ဘဲ

ပိုပြီး အဓိက ကျပါတယ်။ ရောင်းအားကောင်းတဲ့ တံဆိပ်ကို ခေတ်လူငယ်တွေ အားပေးတယ်ပေါ့ဗျာ။ ဒါဟာ အပြစ်တခုတော့ မဟုတ်ပါဘူး။

 ကျောရိုးဆိုတာကို ရှာတဲ့အချိန်က နောက်ကျတတ်ပါတယ်။

ခုခေတ်မှာ အင်တာနက် ပေါ်နေတဲ့ အားသာမှုတခုကို ယူထားပြီးသည့်တိုင်အောင် ကမ္ဘာ့အခင်းအကျင်းကို သုံးသပ်တဲ့နေရာ၊ ကမ္ဘာကိုမျှော်ကြည့်တဲ့နေရာမှာရော

နဲ့ လှိုင်း ကို သိသလို ကိုယ့်ကိုယ်ပိုင်ကို လဲ သိတဲ့အထဲမှာ အဲတုန်းက ကျောင်းသားတွေရဲ့ သုံးသပ်မှုကို မမီပါဘူး။

ကိုယ့်တိုင်းပြေနာမည်ကို ကိုယ်မှန်အောင် မခေါ်ချင်သမျှ ဘယ်သူမှ အသိအမှတ်ပြုမှာ မဟုတ်ဘူး။ ဒါမှ မဟုတ် ဗမာကို ဘုံရန်သူထား တိုက်ရမှာလား။ ဒုတိယ လွတ်လပ်ရေးဆိုရင် မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးကိုး။ စဉ်းစားခဲ့ကြတဲ့ စဉ်းစားချက်တွေကို ပြန်သုံးသပ်တာပါ။

ကိုယ့်နာမည် ကိုမှန်အောင် မခေါ်ရင် သူငယ်ချင်း အချင်းချင်းရင်းနှီးမှု နဲ့ နောက်တာ၊ ချစ်စနိုးခေါ်တာကလွဲရင် မသိတဲ့သူခေါ်တာကို သိပ်ကြိုက်တာ မဟုတ်ဘူး။ ဒါက တသီး ပုဂ္ဂလ ခင်ဗျား တယောက်တည်း ပိုင်တဲ့နာမည်။

နိုင်ငံနာမည်ကို မှန်အောင် အခေါ်မခံရတဲ့ အစိုးရ နေရာက နေကြည့်။ ခင်ဗျား သာ

အာဏာရှင်ဆို ဘာလုပ်မလဲ။

သမ္မတ အင်တာဗျူး တခုကို ဘီဘီစီ နားထောင်တဲ့ သူတွေ သိမှာပါ။ဗျူးတဲ့လူက နိုင်ငံကို ဗမာ နိုင်ငံ လို့ သုံးထားပြီး ရိုဟင်ဂျာလို့ သုံးပြီး မေးသွားတာ။ ဒါသည်ပင်လျင် Burmanization ရဲ့ Hidden agenda ထဲက တခုလား။ သမိုင်းရေးနဲ့  အယူအဆအရ ဖွဲ့ ထားတဲ့ အဖွဲ့ အစည်းတွေက သုံးတာကို  မဆိုလိုဘူး။

ကြံ့ခိုင်ရေးပါတီ က လေးဂွတွေက ဘယ်ရောက်နေလဲ။ ကျနော် ကတော့ ပစ်မှာ။

ဘယ်မှာလဲ ကျွန်တော့တို့ ရဲ့ ဂုဏ်သိက္ခာ။ စော်ကားချင်သလို ကြေးစားတွေ စော်ကားခွင့်ကို ပေးရတော့မှာလား။

ဗကပ ပါတီက ဗက ပ လို ဖွဲ့ ထားတာလေ။ ဗကသ ကလဲ ဗကသလို့ ဖွဲ့ ထားတာ။

လူတိုင်းလဲ လုပ်ခွင့် မရှိပါဘူး။ လုပ်ရင် ပြသနာကို လက်ခံရှင်းနိုင်မှ လုပ်တာ ကောင်းတယ်။ ပြည်တွင်းပေါ့ အထူးသဖြင့် နောက်မျိုးဆက် ကို ဆိုလိုချင်တာပါ။

