Latest News

Friday, December 15, 2017

စိန်ခေါ်မှုတွေကိုတွေ့ဆုံဆွေးနွေးအဖြေရှာမှုနဲ့ သိမ်သိမ်မွေ့မွေ့ အောင်မြင်မူ ရလဒ်တစ်ခုရအောင်ကြိုးစားရမှာဖြစ်တယ် ဟု ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းပြော

စိန်ခေါ်မှုတွေကိုတွေ့ဆုံဆွေးနွေးအဖြေရှာမှုနဲ့ သိမ်သိမ်မွေ့မွေ့ အောင်မြင်မူ ရလဒ်တစ်ခုရအောင်ကြိုးစားရမှာဖြစ်တယ် ဟု ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းပြော

ဒီဇင်ဘာ     ၁၅ ရက်

၄၃နှစ်မြောက်ရခိုင်ပြည်နယ်နေ့အခမ်းအနားမှာရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကအမှာစကားပြောရာတွင်အထက်ပါအ တိုင်းထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

၄၃နှစ်မြောက်ရခိုင်ပြည်န်နေ့အခမ်းအနားကို  ယနေ့နံနက် ၉နာရီက ရန်ကုမြို့၊ရွှေတိဂုံဘုရားအရှေ့ဘက်မုဒ် ရှိ ရခိုင်ပြည်နယ် ဓမ္မရုံ၌ကျင်းပသည်။အခမ်းအနားကို နမောတဿ ၃ကြိမ်ရွတ်ဆိုပြီး ရခိုင်မင်္ဂလာစည်တော်တီးခတ် ဖွင့်လှစ်ခဲ့သည်။ထို့နောက် အလိုတော်ပြည့်ဓမ္မစရိယတက္ကသိုလ်နာယကချုပ် ဆရာတော်ကြီး ဘဒ္ဒန္တသုစိတ္တဘိဝံသထံမှငါးပါးသီလခံယူကာ ဆရာတော်ကြီးများအား လှူဘွယ်ပစ္စည်းများဆပ်ကပ် လှူဒါန်းသည်။ မြန်မာ နိုင်ငံတော်သမ္မတထံ မှပေးပို့သောသ၀ဏ်လွှာကိုဖတ်ကြီးပြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း က အမှာစကားပြောကြားသည်။

ဝန်ကြီးချုပ်က“ယခုအချိန်မှာရခိုင်ပြည်ဟာပြည်ထောင်စုစီမံကိန်းကြီးနဲ့ဖွံ့ဖြိုးတိုးတက်ရေးကို အားယူနေတဲ့ကာလ တစ်ခုဖြစ်ပါတယ်၊စိန်ခေါ်မှုတိုင်းမှာ အခွင့်အလမ်းရှိပါတယ်၊   ကျနော်တို့နိုင်ငံရဲ့ဘတ်ဂျက် အများစုဟာရ ခိုင်ပြည်နယ်ကိုဦးတည်နေတဲ့ကာလတစ်ခုဖြစ်ပါတယ်၊ ဒီအခွင့်အလမ်းကိုလဲ မိမိရရဆုပ်ကိုင်ပြီး ရခိုင်ပြည်နယ် တိုးတက်အောင်လုပ်သင့်ပါတယ်၊ တစ်ဘက်မှာကျနော်တို့အတွက် စိန်ခေါ်မှုတွေကိုလဲ တွေ့ဆုံဆွေးနွေး အဖြေရှာမှုနဲ့ သိမ်သိမ်မွေ့မွေ့အောင်မြင်မှုရလဒ်တစ်ခုရအောင်ကြိုးစားရမှာဖြစ်ပါတယ်” ဟု ပြောကြားသည်။


ဆက်လက်ပြီး ဒီအချိန်မှာရခိုင်ပြည်နယ်အတွက် အခွင့်အလမ်းတွေရောစိန်ခေါ်မှုတွေရော ရောပြွန်းနေတဲ့ ကာလတစ်ခုဖြစ်ကြောင်း၊ ဒါကြောင့်မို့ရခိုင်ပြည်နယ်ကြီး အဓွန့်ရှည်တည်တံ့ပြီး မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ပြည်ထောင်စုကြီးတည်တံ့ခိုင်မြဲရန် အားလုံးဝိုင်းဝန်းကြိုးစားရ မှာဖြစ်ကြောင်း၊ ဒီအခြေအနေကိုလူမျိုးတစ်မျိုး၊အတွေးခေါ် အယူအဆတစ်ခုထဲနှင့်ရပ်တည်သွားလို့မရကြောင်း၊ အားလုံးက လက်ခံနိုင်သည့်အမှန်တရားတစ်ခုကိုဆုပ်ကိုင်ပြီးနိုင်ငံတော်ကြီးအဓွန့်ရှည်ရန်နှင့်ရခိုင်ပြည်နယ်ကြီးတိုးတက်ဖို့ လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ၀န်ကြီးချုပ် ကပြောကြားခဲ့သည်။

Ref; Yangon Region Government


No comments:

Post a Comment