Latest News

Tuesday, December 26, 2017

ဖိလစ်ပိုင်၌ ဈေးဝယ်စင်တာ မီးလောင်မှုကြောင့် လူ ၃၇ ဦး သေဆုံး

ဖိလစ်ပိုင်၌ ဈေးဝယ်စင်တာ မီးလောင်မှုကြောင့် လူ ၃၇ ဦး သေဆုံး

ဖိလစ်ပိုင်တောင်ပိုင်းရှိ ဈေးဝယ်စင်တာတစ်ခုကို စနေနေ့ က မီးအကြီးအကျယ် လောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ  လူ ၃၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း  အာဏာပိုင်များက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

မီးသတ်ကယ်ဆယ်ရေးသမားများသည် မီးတောက် များကို ငြှိမ်းသတ်နိုင်ရန်  နာရီပေါင်း ၁၆ နာရီကြာ အောင် ကြိုးစားငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

မီးလောင်မှုသည် ဒေသစံတော်ချိန် နံနက် ၃ နာရီ လောက်တွင် လောင်ကျွမ်းခဲ့ပြီး ဖိလစ်ပိုင်သမ္မတ ရိုဒရီ ဂိုဒူတာတေးက  မီးသတ်သမားများ၏ မဆုတ်မနစ် ကြိုးပမ်းမှုကို ထုတ်ဖော်ကြေညာခဲ့သည်။
အဆိုပါ ဧရိယာအတွင်း နေထိုင်သည့် အာဏာ             ပိုင်တစ်ဦးက  မီးလောင်မှုဖြစ်ပွားချိန်တွင်  တစ်ဦး တစ်ယောက်မျှ အသက်ရှင်လွတ်မြောက်ရန် မလွယ် ကူသည့်  အခြေအနေမျိုးဖြစ်သည်ဟု   ပြောကြား                        ခဲ့သည်။

တနင်္ဂနွေနေ့ နံနက် ၉ နာရီအချိန်တွင် ဒါဗာအိုရှိNCCC  ဈေးဝယ်စင်တာအဆောက်အအုံ အစိတ်အပိုင်း အချို့ မီးလောင်ပျက်စီးခဲ့ပြီးနောက်တွင် ပျောက်ဆုံးနေ သူ ၃၇ ဦးထက်မနည်း  ရှိနေသေးကြောင်း   သမ္မတ ဒူတာတေး၏ သားဖြစ်သူ ဒုတိယမြို့တော်ဝန် ပါအိုလို ဒူတာတေးက ပြောကြားခဲ့သည်။              
ဆင်ဟွာ(မြန်​မာ့အလင်း)

No comments:

Post a Comment