ကျနော်တို့ ထဲက အများစုဟာ သူရဲကောင်းဝါဒ နဲ့ သူရဲကောင်းကိုး ကွယ်တဲ့ ၀ါဒ နှစ်ခုကြားမှာဘဲ ရှင်သန်ကြီးပြင်းတယ်။ တခြားအရာတွေကတော့  မြည်းစမ်းကြပါတယ်။ ဒါပေမယ့်  တကယ်တမ်း ကိုယ့်ကိုကိုယ် ရှာဖွေလိုက်တဲ့အခါ လဲ အဲသလို ဖြစ်နေတာကို တွေ့ ရမယ်။

အဲတော့ တံဆိပ်ကိုဘဲ အားကိုးကြရတာကိုး။ ရွေးချယ်ခွင့် ဆိုတာကခေတ် အဆက်ဆက် သိပ်ရှိခဲ့ကြလို့ လား။





အာဏာရှင်က ဖြစ်ချင်တိုင်း ဖြစ်လို့ မရပါဘူး။ အာဏာရှင်ကို ဘာဖြစ်လို့ ကမ္ဘာက

အသိအမှတ်ပြုဆက်ဆံလာရသလဲ။ ဘာကြောင့်အာဏာရှင်ဖြစ်သလဲ။ မှန်မှန် ကန်ကန် မရှာဖွေ နိုင်ရင် အနာနဲ့ ဆေး တလွဲဖြစ်နေမှာဘဲ။

ခင်ဗျားတို့ ကျွန်တော်တို့ တောင် ကိုယ့်နာမည်ကို နောက်တမျိုးခေါ်ရင် မကြိုက်တာ

တိုင်းပြေတာဝန်ကို ယူထားတဲ့စစ်အစိုးရက ဖြစ်စေ။ ဘယ်အစိုးရ မဆို တိုင်းပြေနာမည်ကို မှန်အောင် မခေါ်ရင် အဲဒီကောင်တွေကို ဆော်မှာဘဲ။

ဒီတော့ အဲဒီမှတ်ပုံတင်မှန်အောင်လုပ်ဖို့ က သူတို့က အဓိက တာဝန်ဘဲ။

သူပုန်ဘဲလုပ်လုပ်၊ အာဏာရှင်ဘဲလုပ်လုပ် အသိအမှတ်ပြုမခံရခင် ကြားမှာ

ရပ်တည်ရာနေမြေ၊ အခြေခံနယ်မြေလိုတယ်။ အဲဒါဟာနိုင်ငံရေးအရ လဲ ဖြစ်နေရခဲ့ရင် သူပုန်လည်း သက်တမ်းရှည်တယ်။ အာဏာရှင်လည်း သက်တမ်းရှည်တယ်။ အမုန်းတရားနဲ့ နိုင်ငံရေး ပြသနာကို ဖြေရှင်းလို့ မှ မရတာ။

စစ်ရေး တခုတည်းနှင့် ပြင်ဆင်ထားရင်တော့ ပြိုကျသွားမှာဘဲ။

နိုင်ငံရေးအရ ပါနေတဲ့ သူပုန်တပ်ကို အစိုးရ ဘက်ကလည်း သေနတ်ပစ်တမ်းဘဲ ကစားမယ်။ စစ်ရေးအရ မကြီးထွားအောင် ထိမ်းမယ်။ နိုင်ငံရေးပြသနာကို မရှင်းနိုင်မရှင်း သူရဲ့ ရှင်သန်ခွင့်ကို ပြန်ထိမ်းထားတာဘဲ။ မဟုတ်ရင် အဲဒီနယ်မြေ ဒေသရဲ့ နိုင်ငံရေး အရ ရှင်သန်ခွင့်ဟာ အစိုးရခေါင်းပေါ်ကို ရောက်လာမယ်။ တာဝန်မယူနိုင်တဲ့အခါ ကျမှ အာဏာ ရှင် ဖြစ်ရတာထက် သိက္ခာကျရမယ့် ပြသနာကို ရှောင်တာဘဲ။ အစိုးရဆိုတာ က နိုင်ငံရေးကို လက်ဝယ်လောလောဆယ် ပိုင်ထားတဲ့လူ။ တိုင်းပြည်ရဲ့ ပြသနာကို ပထမဆုံး ရှင်းရတဲ့ အဖွဲ့ အစည်း။

