မြောက်ကိုရီးယားခေါင်းဆောင်သည် ¤င်းနျူကလီးယားနှင့် ဒုံးကျည်ဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်နေမှုများအပေါ် နိုင်ငံတကာက ပိုမို ချမှတ်လာသည့် အရေးယူဆောင်ရွက်မှုများကို ၄င်း၏နိုင်ငံက လက်မြှောက်အရှုံးပေးသွားလိမ့် မည်မဟုတ်ကြောင်း အလေးအနက် ပြောကြားခဲ့သည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ကိုရီးယားအလုပ်သမား ပါတီ၏ အနိမ့်ဆုံးအဆင့် ယူနစ်အဖွဲ့ခေါင်း ဆောင်များအစည်းအဝေး၌ မိန့်ခွန်း ပြောကြားခဲ့မှုကို နိုင်ငံပိုင်ရုပ်သံက တနင်္ဂနွေနေ့တွင် ထုတ်လွှင့်ပြသခဲ့သည်။သုံးရက်ကြာ ကျင်းပခဲ့သည့် ကွန်ဖရင့် အစည်းအဝေးအတွင်း ကင်ဂျုံအန်း၏ ဒုတိယအကြိမ် မိန့်ခွန်းပြောဆိုမှုဖြစ်သည်။
အမေရိကန်ပြည်ထောင်စုနှင့် ရန်သူ အင်အားစုများသည် မြောက်ကိုရီးယားကိုနှိပ်ကွပ်နိုင်ရေးအတွက် စီမံချက်များ နှင့် အရေးယူပိတ်ဆို့မှုများ ပြုလုပ်ရန် ကိုသာ စိတ်အားထက်သန်နေသည်ဟု ကင်က ပြောကြားခဲ့သည်။
ပါတီ၏မူဝါဒများအရ မြောက် ကိုရီးယားသည် ရန်သူများ၏ ကျူးကျော် ရန်စမှုနှင့် အရေးယူပိတ်ဆို့မှုများကို တွန်းလှန်သွားနိုင်သည်။ အလုပ်သမား ပါတီက မကြာသေးမီက ဆောင်ရွက်ခဲ့ သည်များမှာ အစသာရှိသေးကြောင်းနှင့် ယခုထက်ပိုမိုကြီးမားသည့် စစ်ဆင်ရေး များကိုလည်း လုပ် ဆောင်သွားမည်ဖြစ် ကြောင်း ကင်က အလေးအနက်ပြော ကြားခဲ့သည်။
Ref;Reuters(MMAL)
No comments:
Post a Comment