အမေရိကန်နိုင်ငံက MS-13 လမ်းသရဲဂိုဏ်းအဖွဲ့ဟာ လူတစ်ယောက်ကို ဓားနဲ့အချက်ပေါင်း ၁၀၀ လောက်ထိုးပြီး ခေါင်းကိုဖြတ်၊ နှလုံးကိုထုတ်ယူခဲ့တဲ့ရက်ရက်စက်စက်သတ်ဖြတ်မှုတစ်ခု ၀ါရှင်တန်ဒီစီနားက ပန်းခြံနားမှာ ဖြစ်ပွားပါတယ်။
စုံစမ်းစစ်ဆေးသူတွေက အသတ်ခံရသူဘယ်သူလဲဆိုတာကို သိရဖို့ကြိုးစားနေကြပြီး သေသူဟာ ဟစ်စပန်းနစ် အမျိုးသားတစ်ယောက်ဖြစ်မယ်လို့ယူဆကြပါတယ်။
လမ်းသရဲဂိုဏ်းသားတွေဟာ အသတ်ခံရသူကို သူ့အတွက်ကြိုတင်ပြင်ဆင်ထားတဲ့ နေရာကိုမျှားပြီးခေါ်ဆောင်ခဲ့ ကြပြီး သူတို့ရဲ့သားကောင်အနားကိုချဉ်းကပ်လာတဲ့အချိန်မှာ အချင်းချင်းစကားပြောစက်တွေနဲ့ ဆက်သွယ်ခဲ့ကြတယ်လို့တရားရုံးမှတ်တမ်းအရ သိရပါတယ်။
မစ်ဂွယ်အိန်ဂျယ်လိုပတ်ဇ်အဘာဂို(အသက် ၁၉နှစ်) ဟာ သေဆုံးသူရဲ့ရင်ညွှန့်ထဲကိုပထမဦးဆုံးဓားနဲ့ထိုးစိုက်လိုက်သူဖြစ်ပြီး အကြိမ်တရာခန့် ဓားနဲ့ထိုးသတ်ခြင်းခံခဲ့ရပါတယ်။ အဲဒီနောက်သေသူရဲ့နှလုံးကိုဖြတ်ထုတ်ပြီး မြေကျွင်းထဲပစ်ထည့်ခဲ့ကြပါတယ်။လိုပတ်ဇ်အဘာဂို ကို မြောက်ကယ်ရိုလိုင်းနားပြည်နယ်မှာ နိုဝင်ဘာ၁၁ရက်နေ့ကဖမ်းဆီးမိခဲ့ပြီး မောင်ဂိုမာရီခရိုင်၊မေရီလန်းပြည်နယ်ကို လွှဲပြောင်းပေးခဲ့တယ်။ သူ့ကို တိုက်ခန်းတစ်ခုမှာ အခြားသံသယရှိသူတရားခံနှစ်ဦးနဲ့အတူဖမ်းဆီးမိခဲ့ပါတယ်။
သူတို့ဟာ အယ်လ်ဆာဗေးဒိုးကဖြစ်ပြီး အမေရိကန်ကိုတရားမ၀င်ဝင်ရောက်နေထိုင်သူလို့သိရပါတယ်။
ဒီလမ်းသရဲဂိုဏ်းဟာ ကြောက်မက်ဖွယ်ကောင်းပြီး အင်မတန် ရက်စက်တဲ့နည်းလမ်းတွေကိုသုံးကြတယ်လို့ဆိုပါတယ်။ဇန်န၀ါရီလတုန်းကလည်း အသက်၁၅ နှစ်အရွယ်မိန်းကလေးတစ်ဦးကို ဒီဂိုဏ်းသားတွေကညှင်း ပန်းပြီး သတ်ဖြတ်တဲ့အမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။
သမ္မတဒေါ်နယ်ထရမ့်ကတော့ ဒီရက်စက်တဲ့လမ်းသူရဲဂိုဏ်းတွေကို တိရိစ္ဆာန်တွေလို့ ဆပ်ဖော့ကောင်တီကောလိပ်မှာ ပြောတဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောသွားပါတယ်။ သူက နယ်စပ်ကိုလုံခြုံအောင်ပြုလုပ်မယ်။ ရဲတပ်ဖွဲ့ဝင်တွေကိုလည်းယခင်က ဘယ်တုန်းကမှမရဘူးတဲ့ ထောက်ပံ့မှုတွေပေးမယ်။ဒီလမ်းသရဲဂိုဏ်း ခြေမှုန်းပစ်ဖို့သန္နိဌာန်ချထားကြောင်းပြောပါတယ။်
SJ (Time Ayeyar)
Thursday, November 23, 2017
လူကိုသတ်ပြီး ခေါင်းဖြတ်ကာ နှလုံးကိုထုတ်ယူခဲ့သော အမေရိကန်က ကြောက်စရာ MS-13 လမ်းသရဲဂိုဏ်း
လူကိုသတ်ပြီး ခေါင်းဖြတ်ကာ နှလုံးကိုထုတ်ယူခဲ့သော အမေရိကန်က ကြောက်စရာ MS-13 လမ်းသရဲဂိုဏ်း
Reviewed by timeayeyar
on
8:39 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment