ဒေါ်နယ်ထရမ့်ကို လက်ခလယ်ထောင်ပြခဲ့သည့် အမျိုးသမီး အလုပ်မှ အထုတ်ခံရ
အမေရိကန်သမ္မတယာဉ်တန်း ဖြတ်သွားစဉ် ဒေါ်နယ်ထရမ့်ကို လက်ခလယ်ထောင်ပြခဲ့သည့် စက်ဘီးစီးအမျိုးသမီးတစ်ဦး သူမ၏ အလုပ်ကနေ ထုတ်ပယ်ခံလိုက်ရကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဂျူလီ ဘရစ်ခ်မန် ဆိုသူ ကလေးနှစ်ဦး၏ မိခင် အမေရိကန်အမျိုးသမီးတစ်ဦးသည် ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက ထရမ့် ပိုင်ဆိုင်သည့် ဂေါ့ဖ်ကလပ်အနီး လမ်းတစ်ခုပေါ်တွင် စက်ဘီးစီးသွားလာနေခဲ့သည်ဟု သိရသည်။ ယင်းနောက် ထရမ့်လိုက်ပါလာသော ယာဉ်တန်းက သူမနံဘေးမှ ဖြတ်သွားတာနှင့် ကြုံကြိုက်စဉ် ကားပေါ်တွင် ပါလာသော ထရမ့်ကို ဂျူလီက လက်ခလယ်ထောင်ပြခဲ့ခြင်းဖြစ်သည်။
" ကျွန်မ စက်ဘီးစီးနေတုန်း သူ ကားတန်းက ကျွန်မဘေးကနေ ဖြတ်သွားပါတယ်၊ အဲဒီအချိန်မှာပဲ ကျွန်မကိုယ်တွင်းက သွေးတွေ ဆူပွက်လာပြီး လက်ခလယ်ထောင်ဖို့ နှစ်ခါတောင် မစဉ်းစားလိုက်ရပါဘူး" ဆိုပြီး အသက် ၅၀ အရွယ် ဒီမိုကရက်တစ်ပါတီ ထောက်ခံသူ ဂျူလီက ပြောသည်။
သို့သော် သူမ စိတ်လွတ်လက်လွတ်ပြုမူလိုက်သော ယင်းအပြုအမူကို ထရမ့်ယာဉ်တန်းနှင့်အတူ လိုက်ပါလာသည့် အိမ်ဖြူတော် ဓာတ်ပုံသတင်းထောက်တစ်ဦးဖြစ်သော ဘရန်ဒန် စမီယာလိုစကီးက ကင်မရာနဲ့မှတ်တမ်းတင်လိုက်နိုင်ပြီး ဖြန့်ဝေလိုက်ခြင်းကြောင့် ယင်းသတင်းမှာ လူအများကြားအလျင်အမြန် ပြန့်နှံ့သွားခဲ့သည်ဟု သိရသည်။
အဆိုပါ အကျိုးဆက်ကြောင့် ဂျူလီအနေဖြင့် သူမလုပ်ကိုင်နေသည့် အလုပ်မှ ထုတ်ပယ်ခြင်းခံလိုက်ရပြီ ဖြစ်သည်။
ယခုကဲ့သို့ ဂျူလီ လက်ခလယ်ထောင်ပြသည့်အပြုအမူကို ကားထဲတွင် ပါသည့် ထရမ့် မြင်တွေ့သွားခဲ့သလားဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိခဲ့ရပေ။
အိမ်ဖြူတော်အနောက်မြောက်ဘက် ၂၅ မိုင်ခန့်အကွာ ပါတိုမက် မြစ်ကမ်းပါးမှာ ရှိသည့် ၎င်း၏ ဂေါ့ဖ်ကလပ်သို့ ထရမ့်လာရောက်ခဲ့ခြင်းဖြစ်ပြီး ယင်းအနီးအနားတွင် နေထိုင်သူဖြစ်သည့် ဂျူလီမှာလည်း အားလပ်ရက်စက်ဘီးထွက်စီးသည်နှင့် ကြုံကြိုက်သွားခဲ့ခြင်း ဖြစ်သည်။
Mizzima
Subscribe to:
Post Comments (Atom)
No comments:
Post a Comment