Latest News

Tuesday, November 7, 2017

၆၂ နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနား ကျင်းပ

၆၂ နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနား ကျင်းပ

၆၂ နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားကို ဘားအံမြို့ရှိ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်းပြင်မှာ ဒီနေ့မနက် ၇ နာရီက ကျင်းပခဲ့ပါတယ်။

ဒီအခမ်းအနားကို နိုင်ငံတော်သမ္မတ ဦးထင်ကျော်က သဝဏ်လွှာပေးပို့ခဲ့ပြီး ဒုတိယသမ္မတ-၁ ဦးမြင့်ဆွေ တက်ရောက်ခဲ့ပါတယ်။

အခမ်းအနားမှာ ပြည်နယ်ဂုဏ်ဆောင် ထူးချွန်ဆုတွေ ပေးအပ်ခဲ့ရာ မြို့နယ်အလိုက် တက္ကသိုလ်ဝင်တန်း ထူးချွန်စွာအောင်မြင်သူတွေ၊ အစိုးရနည်းပညာအထက်တန်းကျောင်း၊ ဘားအံပညာရေးကောလိပ် ထူးချွန်သူတွေ၊ အားကစားထူးချွန်ဆု၊ စိုက်ပျိုးမွေးမြူရေးထူးချွန်ဆု၊ နိုင်ငံတော်အဆင့် ထူးချွန်ဆုတွေ ပါဝင်ပါတယ်။

ဘားအံမြို့ရှိ နိုင်ငံတော်အခမ်းအနားတွေ၊ ပြည်နယ်အခမ်းအနားတွေ ကျင်းပရာ သီရိကွင်းမှာလည်း ဝန်ကြီးဌာနပြခန်းတွေ၊ ဒေသထွက်ကုန်တွေ၊ စက်မှုလက်မှုပြခန်းတွေ၊ ဈေးရောင်းပွဲတော်တွေ၊ ရိုးရာလှေလှော်ပြိုင်ပွဲ၊ ရိုးရာလက်ဝှေ့ပြိုင်ပွဲတွေကိုလည်း ၅ ရက်ကြာ ခင်းကျင်းပြသသွားမှာ ဖြစ်ပါတယ်။

သတင်း၊ ဓာတ်ပုံ – ရူပါအောင်ဝင်း

DVB

No comments:

Post a Comment