ဘာကြောင့် နိုင်ငံရေး လုပ်သလဲ ကိုယ့်ကိုကိုယ်မေး ရဲရမယ်။

လူတွေ အတွက်လား။

နိုင်ငံရေး အာဏာ အတွက်လား။

နိုင်ငံရေး ပါတီ အတွက်လား။

လူမျိုးအတွက်လား။

နယ်မြေအတွက်လား။

အဖွဲ့ အစည်းအတွက်လား။

လိုချင်တဲ့ ခေတ်ပြောင်းတော်လှန်ရေးတခု အတွက်လား။

တမျိုးခြင်းက ဥရောပ လို စဉ်းစားရင် နိုင်ငံဖြစ်လို့ ရတဲ့ အဆင့်မှာရှိတယ်။

ဘာကြောင့် မကွဲသလဲ။ တစုံလုံးတစုံလုံးနဲ့ တစုံလုံးလွတ်မြောက်အောင် မလုပ်နိုင်ဘဲ

ချုပ်နှောင်သလို လဲ ဖြစ်နေတတ်ပါတယ်။

တမျိုးကို တမျိုး လေးစားသမှုနဲ့ အသိအမှတ်ပြု ချည်နှောင်ထားကြတဲ့သံယောဇဉ်။

အသိအမှတ်မပြုရင်လဲ ပျောက်ကုန်မှာပေါ့။ အဲဒီ အရော မြန်မာ ရှိနေလို့ တိုင်း ပြေမကွဲတာလို့ သုံးသပ်တယ်။ ဒါပေမယ့် သူ့ ကို ဖျောက်ဖို့ ။ပျောက်ဖို့ ဖြစ်လာ

တဲ့နေ့ ဟာ ဆော်ကြတဲ့နေ့ ဖြစ်မှာဘဲ။

အစိုးရနဲ့ နိုင်ငံကို ကွဲပြားဖို့ လိုတဲ့အချိန်ပါ။ ပါတီနဲ့ လူအဖွဲ့ အစည်း၊တသီးပုဂ္ဂလ

ကို ကွဲပြားရမယ့် အချိန်။ ဒီမိုကရေစီ တောင်းနေကြတယ်၊ လူ့ အခွင့်အရေး တောင်းနေကြတယ်။ လူ့ အဖွဲ့ အစည်း စံနဲ့ ကိုက်ညီနေသေးသမျှ တသီးပုဂ္ဂလ

လွတ်လပ်ခွင့် လဲရှိရမှာပေါ့။

ကိုယ်ဘာလုပ်မယ် ဆိုတာက ဘဲ အရေးကြီးပါတယ်။

ကိုယ့်အကျိုးစီးပွါးကို ထိပြီလား။ အများအကျိုးစီးပွါးကို ထိပြီလား။

တုန့် ပြန်ဖို့ လိုပြီလား။ တရားသဖြင့် ဖြစ်ဖို့  နဲ့ တာဝန်ပြန်သိတတ်ဖို့ ဘဲလိုတဲ့အချိန်ပါ။

သူများ ဘာလုပ်တယ်ဆိုတာက သိပ်အရေးမကြီးလှပါဘူး။ မလုပ်နိုင်ရင် လဲ နားနေလိုက်ပေါ့။

ကျနော်ကတော့ကောက်ရိုးတမျှင်ကြောင့် အသိအမြင် ပြောင်းလဲရင် အဲဒီ ကောက်ရိုးတမျှင်ကို ဆုပ်ကိုင်မယ်။ မြစ်တပင်ကြောင့် ဆိုရင် မြစ်တပင်ကို လေးစားမယ်။ ကျောက်ခဲ တခဲကြောင့် ဆိုရင်အဲဒီကျောက်ခဲကိုတန်ဖိုးထားရမှာဘဲ။

