Latest News

Thursday, November 16, 2017

သလပ်ခွာတွင်တရားမဝင်သယ်ဆောင်လာသောနွားများကိုပိုင်ရှင်နှင့်တကွဖမ်းမိ

သလပ်ခွာတွင်တရားမဝင်သယ်ဆောင်လာသောနွားများကိုပိုင်ရှင်နှင့်တကွဖမ်းမိ

ပုသိမ် lနိုဝင်ဘာ ၁၆

 ပုသိမ် -ငွေဆောင်ကားလမ်းရှိ သလပ်ခွာနယ်မြေခံရဲစခန်းအပိုင်၌ နိုဝင်ဘာလ၁၅ရက်နေ့ညပိုင်းတွင် ကုန်တင်ကားဖြင့်တရားမဝင်သယ်ဆောင်လာသော နွား၁၄ကောင်နှင့်တကွပိုင်ရှင်များကိုဖမ်းဆီးနိုင်ခဲ့ကြောင်း သလပ်ခွာနယ်မြေခံရဲစခန်းမှသတင်းရရှိသည်။

နွားပိုင်ရှင်ဦးစိုးနိုင်ပါလေးဦးတို့မှ နိုဝင်ဘာလ၁၅ရက်နေ့ညပိုင်းတွင် နွား၁၄ကောင်ကို ကုန်ကားAYY A/272 Hinoအဖြူရောင်ခြောက်ဘီးကားတွင်တင်ဆောင်ကာသက်ဆိုင်ရာအာဏာပိုင်များ၏ခွင့်ပြုချက်မရှိပဲ ကန်ကြီးထောင့်သားသတ်စက်ရုံကိုပို့ဆောင်ရန်အတွက် ပုသိမ်-ငွေဆောင်ကားလမ်းအတိုင်းမောင်းနှံလာခဲ့ရာ တာဝန်သိပြည်သူများ၏သတင်းပေးပို့မှုအရ သလပ်ခွာနယ်မြေခံရဲစခန်းမှူးနှင့်တာဝန်ရှိသူမျာက အဆိုပါကားအားလိုက်လံစစ်ဆေးခဲ့ရာ အထက်ပါအတိုင်း ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

နွား၁၄ကောင်အားတရားမဝင်သယ်ဆောင်လာသော တရားခံစိုးနိုင်ပါလေးဦးတို့ကို သလပ်ခွာနယ်မြေရဲစခန်းမှ (ပ)၉၈/၂၀၁၇ အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုတ်မ၅ဖြင့်အရေးယူဆောင်ရွက်ထားကြောင်း သလပ်ခွာရဲစခန်းမှူး ရဲအုပ်ဝင်းမြင့်ထွန်းကပြောသည်။
ထက်ဝဠာမင်း

No comments:

Post a Comment