Latest News

Thursday, November 16, 2017

ဒဿန ကကို ကိုင်​စွဲ ထားနိုင်​သူသာ ပြည်​သူကို လမ်းပြနိုင်​ခဲ့​ကြောင်း ဦးဖြိုးမင်းသိန်း​ပြော

ဒဿန ကကို ကိုင်​စွဲ ထားနိုင်​သူသာ ပြည်​သူကို လမ်းပြနိုင်​ခဲ့​ကြောင်း ဦးဖြိုးမင်းသိန်း​ပြော

နိုဝင်​ဘာ(၁၆)၊ ၂၀၁၇၊ ရန်​ကုန်

ဒဿနကို ကိုင်​စွဲထားနိုင်​သူသာ ပြည်​သူကိုလမ်းပြနိုင်​ခဲ့​ကြောင်း ရန်​ကုန်​တိုင်း​ဒေသကြီး ၀န်​ကြီးချုပ်​ ဦးဖြိုးမင်းသိန်းက ​ပြောကြားလိုက်​သည်​။

ယခုလ (၁၆) ရက်​ကကျင်းပ​သော World Philosophy Day အခမ်းအနား၌ မိန့်​ခွန်း​ပြောကြားရာတွင်​ ၄င်းက အထက်​ပါအတိုင်း​ပြောကြားခဲ့ခြင်းဖြစ်​သည်​။

" ကျွန်​​တော်​စိတ်​အ၀င်​စားဆုံးကို ​ပြောပါဆိုရင်​ Philosophy ပဲဖြစ်​ပါတယ်​။ ဘာ​ကြောင့်​လဲဆို ကျွန်​​တော်​တို့နိုင်​ငံ​ရေးနယ်​ပယ်​မှာ ဖြတ်​သန်းကြရမယ့်​သူတိုင်းဟာ ဘာ​တွေကို ကိုင်​စွဲပြီး ဘယ်​လို​ကျော်​ဖြတ်​ကြမလဲဆိုတာ အဓိကျအကျဆုံး အ​ခြေအ​နေဖြစ်​ပါတယ်​" ဟု ဦးဖြိုးမင်းသိန်းက ​ပြောသည်​။

၎င်းငယ်​စဉ်​ဘ၀ အကျဉ်း​ထောင်​အတွင်း ကာလကြာရှည်​ အကျဉ်းကျခံ​နေခဲ့ရစဉ်​ လက်ဝဲစာေ​ပ၊ လက်ယာ​စာ​ပေ အယူအဆမျိုးစုံ ခိုးဝှက်​ဖတ်​ရှုခဲ့ပြီး မည်​သည့်​လမ်းစဉ်​ကို လိုက်​နာကျင့်​သုံး​နေထိုင်​ရမည်​ကို​လေ့လာခဲ့​ကြောင်း ဦးဖြိုးမင်းသိန်းက ဆိုသည်​။

" Philosophy နဲ့ပတ်​သက်​ရင်​ ​တောက်​​လျောက်​ ကျွန်​​တော်​​လေ့လာခဲ့ပါတယ်​။ ဒါမှသာလျှင်​ ကျွန်​​တော်​တို့နိုင်​ငံကြီးကို ဒီမိုက​ရေစီထူ​ထောင်​မယ်​ဆိုတဲ့ အချိန်​မှာ
ဘယ်​လိုနည်းလမ်းနဲ့ သွားမှာလဲ ဆိုရင်​ ကျွန်​​တော်​တို့
တွေ့​ဆုံ​ဆွေး​နွေး အ​ဖြေရှာတဲ့နည်းလမ်းနဲ့ပဲ ​ဆောင်​ရွက်​မယ်​။ ဒီဥစ္စာဟာ အမြစ်​ဖြတ်​ပြီး တစ်​​ယောက်​နဲ့တစ်​​ယောက်​ အပြုတ်​တိုက်​လို့ မဖြစ်​နိုင်​ပါဘူး" ဟု ဦးဖြိုးမင်းသိန်းက ​ပြောသည်​။

ထို့အတူ ဆရာ​တော်​အရှင်​ဉာဏိသရ​ဟောကြားသည့်​ နည်းလမ်း၊ စည်းကမ်း၊ အဘိဓမ္မာတရားကို ​ထောင်​အတွင်း နာယူမိသည့်​အခါ ဘ၀တွင်​ မည်​သည့်​ နည်းလမ်း၊ စည်းကမ်း၊ အဘိဓမ္မာကို မည်​သို့ကိုင်​စွဲရမည်​ဆိုသည်​ကိုပါ ​လေ့လာခဲ့​ကြောင်း ၀န်​ကြီးချုပ်​က ​ပြောသည်​။

လက်​ရှိတွင်​ ဒီမိုက​ရေစီ အပြည့်​အ၀ မရ​သေးဘဲ ရရှိ​အောင်
ဆက်​လက် ​​ဆောင်​ရွက်​ရမည်​ဖြစ်​​ကြောင်း၊ ယင်းသို့​ဆောင်​ရွက်​ရာတွင်​ ​တွေ့ဆုံ​ဆွေး​နွေး​ရေးနည်းလမ်းဖြင့်​သာ တလှမ်းချင်း ​ရှေ့တိုးသွားရန်​ ပြင်​ဆင်​ထား​ကြောင်း ဦးဖြိုးမင်းသိန်းက ဆက်​လက်​​ပြောဆိုသည်​။

" ကိုယ်​ယုံကြည်​ရာအယူအဆတစ်​ခုနဲ့ ကိုယ့်​ကိုယ်​ကိုယ်​ အတိုင်းအတာမခံရဖို့လည်း လိုပါတယ်​။ ဥပမာ ကျွန်​​တော်​တို့က ဒီမိုက​ရေစီကို ယုံကြည်​တယ်​ဆိုပြီး အာဏာရှင်​လို မကျင့်​သုံးမိဖို့ လိုပါတယ်​။ ဒီမိုက​ရေစီသမားတစ်​​ယောက်​ကို အာဏာရှင်​လို့ အထင်​ခံရပြီ၊ ကိုယ့်​ရဲ့လုပ်​ရပ်​ကို တိုင်းတာခံရပြီဆိုရင်​ ဒါဟာ ပြုပြင်​​ပြောင်းလဲရ​တော့မှာပဲ ဖြစ်​ပါတယ်​" ဟု ရန်​ကုန်​တိုင်း​ဒေသကြီး ၀န်​ကြီးချုပ်​က ​ပြောကြားခဲ့သည်​။

ဓာတ်​ပုံ - ငြမ်း
The Nyang News

No comments:

Post a Comment