ရေထဲကျရင် ပြန်ဆယ်ထားမယ်။

တံငါရွာကလေးက စင်္ကပူ ဖြစ်လာတယ်။

ဦးအောင်ဇေယျရဲ့ ကုန်းဘောင်နိုင်ငံတော်လဲ မုဆိုးဖို ရွာက စတာဘဲ။



ခရစ်ယန် အတွေးအခေါ်နှင့် ဖေဘီယန်ကို ပေါင်းပြီးဆိုရှယ်ဒီမိုကရေစီ စနစ်ကို ငွေ

ကြေး ချမ်းသာမှု၊ လူဦးရေနဲ့ တဦးခြင်း တစုံတရာ ပြည့်ဝ မှုတွေနဲ့ တည်ထားတဲ့ နော်ဝေး လို ဒီမိုကရေစီ တိုင်းပြေမှာ ဗုဒ္ဓဘာသာ ဘုန်းကြီးတယောက် က သူ့ အခွင့် အရေးကို ချက်ခြင်းရမလား။ အတူတူ သဘောထားမလား။  မထင်ပါနဲ့ ။

မွတ်ဆလင် နှစ် ၆၀ ရှိပြီ။ သူတို့ က အိမ်ရှင်နဲ့ နောက်ရောက်တဲ့သူကို သိတဲ့ ဧည့်စာရင်း ရှိတယ်ဗျ။

ဥရောပ မှာ ၁၃ သန်းရှိတဲ့ မွတ်ဆလင် အင်အားကို ကြောက်တာက နံပါတ် ၁။ နောက် သူ့ အကျိုးစီးပွါးကြောင့် ခုထိ အီးယူထဲ ၀င်တာ မဟုတ်ဘူး။

ဆွီဒင် နဲ့ ကပ်သွားနေတာ။

အချုပ် အနေဖြင့် ပြောရရင် သူရဲကောင်းကိုးကွယ်တဲ့ ၀ါဒ နဲ့ သူရဲကောင်း ၀ါဒ ကြားက ရှင်သန် ကြီးပြင်း ကြတဲ့ ကျွန်တော်တို့ တွေဟာ အကျိုးစီးပွါး မတူကြတဲ့

အခါ နောက်ထပ် သူရဲကောင်းတယောက် ထပ် ထုတ်လုပ်တယ်။ နောက်တယောက်၊ နောက်တယောက်  ထပ်ပြီး ထပ်ပြီးထုတ်လုပ်တယ်။ ဘယ်သူမှတော့ သမိန်ပေါသွပ်ကို မနိုင်ပါဘူး။သူရဲကောင်းကတော့ထောင်ထဲမှာ ဘဲ အနေများနေမှာနော်။

ကျွန်တောက အာဏာရှင်ဆိုတော့ တိုင်းပြည်နာမည်ကို ကမ္ဘာက လက်ခံအောင်လုပ် ရမှာ။

အဲဒီသူရဲကောင်းအရုပ်တွေနဲ့ ရုပ်ပြဇာတ်လမ်း ဆန်ဆန် ကမ္ဘာကို ကြော်ငြာပြီး ငွေရှာ၊ရပ်တည်။ ဒုက္ခသည်တွေ ပိုများလာတာကလွဲပြီး အလုပ်မဖြစ်ခဲ့တဲ့ နှစ် ၂၀ပါ။

ဖွဲ့ စည်းပုံနဲ့ နိုင်ငံရေးအရွေ့ မှာ တက်လာတဲ့ ပြသနာ အားလုံးကို သက်ဆိုင်ရာ သူရဲကောင်းတွေ ခေါင်းကို ပုံချလိုက်တာပေါ့။

အဲဒီအချိန်မှာ သူရဲကောင်းကလဲ ထောင်စကားနဲ့ ပြောရရင် ဂိနေခဲ့ပြီ။ ပညာသင်ရမယ့်အချိန်ထောင်ထဲမှာ၊စီးပွါးရှာရမယ့်အချိန် ထောင်ထဲမှာ၊ အိမ်ထောင်ပြုရမယ့်အချိန်ထောင်ထဲမှာ။ ကျနော်တို့ လူ့ အဖွဲ့ အစည်းမှာက အားလုံးအတွက် ပြန်လည် စောင့်ရှောက်ဖို့ အဆင်သင့် မဖြစ်နိုင်သေးတဲ့အချိန်။ အထိက လဲနာထားကြမှာလဲသေချာပါတယ်။

