Latest News

Saturday, December 16, 2017

Birthday Showကို မည်သည့်ရုပ်သံလိုင်းကမှ ထုတ်လွှင့်ပြသမှု မရှိဘူးဆိုသည့် ဝိုင်းစုခိုင်သိန်း

Birthday Showကို မည်သည့်ရုပ်သံလိုင်းကမှ ထုတ်လွှင့်ပြသမှု မရှိဘူးဆိုသည့် ဝိုင်းစုခိုင်သိန်း

ယခုလ ၂၄ ရက်တွင် ကျရောက်မည့် မွေးနေ့အတွက် အမှတ်တရအဖြစ် တစ်ကိုယ်တော် ဖျော်ဖြေပွဲပြုလုပ်မည့် အဆိုတော် ဝိုင်းစုခိုင်သိန်းက  သူ၏ပွဲကို မည့်သည့်ရုပ်သံလိုင်းကနေမှ ထုတ်လွှင့်ပြသသွား မည် မဟုတ်ကြောင်း ယခုလ ၁၂ ရက် မွန်းလွဲ ၂ နာရီက  ရန်ကုန်မြို့ တာမွေမြို့နယ်ရှိSky Star Hotel တွင်ပြုလုပ်သော ''ဂါ'' တေးစီးရီး MTVခွေ ထွက်ရှိခြင်းနှင့်ပတ်သက်သည့် စာနယ်ဇင်း အသိပေးပွဲတွင် ဖြေကြားခဲ့သည်။  အဆိုပါ တေးစီးရီးကိုBoBo Music တေးထုတ် လုပ်ရေးမှ ယခုလ ၁၆ ရက်တွင် မြန်မာတစ်ပြည်လုံးကိုဖြန့်ချိသွားမည်ဖြစ်သည်။
“''ရုပ်သံမှာ မလွှင့်ဘူးဆိုတာ ဝိုင်းစု ပွဲကိုလာစေချင်လို့ပါ၊ အခြားရည်ရွယ်ချက်မရှိ ပါဘူး၊ ပရိသတ်နဲ့ မတွေ့ရတာလည်း နည်းနည်း ကြာပြီလေ အဲဒါကြောင့်ပါ၊ အခွေကိုMTV ထုတ်လိုက် တာကလည်း နှစ်ကုန်တော့မယ်၊ ပြီးတော့ ဝိုင်းစုရဲ့  ငါးခွေမြောက် ကလည်း ဒီနှစ်ကုန်မှာထွက်ဖို့ ပြင်ဆင်နေတာကြောင့်ပါ၊  ဝိုင်းစုရဲ့ တစ်ကိုယ်တော်MTVကို မနှစ်က ၁ဝ ပိုင်းကတည်းက စီစဉ်ခဲ့တာ ဖြစ်ပါတယ်၊ ဒါရိုက်တာတွေရဲ့ အခက်အခဲလေးတွေ ရှိတာကြောင့် နည်းနည်းကြာသွားတာပါ၊ 'ဂါ'အရင် ၁၃ ပုဒ်မှာMTVကို သီချင်းရှစ်ပုဒ်ပဲရိုက် ဖြစ်ပါတယ်၊ အဓိက ဘတ်ဂျက်ကြောင့်ပါ၊ သီချင်းအပုဒ်တိုင်းမှာ ကုန်ကျစရိတ်တွေလည်းအများကြီးတက်လာတယ်၊ ဝိုင်းစုမရိုက်နိုင်တဲ့အတွက်ပါ၊ ဖြစ်နိုင်ရင်တော့ အနုပညာသမားတွေ တိုင်ပင်ချိန်မှာ ဝိုင်းစုက မနေနိုင်မထိုင်နိုင်ဘဲ ရှစ်ပုဒ်လောက်ရိုက်လိုက်တယ်၊ ကုန်ကျစရိတ်များတဲ့ကြားက ဝိုင်းစု ပရိသတ်အတွက် အကောင်းဆုံးချပြချင်လို့ ရိုက်ဖြစ်လိုက်တယ်၊ ကျန်တဲ့သီချင်းလေးတွေကို ဆက်ရိုက်ဖို့ တစ်နည်းနည်းနဲ့ ကြိုးစားထား ပါတယ်'' ဟုအဆိုတော် ဝိုင်းစုခိုင်သိန်းက ပြောသည်။
   အဆိုပါ သီချင်းခွေတွင် သီချင်း ရှစ်ပုဒ်ပါဝင်ပြီး တေးရေးဆရာဖိုးကာ၊ ရွှေဂျော်ဂျော်၊ ညီမင်းခိုင်၊ ဝေလ၊Snareအောင်သူ၊ ဆောင်းဦးလှိုင်၊X Box၊Moe Z Lay၊ ရွှေထူးတို့ကရေးသားပေးထားကာFeaturing အနေဖြင့် ဖြိုး ပြည့်စုံ၊ှညမေနတို့က ပါဝင်သီဆိုထားကြသည်။ ယင်းသီချင်းခွေတွင် သရုပ်ဆောင်များအဖြစ်Snare၊ ဇေယျ၊ ထူး၊ အလင်းရောင်၊ ခါရာ၊ ချမ်းမင်းရဲထွဋ်၊Russell ၊  ငြိမ်းသော်၊ အောင်ဆန်းထွဋ်၊  ဝိုင်းစုခိုင်သိန်း၊ အောန်ဆိုင်း၊ Mဆိုင်းလု၊ မေ၊ မေဆူးမောင်၊ မေမြင့်မိုရ်၊ ရတနာဗိုလ်နှင့် RVC Dancer group  တို့ပါဝင်ပြီး ဒါရိုက်တာအနေဖြင့် ဝင်းလွင်ထက်၊ မေဘရဏီ၊ ထူးပိုင်ဇော်ဦး၊ Milos နှင့်Shutter တို့ကStory  ပုံစံနှင့်MTVပုံစံ အကောင်းဆုံးရိုက်ကူးထားကြောင်း သိရသည်။ ''ဂါ''သီချင်းခွေကို ဒီဇင်ဘာ၁၆ရက်တွင် BoBo Music မှ ဖြန့်ချိမည်ဖြစ်ကာ ယင်းနေ့တွင် ပရိုမိုးရှင်းပွဲကိုဒီဇင် ဘာ ၁၆ ရက် မွန်းလွဲ ၃ နာရီတွင် ရန်ကုန်မြို့ လှည်းတန်းစင်တာ၌ှSpecial LUCKY DRAWAlbum Promotionတွင် ခွေဝယ်ယူအားပေးသော ပရိသတ်များကို ဒီဇင်ဘာ ၂၄ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပမည့် တစ်ကိုယ်တော်ရှိုးပွဲလက်မှတ် များကို မဲဖောက်ပေးမည်ဖြစ်ပြီး လာရောက်ဝယ်သူများကို ငါးရာခိုင်နှုန်း လျှော့ပေးမည်ဟု သိရှိရသည်။          ကိုလင်း

No comments:

Post a Comment