Latest News

Tuesday, November 7, 2017

တရားမ၀င် ခရီးသည်ပို့ဆောင်ရေး ယာဉ်လက်မှတ်ရောင်းချနေသည့် ဂိတ် ၆ ခုကို တရားစွဲဆို

တရားမ၀င် ခရီးသည်ပို့ဆောင်ရေး ယာဉ်လက်မှတ်ရောင်းချနေသည့် ဂိတ် ၆ ခုကို တရားစွဲဆို

မန္တလေးမြို့တွင်း တရားမ၀င် ခရီးသည်ပို့ဆောင်ရေးယာဉ်လက်မှတ်ရောင်းနေသည့် ဂိတ်များကို မြို့တော် စည် ပင်သာယာရဲတပ်ဖွဲ့မှ စစ်ဆေးအရေးယူမှုများ ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၄ ရက်နေ့က ချမ်းမြရွှေပြည် ကားကွင်းပြင်ပတွင် ဖွင့်လှစ်ထား သည့် ဂိတ် ၆ ခုကို ဖမ်းဆီးအရေးယူခဲ့ရာ စုစုပေါင်း ၁၀ ခုရှိပြီဖြစ်ကြောင်း စည်ပင်သာ ယာရဲတပ်ဖွဲ့မှ ရဲမှူးငြိမ်းချမ်းအောင်ကပြောသည်။

အဆိုပါ ဂိတ် ၆ခုကို နိုဝင်ဘာ ၆ ရက်နေ့တွင် စည်ပင် သာယာအထူး တရားရုံးသို့ တရားစွဲတင်ပို့ခဲ့၍ နိုဝင်ဘာ ၂၄ ရက်နေ့က ၇၇ လမ်း၃၁ လမ်း ၀န်းကျင်မှ ဂိတ် ၄ ခုကို စည်ပင်သာယာရေးဥပဒေ ၁၁၆ ဖြင့် အရေး ယူခဲ့ပြီး စစ်ဆေးအရေးယူမှုများကို စဉ်ဆက်မပြတ်ဆောင်ရွက် သွားမည်ဖြစ်ကြော င်း သိရသည်။

“လူပြတ်ချိန်မှာ ခရီးသည်က ကားကွင်းပြင်ပမှာ ဆင်းလိုက်တော့ ဆိုင်ကယ် ကယ်ရီသမားတွေထဲက မရိုး သားဘဲ အုပ်စုဖွဲ့လုပ်တဲ့သူနဲ့ တွေ့ပြီး ပြသ နာတွေတက်တယ်။ တရားမ၀င်လက်မှတ် ရောင်းဂိတ်တွေနဲ့ ကယ်ရီသမား က လက်ဝါးရိုက်ပြီး လက်မှတ်ခ ၂၀၀၀၀ ဆိုရင် လေးသောင်းလောက် တောင်းပြီးလုပ်ကြ တယ်။ဒါကြောင့် တရားမ၀င်ဂိတ်တွေကို စစ်ဆေးအရေး ယူမှုတွေ လုပ်နေတယ်။”ဟု၎င်းက ပြောသည်။

Mandalay News

ThitHtooLwin

No comments:

Post a Comment