Thursday, November 23, 2017
ဒီတခါ ဘင်္ဂလားဒေ့ရှ် အလှည်
နှစ်နိုင်ငံအကြား ဒုက္ခသည်များ ပြန်ပို့ရေးရက်သတ္တပါတ် ပေါင်းများစွာ ဆွေးနွေးခဲ့ကြ
ပြီးနောက် မနေ့ က နေပြည်တော်မှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
သဘောတူညီချက်မှာ ပါတဲ့ စည်းကမ်းချက်တွေကို အသေးစိတ် မထုတ်ပြန်သေးပေမယ့် လုပ်
ငန်းများ နှစ်လ အတွင်း စတင်မယ်လို့ သိရပါတယ်။
သို့သော် မြန်မာနဲ့ အခုလို သဘောတူညီချက်အလျင်အမြန် ချုပ်ဆို လိုက်မှုကို ရှယ်ဖွယ်လိလိ
ဟု လူ့ အခွင့်အရေး အဖွဲ့ များနဲ့ ပြည်ပ သတင်းစာများက ဘင်္ဂလားဒေ့ရှ်အား ၀ိုင်းဝန်း ပြောဆို
ရေးသားလာပြီ ဖြစ်ပါတယ်။
"ရိုဟင်ဂျာ" ဆိုသူများအား တဦးမကျန် နိုင်ငံသားပေးရေး။
၎င်းတို့၏ လယ်ယာမြေများကို ပြန်ပေးရေး နဲ့ အနှောက်အယှက် မရှိ နေထိုင်ခွင့် အာ
မခံ မပေးမချင်း ပြန်မလွှတ်သင့်ဖူးလို့ ဆိုပါတယ်။
ဒီအတိုင်းဆိုက ဘင်္ဂလားဒေ့ရှ် မှာပဲ တသက်လုံးနေရတော့မယ့် သဘော ဖြစ်နေပါတယ်။
၎င်းတို့ အဆိုအရ ပြန်သွားမည့်သူများအားApartheid လို ခွဲခြားဆက်ဆံပြီး စခန်းထဲ ထည့်
ထားမှာကို လွန်စွာ စိုးရိမ်မကင်း ဖြစ်ကြရတယ်လို့ ဆိုပါတယ်။
အဆိုပါ လူ့ အခွင့်အရေး အဖွဲ့ များ၊ စိုးရိမ်မကင်းသော နိုင်ငံများ အနေဖြင့် ဘာသာမတူ
စကားမတူ လူမျိုးမတူသည့်အပြင် ရန်လိုနေသည်ဟု ယူ ဆခံထားရသော အရပ်သို့
အဘယ်ကြောင့်များ အတင်းပြန်လွှတ်နေကြရပေသနည်း။
ထိုသို့ လုပ်မည့်အစား ၎င်းတို့အတွက် စိတ်အေးချမ်းသာ အနှောက်အယှက်မရှိသော ဘင်္ဂလားတွင်
အမြဲတမ်း လက်ခံပေးဖို့ ဒါကားရှိ အစိုးရကို မတိုက်တွန်းသင့်ပေသလော။
ယခုအခါ စောလွန်းသေးသည်ဆိုသော ၎င်းတို့အလိုကို ဆန့်ကျင်ပြီး အတင်းအကျပ် ပြန်ပို့မယ့် ဘင်္ဂလား
အစိုးရ အကျပ်ရိုက်ဖို့ ဖြစ်လာနေရပြန်ပါပြီ။
၎င်းတို့ အဖို့က နှစ်နိုင်ငံအကြား ပြဿနာကိုငြိမ်းချမ်းစွာ ဖြေရှင်းနိုင်သည်ကို အားပေးရမည့်အစား စားပေါက်ပိတ်မှာကို စိုးရိမ်နေကြတာ အတိုင်းသား မြင်နေ ကြားနေရပါတယ်။
လှစိုးဝေ
ဒီတခါ ဘင်္ဂလားဒေ့ရှ် အလှည်
Reviewed by timeayeyar
on
4:48 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment