Latest News

Thursday, November 16, 2017

အသုဘ မြေချခွင့်ရရှိရေး နှစ်ဖက်ဆွေးနွေးညှိုနိုင်းမူများ ပြုလုပ်

အသုဘ မြေချခွင့်ရရှိရေး နှစ်ဖက်ဆွေးနွေးညှိုနိုင်းမူများ ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ် ဇင်ပြွန်းကုန်းကျေးရွာ အရှေ့ပိုင်း ကွယ်လွန်သူ ဒေါ်သန်းသန်းနွယ် အသက် ၄၉ နှစ် ၏ရုပ်အလောင်းအား အသုဘချခွင့် ရရှိရန် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ဒေသခံများ ဆွေးနွေးညှိုနိုင်းဆဲ ဖြစ်ကြောင်း ဒေသခံ ဦးသန်းစိုးကပြောသည်။

"ဘယ်ရက် ဘယ်လို ချမလည်း မသိဘူး အမှန်  ဒီနေ့ချရမယ့်ရက်ဗျ" ဟုဒေသခံ ဦးသန်းစိုးကပြောသည်။

အစဉ်အလာ ရွာဓလေ့ထုံးထမ်းအရ ဇင်ပြွန်းကုန်းကျေးရွာလမ်းမကြီး ရွာလယ်လမ်းမှ သယ်ရန် ခွင့်မပြုကြောင်း အသုဘချခွင့်မပေးသည့်အတွက် ရွာလမ်းမကြီးတွင် အလောင်းချထားရခြင်းဖြစ်သည်။

အသုဘချရန် အခက်အခဲဖြစ်နေသောကြောင့် ကျုံပျော်မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျုံပျော်မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများရောက်ရှိလာပြီး ကျေးရွာမှတာဝန်ရှိသူများ နှင့် နှစ်ဖက်ဆွေးနွေးညှိုနိုင်းနေဆဲဖြစ်ကြောင်းဒေသခံ ဦးသန်းစိုး ကပြောသည်။

အောက်တိုဘာလကုန် လောက်က ရွာလည် လမ်းမကြီးကို အယူသည်းဒေသခံတချို့က အလောင်း ဖြတ်သယ်ယူပြီး အသုဘချခွင့်မပေးသည့်အတွက် ရဲအင်အားလုံခြုံရေးတင်းကြပ်စွာ ချထားပြီး အသုဘချရမှုဖြစ်ပွားခဲ့ပြီး ယခုနာရေးသည် ဒုတိယအကြိမ်မြှောက် ဖြစ်သည်။

No comments:

Post a Comment