ဒီမှာတင် သိုင်း သမားတွေကိုဆက်ပြီးထုတ်လုပ်ဖို့  စဉ်းစားလာရပါတယ်။

ဘာမှ လုပ်စရာ မလိုဘဲ နေထိုင်စားသောက်နိုင်ပြီး ပြည်သူကို ကယ်နိုင်တာက

သိုင်းဝတ္ထုထဲက သိုင်းသမားတွေဘဲရှိတာကိုး။

လက်တဖက်ပြတ်သိုင်းသမားတို့ ။ ခြေတဘောင်ကျိုးသိုင်းသမား။ မျက်မမြင်သိုင်းသမား။ အရက်မူး သိုင်းသမား။ ရွှေကလောင်တံ သိုင်းသမား။လေသိုင်းသမား။ ပြီးတော့ အနက်ရောင် သိုင်းသမားတွေကို

လိုက်လံချေမှုန်းရမလား။

ကျနော် တို့ လဲ ဘာမှ လုပ်စရာမလို၊လုပ်ခွင့်မရှိဘဲ နေနေရလို့ သာ သိုင်းလောက ကို

ပြန် ပြန်ရောက်တာပါ။ တကယ်က အတွင်းဒဏ်ရာ ရနေပြီ။ သိုင်းသမားတော်တော်များများက သူတို့ ရဲ့ ပုဂ္ဂလိက ဘ၀တွေကို အချခံရတယ်ဗျ။

မြန်မာပြည်ထဲနေသူ ထောင်ကျနိုင်တယ်၊ နယ်စပ်မှာ အသတ်ခံရခြင်းနဲ့  ပြည်တွင်းက ထောင်ထဲ ပြန်ဝင်ခြင်းဆိုတာကို ပါးပါးလေး ကပ်လျှောက်ကြရတယ်။ အားလုံးအတွက် မဟုတ်ဘူး။

တတိယ နိုင်ငံ မှာ ဒေါ်လာစားနေပြီလို့ အလွတ်မတွက်နဲ့ ။ ဒီမှာမှ အသေအကျေ သိုင်းသမား တွေချည်းသက်သက်ဆော်ကြတာ။ သိုင်းသမား ဘဲဖြစ်ဖြစ်၊ရိုးရိုးလူဘဲ ဖြစ်ဖြစ် အခြေခံအတ္တတော့ ရှိကြတာဘဲဗျ။ ဒီအပေါ်မှာ လွမ်းမိုးချုပ်ကိုင်ဖို့ ကြိုးစားတဲ့

သိုင်းသမားတွေနဲ့ ချကြရတော့တာပါ။ သိုင်းကွက်တွေက မမြင်ရတော့ဘူးနော်။

ကျနော်ဆိုရင် ပန်းပေါင်း တရာ အဆိပ်မိသွားတယ်ဗျာ။

တော်တော်များများကတော့ ပြီးပြီလို့ ထင်တာဘဲ။ သိုင်းသမားဆိုတာက သိုင်းသမားမာန တော့ ရှိတယ်လေဗျာ။တော်ရုံနဲ့ တယောက်နဲ့ တယောက် အကူအညီလဲ မတောင်းကြဘူး။ စစ်မှန်တဲ့ အကူအညီ ဖြစ်ဖို့ လဲ လိုသေးတယ်။ အဲတော့ ရေ မသောက်ရ ရင် စနိုးတွေကို ကြိုမယ်။ စကားမပြောရရင် တယောက်တည်းပြောမယ်။စာရေးမယ်။ပိုက်ဆံရှိရင် ဘီယာသောက်မယ်။ အိမ်မရှိရင် အချုပ်ခန်းထဲနေမယ်။

ကေအမ်သက်

No comments:

Post a Comment