Thursday, November 23, 2017
သေနတ်သမားတစ်ဦးရဲပစ်သတ်ခြင်းကိုခံလိုက်ရတဲ့ အမေရိကန်နိုင်ငံ Kansasပြည်နယ်ရောက် ကရင်ဆယ်ကျော်သက်တစ်ဦး (December Htoo)
ဒီသတင်းပတ်အကုန်က သေနတ်သမားတစ်ဦးရဲပစ်သတ်ခြင်းကိုခံလိုက်ရတဲ့ မြန်မာနိုင်ငံကနေ အမေရိကန်ကို ဒုက္ခသည်အစီအစဉ်နဲ့ရောက်ရှိသွားတဲ့ ဒီဇင်ဘာထူး ကို အမှတ်ရတဲ့အခမ်းအနားကို သူ့မိသားစုဝင်တွေနဲ့ သူ့ကိုချစ်တဲ့ မိတ်တေဆွသူငယ်ချင်းတွေက စုပေါင်းပြီးပြုလုပ်ခဲ့ကြပါတယ်။
သူအလုပ်လုပ်တဲ့ မေပယ် အ၀တ်လျှော်ဆိုင်မှာ သူသေဆုံးနေတာကိုတွေ့ရှိခဲ့ကြရပြီး ရဲတွေကတော့
သူ့ကိုပစ်သတ်သွားတဲ့တရားခံကို ရှာဖွေနေဆဲပါ။
ဒီဇင်ဘာထူးက သူ့အိမ်ကိုထောက်ပံ့နိုင်ဖို့ဒီဆိုင်မှာ အချိန်ပိုင်း အလုပ်ဆင်း နေတာပါ။ ဗုဒ္ဓဟူးနေညနေပိုင်းကတော့ သူ့ကိုချစ်ကြတဲ့မိသားစုဝင်တွေနဲ့ သူ့သူငယ်ချင်းတွေအတွက် စိတ်ထိခိုက်ကြေကွဲဖွယ်
ညနေခင်းဖြစ်ခဲ့ပါတယ်။ မျက်နှာပေါ်မှာ အပြုံးချိုချိုနဲ့ အသက် ၁၅ နှစ်အရွယ် ဆယ်ကျော်သက်ကလေး
တစ်ဦးကို ပစ်သတ်သွားတဲ့သူဟာ ဘယ်သူဖြစ်နိုင်မလဲ ဘယ်သူမှ တွေးဆလို့မရနိုင်ဘူးဖြစ်နေကြပါတယ်။ ကျမ ဘယ်သူဖြစ်နိုင်သလဲဆိုတာ စဉ်းစားလို့မရဘူး။
ဒီဇင်ဘာအတွက် ကျမတို့တရားမျှတမှုကိုလိုချင်ပါတယ်လို့ သူ့ရဲသူငယ်ချင်း
ကလော်ဒီယာကပြော ပါတယ်။
မေပယ်အ၀တ်လျှော်ဆိုင်ကတော့ ဒီဇင်ဘာထူးသေဆုံးပြီးကထဲက ခုထိပိတ်ထားဆဲ ဖြစ်ပါတယ်။ SZ(Time Ayeyar)
၁
သေနတ်သမားတစ်ဦးရဲပစ်သတ်ခြင်းကိုခံလိုက်ရတဲ့ အမေရိကန်နိုင်ငံ Kansasပြည်နယ်ရောက် ကရင်ဆယ်ကျော်သက်တစ်ဦး (December Htoo)
Reviewed by timeayeyar
on
3:56 PM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment